-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူေတာ္လူေကာင္းတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားအားထုတ္ျခင္း

လူေတာ္လူေကာင္းတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားအားထုတ္ျခင္း google.com

ျမန္မာ့နည္းျမန္မာ့ဟန္ျဖင့္ ေအာင္ျမင္လိုသူတစ္ဦးအေနျဖင့္ လူေတာ္လူေကာင္းတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားအားထုတ္ရမည္မွာ အထူးတလည္ေျပာဆိုေနရန္ပင္မလိုပါ။

လူေတာ္တစ္ေယာက္ျဖစ္ရန္ အရည္အခ်င္းအရည္အေသြးလိုအပ္ခ်က္မ်ားႏွင့္ လူေကာင္းတစ္ေယာက္ျဖစ္ရန္ အရည္အခ်င္း အရည္အေသြးလိုအပ္ခ်က္မ်ားမွာအလံုး စံုထပ္တူညီေနျခင္းမ်ိဳးမဟုတ္ဘဲ လူေတာ္လူေကာင္း တစ္ေယာက္ျဖစ္လာရန္အဆိုပါ အရည္အခ်င္းအရည္ အေသြးႏွစ္ရပ္စလံုးကို သဟဇာတျဖစ္ ေအာင္၊ သမမွ်တေအာင္ေပါင္းစပ္ အားထုတ္ႀကိဳးစားၾကရမည္ျဖစ္ပါသည္။

ဤေနရာတြင္လူေတာ္လူေကာင္းလား၊ လူေကာင္းလူေတာ္လားစသည့္ သာမညမက်သည့္အေရွ႕အေနာက္ ကိစၥကို အျငင္းပြားမေနဘဲ အဓိကက်သည့္ လူေတာ္လူေကာင္း အရည္အေသြးအရည္အခ်င္းႏွစ္ရပ္စလံုးကို သမမွ်တစြာ ေပါင္းစပ္ႏိုင္ေအာင္ အားထုတ္ ႀကိဳးစားသင့္ပါသည္။ လက္ေတြတြင္ အဆိုပါ အရည္အခ်င္း ႏွစ္ရပ္စလံုး ျပည့္စံုကာ လူေတာ္လူေကာင္းတစ္ ေယာက္ျဖစ္ရန္ခက္ခဲေသာ္လည္း စံရည္မွန္းခ်က္တစ္ခု အေနျဖင့္ရည္မွန္း အားထုတ္ႀကိဳးစားသင့္ပါသည္။

လူေတာ္လူေကာင္းတစ္ေယာက္ ျဖစ္လာေစေရးအတြက္ အဓိကဖန္တီးပံုေဖာ္ေပးတဲ့ အခ်က္ႏွစ္ခ်က္ရွိပါသည္။ အခ်က္ေတြ ကေတာ့ 
(၁) ဗီဇ
(၂) စ႐ိုက္
တို႔ျဖစ္သည္။ ဗီဇဆိုသည္မွာ လူတစ္ေယာက္အတြက္ ေမြးရာပါျဖစ္ၿပီး စ႐ိုက္ဆိုသည္ကေတာ့ သူရွင္သန္ႀကီး ျပင္းေပါက္ဖြားလာရာ ပတ္ဝန္းက်င္ အသိုင္းအဝိုင္းက ပံုေဖာ္ဖန္တီးလိုက္ ျခင္းျဖစ္သည္။ သို႔ျဖစ္၍ လူေကာင္း၊ မေကာင္းကို ဗီဇက ဆံုးျဖတ္ျခင္းျဖစ္ ၿပီး လူေတာ္မေတာ္ဆိုသည္ကို စ႐ိုက္ ကဆံုးျဖတ္ျခင္းျဖစ္ပါသည္။

Read-ကိဳးစားရင္ေအာင္ျမင္မယ္ဆိုတာ သိရက္နဲ႔ ဘာေၾကာင့္မႀကိဳးစားၾကတာလဲ

သို႔ျဖစ္၍ လူေကာင္းလူေတာ္ျဖစ္ခ်င္သူ တစ္ေယာက္အေနျဖင့္ေရွးဦးစြာ မိမိ၏ ဗီဇကိုေကာင္းမြန္ေအာင္ ဆန္း စစ္သံုးသပ္ၿပီး ေမြးရာပါ ဗီဇမေကာင္း  ခဲ့လွ်င္လည္း ဆင္ျခင္တံုတရားျဖင့္ ထိန္းေက်ာင္းျပဳျပင္ရမည္ျဖစ္ပါသည္။ လူသားတစ္ေယာက္ဖြံ႕ၿဖိဳးတိုးတက္ ေအာင္ျမင္ေရးအတြက္ ဆင္ျခင္တံု တရားမွာ အဓိက အခရာက် အေရး ႀကီးဆံုးျဖစ္ၿပီး အဆိုပါ ဆင္ျခင္တံု တရားျဖင့္သာ မေကာင္းေသာ ဗီဇမ်ား အားမေကာင္းေသာ ကာယကံ၊ ဝစီကံ၊ မေနာကံမ်ားမျဖစ္ေအာင္ထိန္း ေက်ာင္းႏိုင္ပါမည္။

လူေကာင္းတစ္ေယာက္ျဖစ္ လာၿပီဆိုပါက လူေတာ္တစ္ေယာက္ ျဖစ္လာေအာင္ လူေတာ္မ်ား၏ စ႐ိုက္ မ်ားကိုေလ့လာအတုယူကာ မိမိ၏ စ႐ိုက္မ်ားျဖစ္လာေအာင္ အားထုတ္ ႀကိဳးစားသင့္ပါသည္။ တစ္ခါတစ္ရံ မိမိ ေပါက္ဖြားရွင္သန္ရာပတ္ဝန္းက်င္တြင္ ေကာင္းမြန္ေသာစ႐ိုက္မ်ား မထြန္း ကားပါကေကာင္းမြန္ေသာ စ႐ိုက္မ်ား ထြန္းကားသည့္ပတ္ဝန္းက်င္မ်ားသို႔ ေျပာင္းေရႊ႕ေနထိုင္ႏိုင္ေအာင္အားထုတ္ ႀကိဳးစားသင့္ပါသည္။ အကယ္၍ ထိုသို႔လတ္တေလာေျပာင္းေရႊ႕မေနထိုင္ႏိုင္ေသးပါကမေကာင္းေသာ စ႐ိုက္မ်ား မိမိထံသို႔ မကူးစက္လာေအာင္ ေရွာင္ရွား ေနထိုင္သင့္ပါသည္။

လင္းသိုက္ညြန္႔(ျမန္မာ့ေျမ)

ျမန္မာ့နည္း၊ ျမန္မာ႔ဟန္ျဖင့္ေအာင္ျမင္ျခင္း(၃၂) မွေကာက္ႏွုတ္ေဖာ္ျပသည္။

(Unicode Version)

မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် အောင်မြင်လိုသူတစ်ဦးအနေဖြင့် လူတော်လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားအားထုတ်ရမည်မှာ အထူးတလည်ပြောဆိုနေရန်ပင်မလိုပါ။

လူတော်တစ်ယောက်ဖြစ်ရန် အရည်အချင်းအရည်အသွေးလိုအပ်ချက်များနှင့် လူကောင်းတစ်ယောက်ဖြစ်ရန် အရည်အချင်း အရည်အသွေးလိုအပ်ချက်များမှာအလုံး စုံထပ်တူညီနေခြင်းမျိုးမဟုတ်ဘဲ လူတော်လူကောင်း တစ်ယောက်ဖြစ်လာရန်အဆိုပါ အရည်အချင်းအရည် အသွေးနှစ်ရပ်စလုံးကို သဟဇာတဖြစ် အောင်၊ သမမျှတအောင်ပေါင်းစပ် အားထုတ်ကြိုးစားကြရမည်ဖြစ်ပါသည်။
ဤနေရာတွင်လူတော်လူကောင်းလား၊ လူကောင်းလူတော်လားစသည့် သာမညမကျသည့်အရှေ့အနောက် ကိစ္စကို အငြင်းပွားမနေဘဲ အဓိကကျသည့် လူတော်လူကောင်း အရည်အသွေးအရည်အချင်းနှစ်ရပ်စလုံးကို သမမျှတစွာ ပေါင်းစပ်နိုင်အောင် အားထုတ် ကြိုးစားသင့်ပါသည်။ လက်တွေတွင် အဆိုပါ အရည်အချင်း နှစ်ရပ်စလုံး ပြည့်စုံကာ လူတော်လူကောင်းတစ် ယောက်ဖြစ်ရန်ခက်ခဲသော်လည်း စံရည်မှန်းချက်တစ်ခု အနေဖြင့်ရည်မှန်း အားထုတ်ကြိုးစားသင့်ပါသည်။

လူတော်လူကောင်းတစ်ယောက် ဖြစ်လာစေရေးအတွက် အဓိကဖန်တီးပုံဖော်ပေးတဲ့ အချက်နှစ်ချက်ရှိပါသည်။ အချက်တွေ ကတော့
(၁) ဗီဇ
(၂) စရိုက်
တို့ဖြစ်သည်။ ဗီဇဆိုသည်မှာ လူတစ်ယောက်အတွက် မွေးရာပါဖြစ်ပြီး စရိုက်ဆိုသည်ကတော့ သူရှင်သန်ကြီး ပြင်းပေါက်ဖွားလာရာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ပုံဖော်ဖန်တီးလိုက် ခြင်းဖြစ်သည်။ သို့ဖြစ်၍ လူကောင်း၊ မကောင်းကို ဗီဇက ဆုံးဖြတ်ခြင်းဖြစ် ပြီး လူတော်မတော်ဆိုသည်ကို စရိုက် ကဆုံးဖြတ်ခြင်းဖြစ်ပါသည်။

သို့ဖြစ်၍ လူကောင်းလူတော်ဖြစ်ချင်သူ တစ်ယောက်အနေဖြင့်ရှေးဦးစွာ မိမိ၏ ဗီဇကိုကောင်းမွန်အောင် ဆန်း စစ်သုံးသပ်ပြီး မွေးရာပါ ဗီဇမကောင်း ခဲ့လျှင်လည်း ဆင်ခြင်တုံတရားဖြင့် ထိန်းကျောင်းပြုပြင်ရမည်ဖြစ်ပါသည်။ လူသားတစ်ယောက်ဖွံ့ဖြိုးတိုးတက် အောင်မြင်ရေးအတွက် ဆင်ခြင်တုံ တရားမှာ အဓိက အခရာကျ အရေး ကြီးဆုံးဖြစ်ပြီး အဆိုပါ ဆင်ခြင်တုံ တရားဖြင့်သာ မကောင်းသော ဗီဇများ အားမကောင်းသော ကာယကံ၊ ဝစီကံ၊ မနောကံများမဖြစ်အောင်ထိန်း ကျောင်းနိုင်ပါမည်။

လူကောင်းတစ်ယောက်ဖြစ် လာပြီဆိုပါက လူတော်တစ်ယောက် ဖြစ်လာအောင် လူတော်များ၏ စရိုက် များကိုလေ့လာအတုယူကာ မိမိ၏ စရိုက်များဖြစ်လာအောင် အားထုတ် ကြိုးစားသင့်ပါသည်။ တစ်ခါတစ်ရံ မိမိ ပေါက်ဖွားရှင်သန်ရာပတ်ဝန်းကျင်တွင် ကောင်းမွန်သောစရိုက်များ မထွန်း ကားပါကကောင်းမွန်သော စရိုက်များ ထွန်းကားသည့်ပတ်ဝန်းကျင်များသို့ ပြောင်းရွှေ့နေထိုင်နိုင်အောင်အားထုတ် ကြိုးစားသင့်ပါသည်။ အကယ်၍ ထိုသို့လတ်တလောပြောင်းရွှေ့မနေထိုင်နိုင်သေးပါကမကောင်းသော စရိုက်များ မိမိထံသို့ မကူးစက်လာအောင် ရှောင်ရှား နေထိုင်သင့်ပါသည်။

လင်းသိုက်ညွန့်(မြန်မာ့မြေ)
မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့်အောင်မြင်ခြင်း(၃၂) မှကောက်နှုတ်ဖော်ပြသည်။

Read times
Rate this item
(2 votes)