-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ကိုယ်ကိုယ်သင် အနည်းဆုံး တစ်ကြိမ်လောက်မေးသင့်တဲ့ မေးခွန်းများ???

သင့်ကိုယ်ကိုယ်သင် အနည်းဆုံး တစ်ကြိမ်လောက်မေးသင့်တဲ့ မေးခွန်းများ??? google.com

ကျွန်တော် အချိန်ကို မေးတယ်???
သင့်ကို ဘယ်လိုထိန်းထားနိုင်မှာလဲ???
အချိန်ကပြောတယ်…...


သင်လျှောက်ခဲ့တဲ့ ခြေလှမ်းတိုင်း သင်ချစ်ခင်ခဲ့တဲ့ အရာရာတိုင်း သင်ပြုလုပ်ခဲ့တဲ့ ဆောင်တာတိုင်း
ကျွန်တော့၏ အရာများ ထင်ကျန်ခဲ့ပါတယ်။ အချိန်ကို တန်ဖိုးထားခြင်းဟာ အကောင်းဆုံး ထိန်းသိမ်းတဲ့ နည်းလမ်းပါ။

ကျွန်တော် ပိုက်ဆံကို မေးပါတယ်???
သင့်ကိုဘယ်လို အသုံးပြုမှ ဖြုန်းတီးရာ မရောက်မှာလဲ???
ပိုက်ဆံက ပြောတယ်……..
ပျော်ရွှင်တယ်။ ကြည်နူးတယ်။ ကျေနပ်တဲ့ ခံစားမူ တွေ သင်ခံစားမိခဲ့ရင် ကျွန်တော်ဟာ ပုံစံတစ်မျိုးပြောင်းလဲပြီး သင့်ကို ပိုင်ဆိုင်စေခဲ့တာပါပဲ။

ကျွန်တော် ပျော်ရွှင်မူကို မေးပါတယ်???
သင့်ကို ဘ၀တစ်သက်လုံး ဘယ်လို ပိုင်ဆိုင်နိုင်မှာလဲ???
ပျော်ရွှင်မူက ပြောပါတယ်……..
ဆာတဲ့အခါမှာ အစာစားရတယ်။ ငတ်တဲ့ အခါမှာ ရေသောက်ရတယ်။ ငိုက်တဲ့ အခါမှာ အိပ်ယာအိပ်ရတယ်။ မောတဲ့အခါမှာ ပြန်စရာ အိမ်ရှိတယ်။ ဒါဟာ အားလုံးဟာ ပျော်ရွှင်မူတွေပဲ၊

အမှန်တော့ ကျွန်တော်သင့်ကို ဘယ်တုန်းကမှ မခွဲခွာခဲ့ပါဘူး၊ သင်သတိမထားမိတာပဲရှိမယ်။

ကျွန်တော် အချစ်ကိုမေးတယ်???
ဘယ်လိုချစ်တတ်မှ စိတ်မထိခိုက်တတ်တာလဲ???
အချစ်က ပြောပါတယ်…….
တကယ်ချစ်ရင်တော့ ထိခိုက်မူကို ရှောင်လွှဲလို့ မရပါဘူး။ အရေးကြီးတာက ထိခိုက်ပြီးရင်လည်း ဆက်ချစ်နေဖို့ပါ။

Read-ကိုးစားနေပေမယ့်လည်း ကိုယ့်ဘ၀ကို အားမရဘူးဖြစ်နေပြီလား

ကျွန်တော် ဘ၀ကို မေးပါတယ်???
သင့်ကို ဘယ်လိုပုံစံနဲ့ ပဲ့ကိုင်နိုင်မှာလဲ???
ဘ၀က ပြောတယ်…….
သင့်ကို တောက်လျှောက် ပဲ့ကိုင်ထိန်းကြောင်းခဲ့တာ သင်ကိုယ်တိုင်ပါ။ သင်မနေ့က ပေးဆပ်ခဲ့တာတွေ၊ ဒီကနေ့ အသီးအပွင့်ပြောင်းလဲခဲ့ပြီ။ သင်မနေ့က ပျင်းရိ ခဲ့တာတွေ၊ ဒီကနေ့ ဒုက္ခအဖြစ် ကြုံတွေ့ရပြီ။
တကယ်လို့ သင်ဟာ...မျက်စိထဲမှာ ပျော်ရွှင်မူကို မြင်နိုင်မယ်။ လက်ထဲမှာ အလုပ်ရှိနေမယ်။ စိတ်ထဲမှာ မျှော်လင့်ချက် ရှိမယ်။ အိမ်ထဲမှာ နွေးထွေးတဲ့ မိသားစု ရှိမယ်။ ဒီလိုဘ၀မျိုး ပိုင်ဆိုင်ထားရင်တော့ သင်ဘ၀ အနစ်သာရ ရှိပါပြီ။
Credit; Aung Ko Latt

Read times
Rate this item
(3 votes)