-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပွားရေးလုပ်ငန်းတိုင်း Facebook ကိုမဖြစ်မနေသုံးသင့်သည့် အကြောင်းအရင်း ၁ဝချက်

စီးပွားရေးလုပ်ငန်းတိုင်း Facebook ကိုမဖြစ်မနေသုံးသင့်သည့် အကြောင်းအရင်း ၁ဝချက် google

လွန်ခဲ့တဲ့နှစ်အနည်းငယ်က လုပ်ငန်းတစ်ခုအနေနဲ့ ယခုခေတ်လို social media ပေါ်မှာ သူတို့ရဲ့လုပ်ငန်းဒါမှမဟုတ် ကုန်ပစ္စည်းတွေကို ချပြခြင်းနဲ့ ဖောက်သည်တွေနဲ့ အပြန်အလှန်အကျိုးသက်ရောက်မှုတွေ စတာတွေကို မရခဲ့ကြပါဘူး။

ဒါပေမယ့် အခုခေတ်မှာ ဒါတွေက မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခု ဖြစ်လာပါပြီ။ ဘယ်လုပ်ငန်းမဆို သူတို့ရဲ့လုပ်ငန်း နဲ့ သူတို့ရဲ့ အမှတ်အသားကို လူသိလာဖို့ လူမှုကွန်ယက် ( Social Media ) ဟာမရှိမဖြစ်လိုအပ်လာတဲ့ အရာတစ်ခုဖြစ်လာပါပြီ။ လူမှုကွန်ယက် ( Social Media ) ဟာမဖြစ်မနေ စဉ်းစားရတော့မယ့် အရေးကြီးတဲ့အရာတစ်ခုဖြစ်လာပြီး အဲဒီ platforms တွေထဲက facebook ဟာသင်လျှစ်လျူမရှုသင့်ရဲ့ အရာတစ်ခုဆိုလည်း မမှားနိုင်ပါဘူး။

တစ်နေ့ထက်တစ်နေ့ ပြိုင်ဘက်တွေအများကြီး တိုးပွားလာနေပြီး အဲဒီထဲကမှ facebook ဟာ သင့်ရဲ့ဈေးကွက်ကို ဖြန့်ကျက်နိုင်တဲ့ အလားအလာအရှိဆုံးနဲ့ အကောင်းဆုံး platform တစ်ခုဖြစ်ပြီး နောက်နှစ်ပေါင်းများစွာကြာတဲ့အထိ ကျဆင်းသွားဖို့လည်း မရှိနိုင်တာကတော့ သေချာပါတယ်။ အကယ်၍များ သင့်ရဲ့လုပ်ငန်းဟာ facebook ပေါ်မှာမရှိသေးဘူးဆိုရင်တော့ facebook page တစ်ခု ဖွင့်ဖို့ သိပ်အများကြီး မစဉ်းစားသင့်ပါဘူး။ အချို့စီပွားရေးလုပ်ငန်းပိုင်ရှင်တွေဟာ facebook ဟာသူ့ရဲ့လုပ်ငန်းကို အကျိုးအမြတ်ဘာများရနိုင်လို့လည်းဆိုပြီး စဉ်းစားနေကြပါတယ်။ အောက်ပါအချက်အလက်တွေကို ကြည့်ခြင်းဖြင့် လုပ်ငန်းတိုင်းဟာ facebook page တစ်ခုရှိသင့်တယ်ဆိုတာ သင့်ကိုယုံကြည်စေမှာဖြစ်ပြီး သင့်ရဲ့ကုန်ပစ္စည်းဒါမှမဟုတ် သင့်ရဲ့လုပ်ငန်း သင့်ရဲ့အမှတ်အသားကို တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက်ပေးနိုင်တယ်ဆိုတာ ယုံမှားသံသယရှိတော့မှာမဟုတ်တော့ပါဘူး။

ကမ္ဘာတစ်ဝန်းလုံးမှာ facebook လစဉ်အမြဲတမ်းအသုံးပြုနေသူ ၁.၄၉ ဘီလီယံကျော်ရှိပြီး

နေ့စဉ် ဖုန်းဖြင့်အသုံးပြုသူ ၁.၃၁ဘီလီယံကျော်
နေ့စဉ် Likes နှိပ်သူ ၄.၅ဘီလီယံကျော်
နေ့စဉ် Facebook ကို Login ဝင်သူဦးရေ ၉၆၉ မီလီယံကျော်
နေ့စဉ် ပျမ်းမျှ Facebook တွင် မိနစ်၂ဝကျော် အချိန်ကုန်ဆုံးနေကြ
နေ့စဉ် ၃၀၀မီလီယံကျော် ပုံတွေကို Facebook ပေါ်တွင် တင်နေကြ
နေ့စဉ် စမတ်ဖုန်းဖြင့် တစ်နေ့ကို ၁၄ကြိမ် Facebook စစ်ဆေးနေကြ

ဒီအချက်အလက်တွေကို ကြည့်ပြီး Facebook ကိုကျနော်တို့ လျှစ်လျူရှုလို့မရတော့ဘူး မဟုတ်လား? သိပ်ပြီးတော့ အခိုင်အမာမယုံကြည်သေးဘူးဆိုရင်တော့ ဘာလို့ စီးပွားရေးလုပ်ငန်းတိုင်း Facebook ကိုမဖြစ်မနေသုံးသင့်လည်းဆိုတဲ့ အကြောင်းအရင်း ၁ဝချက်ကို ထပ်မံတင်ပြလိုက်ပါတယ်။

1 . Facebook ဟာ အခြား Social media platform တွေနဲ့နှိုင်းယှဉ်ရင် အကြီးမားဆုံးပျံ့နှံ့မှုရှိတယ်

2 . သင့်လုပ်ငန်းရဲ့ မြင်သာမှုနဲ့ ဖောက်ထွက်နိုင်ခြင်းကို မြင့်တက်လာအောင် ပိုမိုထောက်ပံ့ပေးတယ်

3 . သင့်ဖောက်သည်တွေနဲ့ သင့်ရဲ့လုပ်ငန်းကို ချိတ်ဆက်ပေးပြီးတော့ သင့်ရဲ့လုပ်ငန်းဒါမှမဟုတ် သင့်ရဲ့ကုန်ပစ္စည်းကို ကြော်ငြာတာတွေကို facebook ကိုသုံးခြင်းဖြင့် ရရှိနိုင်တယ်

4 . သင့်ရဲ့ website ဆီကို facebook page ကနေတစ်ဆင့် အလွယ်တကူ ရောက်ရှိဖို့ အလားအလာအများကြီးရှိတယ် , အခုလို website traffic တွေအများကြီးရှိနေတဲ့ အချိန်အခါတွေမှာလေ

5 . Facebook page တစ်ခုကို ထိန်းချုပ်ဖို့ဆိုတာ အရမ်းကို အဆင်ပြေလွယ်ကူတယ်

6 . အကယ်၍များ သင်က website တစ်ခုလုပ်ဖို့ မတတ်နိုင်ခဲ့ရင် Facebook က website နေရာမှာအစားထိုးဖို့ အသင့်တော်ဆုံးနဲ့ အကောင်းဆုံးပဲ

7 . Facebook apps တွေက သင့်ရဲ့လုပ်ငန်းကို ကြီးထွားလာအောင်လုပ်ဖို့ နည်းလမ်းတွေ အများကြီးရှိအောင် ထောက်ပံ့ပေးထားပါတယ်။

8 . Facebook မှာ သင့်ရဲ့လုပ်ငန်းကို ကြော်ငြာတဲ့အခါ သင့်လုပ်ငန်းနဲ့ကိုက်ညီတဲ့ ဖောက်သည်တွေကို မှန်ကန်စွာရွေးချယ်ပြီး ကြော်ငြာနိုင်ပါတယ်

9 . မိုဘိုင်းဖုန်းတွေနဲ့ facebook အလွယ်တကူသုံးနေကြတာကလည်း သင့်ရဲ့လုပ်ငန်းကို facebook နဲ့ချိတ်ဆက်သင့်ရဲ့ အကြောင်းအချက်တစ်ခုပါပဲ

10 . Facebook insights ဟာ သင့်လုပ်ငန်းရဲ့ ဆောင်ရွက်ချက်တွေနဲ့ အလုပ်တွေကို ကိုက်ညီအောင်လို့ လွယ်ကူစွာပြုလုပ်နိုင်အောင် ခွင့်ပြုပေးထားပါတယ်

Source: digital box

Read times
Rate this item
(2 votes)