-->
×

Warning

JUser: :_load: Unable to load user with ID: 29


စားသံုးသူမ်ားရဲ႕ ဝယ္ယူမႈ႕ ျဖစ္စဥ္ ၆ ဆင့္

The Consumer Buying Process Funnel The Consumer Buying Process Funnel

Marketing ေလာက မွာ တကယ္တန္း မားကတ္ထဲ ပစၥည္းတစ္ခု ကို စတင္ ေရာက္ရွ္ိ လာၿပီ ဆို ပါေတာ့ သင့္ အေနနဲ႕ ေစ်းကြက္ မွာ အျခား ပစၥည္းေတြနဲ႕ အၿပိဳင္ သင့္ Product ကို ထိုးေဖာက္မယ္ဆိုရင္ Consumer ( စားသံုးသူ ) က သင့္ Brand ကို စိတ္မေရာက္ ခင္ စိတ္ပိုင္းဆိုင္ရာ Process တစ္ခု ကို ေဆာင္ ရြက္တက္ၾက ပါတယ္။

 

ေစ်းကြက္ ႁမွင့္တင္ေရး သမား အတြက္က သင့္ ပစၥည္းကို မေရြး ခ်ယ္ခင္ မဝယ္ယူခင္ စားသံုးသူ ေတြ အေနနဲ႕ ဘယ္လို စိတ္ပိုင္းဆိုင္ရာ Process ေလးေတြကို လုပ္ေဆာင္သြား မလဲ ဆိုတာ ဒါက အေတာ္ေလး သိသင့္ သိထိုက္တဲ့ ကိစၥ ပါပဲ။

 

စားသံုးသူမ်ားရဲ႕ ဝယ္ယူမႈ႕ ျဖစ္စဥ္ ၆ ဆင့္ ကို Funnel ေလးနဲ႕ ျပ ေပးထားပါတယ္ >>>

 

ဒီ Funnel ေလးမွာ ရွိ္တဲ့ အဆင့္ ၁ မွာ Problem Recognition ကို ၾကည့္ပါဆို႕ ဒီ Stage ဟာ အရမ္း႐ိုးရွင္းပါတယ္ Consumer ( စားသံုးသူ ) က ေစ်းဝယ္ထြက္ လာမယ္ သူ႕ အေတြးစိတ္ကူးထဲမွာ ပစၥည္း တစ္ခု ဝယ္ဖို႕ သတိရမယ္ ဥပမာ အားျဖင့္ သူက ဆပ္ျပာလိုတယ္ ဆိုပါစို႕ ဆပ္ျပာတုံးကို အိမ္မွာ လိုအပ္ေနတယ္ ဆပ္ျပာတံုး ဝယ္ကို ဝယ္ရမယ္ လို႕ အသိဝင္ျခင္းကို ပထမ ဆုံး Stage အျဖစ္ သက္မွတ္ပါမယ္။

 

အဆင့္ ၂ ကို ေျပာရရင္ Information Search ဆိုတဲ့ Stage ကို ေရာက္လာမယ္ ဒီတစ္ခါမွာ ေတာ့ Consumer ( စားသံုးသူ ) က ဆပ္ျပာတုံး လိုက္ရွာ တဲ့ အခ်ိန္ကိုေရာက္လာမယ္ ဒါေပမဲ့ သူက ဒီအခ်ိန္မွာ ဆပ္ျပာတုံး လိုက္ရွာ ရင္း ဆပ္ျပာ ရည္ ေတြ႕ မယ္ အဲ့အခါ က်ရင္ သူက ဆပ္ျပာကို ဝယ္ခ်င္မွ ဝယ္ေတာ့ မယ္ စိတ္ေျပာင္း ရင္ ေျပာင္း နိ္င္တဲ့ Stage ေပါ့ ။

 

အဆင့္ ၃ ကို ေရာက္လာမယ္ Evaluation of Alternatives အဆင့္ကိုေရာက္လာမယ္ ဒီတစ္ခါမွာ ေတာ့ သူ႕အေနနဲ႕ သင့္ ဆပ္ျပာ ကို ဆပ္ျပာရည္ Brand တစ္ခုနဲ႕ ႏႈိင္းယွဥ္ ၾကည့္ မယ္သူ ဘယ္ဟာကို ဝယ္သင့္လဲ စဥ္းစားမယ္ Consumer ( စားသံုးသူ ) ရဲ႕ စိတ္ထဲမွာေတာ့ ဒါေလးကလည္း ေကာင္းလိုက္တာ ၊ ဒါေလးကလည္းဝယ္ေနက် အစရွိသျဖင့္ ေတြးေနမယ္ေပါ့ေနာ္ ။

 

အဆင့္ ၄ မွာ ေတာ့ Purchase Decision အဆင့္ကို ေရာက္မယ္ … တခ်ိဳ႕ Consumer ( စားသံုးသူ ) က ဆုံးျဖတ္ခ်က္ ခ် မည့္အခ်ိန္ေပါ့ ။ ဘာကို၀ယ္ရမလဲ ႏွစ္ခုစလံုးကိုလည္း လိုခ်င္တယ္ ႏွစ္ခုစလုံး ကို ယူလို႕ ကလည္း မျဖစ္ႏိုင္ဘူး တစ္ခု ပဲ ဝယ္မွ ရမယ္ဆိုၿပီး သူ႕ စိတ္သူ ပိုင္းျဖတ္တဲ့ အေနအထားေပါ့ ဝယ္တာေတာ့ ဝယ္ကို ဝယ္ေတာ့မယ္ အေနအထားေပါ့။

 

အဆင့္ ၅ မွာေတာ့ Purchase အဆင့္ကို ေရာက္မယ္ …. လုံးဝဝယ္လိုက္ၿပီေပါ့ေနာ္ ဥပမာ အားျဖင့္ေျပာရရင္ Consumer ( စားသံုးသူ ) အေနနဲ႕ စိတ္ထဲမွာ “ အာ ရႈပ္ပါတယ္ ၊ ဝယ္ေနက်ပဲ ဝယ္မယ္ ၊ ဒါေလးပဲ ယူုလိုက္ မယ္ ဆိုၿပီး စိတ္ဒုန္းဒုန္းခ်ေငြရွင္းမဲ့ အခ်ိန္ေပါ့ ။

 

အဆင့္ ၆ မွာေတာ့ Post Purchase Evaluation အဆင့္ကိုေရာက္မယ္ ဝယ္ၿပီးသြားၿပီ လုံးလုံး လ်ားလ်ား သို႕ ေပမဲ႕ ငါဒါကို ဝယ္မိတာ တန္ရဲ႕ လား တကယ္ေရာ ထိေရာက္ပါ့မလား ငါ့အတြက္ အသံုးတည့္ပါ့မလားလို႕ ေတြးလာမယ္ ဒီအေနအထားက သင့္ Brand ကို Consumer ( စားသံုးသူ ) အေနနဲ႕ ထားတဲ့ သေဘာထား မေျပာင္းလဲဖို႕ ေၾကာင့္ Brand တစ္ခုရဲ႕ အႏၲရာယ္ အမ်ားဆုံး အေနအထားသာျဖစ္တယ္။

 

ယခုဆိုရင္ေတာ့ စားသံုးသူမ်ားရဲ႕ ဝယ္ယူမႈ႕ ျဖစ္စဥ္ ၆ ဆင့္ The Consumer Buying Process Funnel ေလး ကို အဆင့္ဆင့္ ရွင္းျပေရးသားၿပီးပါၿပီ ေစ်းကြက္ ႁမွင့္ တင္ေရး သမားမ်ား အသံုးတည့္ ေစဖို႕ ေမွ်ာ္လင့္ရပါတယ္။

 

Advertising Agencies & Specialists (ေၾကာ္ျငာေအဂ်င္စီမ်ားႏွင့္ကၽြမ္းက်င္သူမ်ား (၄၃၈)ခုကိုရွာရန္ႏွိပ္ပါ)

 

 

<<< Unicode >>>

 

 

စားသုံးသူများရဲ့ ဝယ်ယူမှု့ ဖြစ်စဉ် ၆ ဆင့်

 

Marketing လောက မှာ တကယ်တန်း မားကတ်ထဲ ပစ္စည်းတစ်ခု ကို စတင် ရောက်ရှိ လာပြီ ဆို ပါတော့ သင့် အနေနဲ့ ဈေးကွက် မှာ အခြား ပစ္စည်းတွေနဲ့ အပြိုင် သင့် Product ကို ထိုးဖောက်မယ်ဆိုရင် Consumer ( စားသုံးသူ ) က သင့် Brand ကို စိတ်မရောက် ခင် စိတ်ပိုင်းဆိုင်ရာ Process တစ်ခု ကို ဆောင် ရွက်တက်ကြ ပါတယ်။

 

ဈေးကွက် မြှင့်တင်ရေး သမား အတွက်က သင့် ပစ္စည်းကို မရွေး ချယ်ခင် မဝယ်ယူခင် စားသုံးသူ တွေ အနေနဲ့ ဘယ်လို စိတ်ပိုင်းဆိုင်ရာ Process လေးတွေကို လုပ်ဆောင်သွား မလဲ ဆိုတာ ဒါက အတော်လေး သိသင့် သိထိုက်တဲ့ ကိစ္စ ပါပဲ။

 

စားသုံးသူများရဲ့ ဝယ်ယူမှု့ ဖြစ်စဉ် ၆ ဆင့် ကို Funnel လေးနဲ့ ပြ ပေးထားပါတယ် >>>

 

 

ဒီ Funnel လေးမှာ ရှိတဲ့ အဆင့် ၁ မှာ Problem Recognition ကို ကြည့်ပါဆို့ ဒီ Stage ဟာ အရမ်းရိုးရှင်းပါတယ် Consumer ( စားသုံးသူ ) က ဈေးဝယ်ထွက် လာမယ် သူ့ အတွေးစိတ်ကူးထဲမှာ ပစ္စည်း တစ်ခု ဝယ်ဖို့ သတိရမယ် ဥပမာ အားဖြင့် သူက ဆပ်ပြာလိုတယ် ဆိုပါစို့ ဆပ်ပြာတုံးကို အိမ်မှာ လိုအပ်နေတယ် ဆပ်ပြာတုံး ဝယ်ကို ဝယ်ရမယ် လို့ အသိဝင်ခြင်းကို ပထမ ဆုံး Stage အဖြစ် သက်မှတ်ပါမယ်။

 

အဆင့် ၂ ကို ပြောရရင် Information Search ဆိုတဲ့ Stage ကို ရောက်လာမယ် ဒီတစ်ခါမှာ တော့ Consumer ( စားသုံးသူ ) က ဆပ်ပြာတုံး လိုက်ရှာ တဲ့ အချိန်ကိုရောက်လာမယ် ဒါပေမဲ့ သူက ဒီအချိန်မှာ ဆပ်ပြာတုံး လိုက်ရှာ ရင်း ဆပ်ပြာ ရည် တွေ့ မယ် အဲ့အခါ ကျရင် သူက ဆပ်ပြာကို ဝယ်ချင်မှ ဝယ်တော့ မယ် စိတ်ပြောင်း ရင် ပြောင်း နိင်တဲ့ Stage ပေါ့ ။

 

အဆင့် ၃ ကို ရောက်လာမယ် Evaluation of Alternatives အဆင့်ကိုရောက်လာမယ် ဒီတစ်ခါမှာ တော့ သူ့အနေနဲ့ သင့် ဆပ်ပြာ ကို ဆပ်ပြာရည် Brand တစ်ခုနဲ့ နှိုင်းယှဉ် ကြည့် မယ်သူ ဘယ်ဟာကို ဝယ်သင့်လဲ စဉ်းစားမယ် Consumer ( စားသုံးသူ ) ရဲ့ စိတ်ထဲမှာတော့ ဒါလေးကလည်း ကောင်းလိုက်တာ ၊ ဒါလေးကလည်းဝယ်နေကျ အစရှိသဖြင့် တွေးနေမယ်ပေါ့နော် ။

 

အဆင့် ၄ မှာ တော့ Purchase Decision အဆင့်ကို ရောက်မယ် … တချို့ Consumer ( စားသုံးသူ ) က ဆုံးဖြတ်ချက် ချ မည့်အချိန်ပေါ့ ။ ဘာကိုဝယ်ရမလဲ နှစ်ခုစလုံးကိုလည်း လိုချင်တယ် နှစ်ခုစလုံး ကို ယူလို့ ကလည်း မဖြစ်နိုင်ဘူး တစ်ခု ပဲ ဝယ်မှ ရမယ်ဆိုပြီး သူ့ စိတ်သူ ပိုင်းဖြတ်တဲ့ အနေအထားပေါ့ ဝယ်တာတော့ ဝယ်ကို ဝယ်တော့မယ် အနေအထားပေါ့။

 

အဆင့် ၅ မှာတော့ Purchase အဆင့်ကို ရောက်မယ် …. လုံးဝဝယ်လိုက်ပြီပေါ့နော် ဥပမာ အားဖြင့်ပြောရရင် Consumer ( စားသုံးသူ ) အနေနဲ့ စိတ်ထဲမှာ “ အာ ရှုပ်ပါတယ် ၊ ဝယ်နေကျပဲ ဝယ်မယ် ၊ ဒါလေးပဲ ယူုလိုက် မယ် ဆိုပြီး စိတ်ဒုန်းဒုန်းချငွေရှင်းမဲ့ အချိန်ပေါ့ ။

 

အဆင့် ၆ မှာတော့ Post Purchase Evaluation အဆင့်ကိုရောက်မယ် ဝယ်ပြီးသွားပြီ လုံးလုံး လျားလျား သို့ ပေမဲ့ ငါဒါကို ဝယ်မိတာ တန်ရဲ့ လား တကယ်ရော ထိရောက်ပါ့မလား ငါ့အတွက် အသုံးတည့်ပါ့မလားလို့ တွေးလာမယ် ဒီအနေအထားက သင့် Brand ကို Consumer ( စားသုံးသူ ) အနေနဲ့ ထားတဲ့ သဘောထား မပြောင်းလဲဖို့ ကြောင့် Brand တစ်ခုရဲ့ အန္တရာယ် အများဆုံး အနေအထားသာဖြစ်တယ်။

 

ယခုဆိုရင်တော့ စားသုံးသူများရဲ့ ဝယ်ယူမှု့ ဖြစ်စဉ် ၆ ဆင့် The Consumer Buying Process Funnel လေး ကို အဆင့်ဆင့် ရှင်းပြရေးသားပြီးပါပြီ ဈေးကွက် မြှင့် တင်ရေး သမားများ အသုံးတည့် စေဖို့ မျှော်လင့်ရပါတယ်။

 

Myanmar Advertising Directory 

 

Read times
Rate this item
(0 votes)