-->
×

Warning

JUser: :_load: Unable to load user with ID: 29


Consumer Buying Process အကြောင်းတစ်စေ့တစ်စောင်း

Marketing လောက မှာ တကယ်တန်း မားကတ်ထဲ ပစ္စည်းတစ်ခု ကို စတင် ရောက်ရှိ လာပြီ ဆို ပါတော့ သင့် အနေနဲ့ ဈေးကွက် မှာ အခြား ပစ္စည်းတွေနဲ့ အပြိုင် သင့် Product ကို ထိုးဖောက်မယ်ဆိုရင် Consumer ( စားသုံးသူ ) က သင့် Brand ကို စိတ်မရောက် ခင် စိတ်ပိုင်းဆိုင်ရာ Process တစ်ခု ကို ဆောင် ရွက်တက်ကြ ပါသည်။ ဈေးကွက် မြှင့်တင်ရေး သမား အတွက်က သင့် ပစ္စည်းကို မရွေး ချယ်ခင် မဝယ်ယူခင် စားသုံးသူ တွေ အနေနဲ့ ဘယ်လို စိတ်ပိုင်းဆိုင်ရာ Process လေးတွေကို လုပ်ဆောင်သွား မလဲ ဆိုတာ ဒါက အတော်လေး သိသင့် သိထိုက်တဲ့ ကိစ္စ ပါပဲ။

 

စားသုံးသူများရဲ့ ဝယ်ယူမှု့ ဖြစ်စဉ် အဆင့်ခွဲကာ ဖော်ပြ ပေးထားပါသည် >>>

 

The Six Stages of the Consumer Buying Process and How to Market to Them -  Business 2 Community

 

ဒီ Funnel လေးမှာ ရှိတဲ့ အဆင့် ၁ မှာ Problem Recognition ကို ကြည့်ပါဆို့ ဒီ Stage ဟာ အရမ်းရိုးရှင်းပါတယ် Consumer ( စားသုံးသူ ) က ဈေးဝယ်ထွက် လာမယ် သူ့ အတွေးစိတ်ကူးထဲမှာ ပစ္စည်း တစ်ခု ဝယ်ဖို့ သတိရမယ် ဥပမာ အားဖြင့် သူက ဆပ်ပြာလိုတယ် ဆိုပါစို့ ဆပ်ပြာတုံးကို အိမ်မှာ လိုအပ်နေတယ် ဆပ်ပြာတုံး ဝယ်ကို ဝယ်ရမယ် လို့ အသိဝင်ခြင်းကို ပထမ ဆုံး Stage အဖြစ် သက်မှတ်ပါမယ်။

 

အဆင့် ၂ ကို ပြောရရင် Information Search ဆိုတဲ့ Stage ကို ရောက်လာမယ် ဒီတစ်ခါမှာ တော့ Consumer ( စားသုံးသူ ) က ဆပ်ပြာတုံး လိုက်ရှာ တဲ့ အချိန်ကိုရောက်လာမယ် ဒါပေမဲ့ သူက ဒီအချိန်မှာ ဆပ်ပြာတုံး လိုက်ရှာ ရင်း ဆပ်ပြာ ရည် တွေ့ မယ် အဲ့အခါ ကျရင် သူက ဆပ်ပြာကို ဝယ်ချင်မှ ဝယ်တော့ မယ် စိတ်ပြောင်း ရင် ပြောင်း နိင်တဲ့ Stage ပေါ့ ။

 

အဆင့် ၃ ကို ရောက်လာမယ် Evaluation of Alternatives အဆင့်ကိုရောက်လာမယ် ဒီတစ်ခါမှာ တော့ သူ့အနေနဲ့ သင့် ဆပ်ပြာ ကို ဆပ်ပြာရည် Brand တစ်ခုနဲ့ နှိုင်းယှဉ် ကြည့်မယ် သူ ဘယ်ဟာကို ဝယ်သင့်လဲ စဉ်းစားမယ် Consumer ( စားသုံးသူ ) ရဲ့ စိတ်ထဲမှာတော့ ဒါလေးကလည်း ကောင်းလိုက်တာ ၊ ဒါလေးကလည်းဝယ်နေကျ အစရှိသဖြင့် တွေးနေမယ်ပေါ့နော် ။

 

အဆင့် ၄ မှာ တော့ Purchase Decision အဆင့်ကို ရောက်မယ် … တချို့ Consumer ( စားသုံးသူ ) က ဆုံးဖြတ်ချက် ချ မည့်အချိန်ပေါ့ ။ ဘာကိုဝယ်ရမလဲ နှစ်ခုစလုံးကိုလည်း လိုချင်တယ် နှစ်ခုစလုံး ကို ယူလို့ ကလည်း မဖြစ်နိုင်ဘူး တစ်ခု ပဲ ဝယ်မှ ရမယ်ဆိုပြီး သူ့ စိတ်သူ ပိုင်းဖြတ်တဲ့ အနေအထားပေါ့ ဝယ်တာတော့ ဝယ်ကို ဝယ်တော့မယ် အနေအထားပေါ့။

 

အဆင့် ၅ မှာတော့ Purchase အဆင့်ကို ရောက်မယ် …. လုံးဝဝယ်လိုက်ပြီပေါ့နော် ဥပမာ အားဖြင့်ပြောရရင် Consumer ( စားသုံးသူ ) အနေနဲ့ စိတ်ထဲမှာ “ အာ ရှုပ်ပါတယ် ၊ ဝယ်နေကျပဲ ဝယ်မယ် ၊ ဒါလေးပဲ ယူုလိုက် မယ် ဆိုပြီး စိတ်ဒုန်းဒုန်းချငွေရှင်းမဲ့ အချိန်ပေါ့ ။

 

အဆင့် ၆ မှာတော့ Post Purchase Evaluation အဆင့်ကိုရောက်မယ် ဝယ်ပြီးသွားပြီ လုံးလုံး လျားလျား သို့ ပေမဲ့ ငါဒါကို ဝယ်မိတာ တန်ရဲ့ လား တကယ်ရော ထိရောက်ပါ့မလား ငါ့အတွက် အသုံးတည့်ပါ့မလားလို့ တွေးလာမယ် ဒီအနေအထားက သင့် Brand ကို Consumer ( စားသုံးသူ ) အနေနဲ့ ထားတဲ့ သဘောထား မပြောင်းလဲဖို့ ကြောင့် Brand တစ်ခုရဲ့ အန္တရာယ် အများဆုံး အနေအထားသာဖြစ်ပါသည်။

 

ယခုဆိုရင်တော့ စားသုံးသူများရဲ့ ဝယ်ယူမှု့ ဖြစ်စဉ် ၆ ဆင့် The Consumer Buying Process Funnel လေး ကို အဆင့်ဆင့် ရှင်းပြရေးသားပြီးပါပြီ ဈေးကွက် မြှင့် တင်ရေး သမားများ အသုံးတည့် စေဖို့ မျှော်လင့်ရပါသည်။

Read times
Rate this item
(0 votes)