-->
×

Warning

JUser: :_load: Unable to load user with ID: 29



Seventeen Seventeen


 


 


 


 


 

Above the line advertising ( ATL Advertising )

 


 


 


 


 


 


 

<<< Unicode >>>

 

သင့်ရဲ့ ရည်းစားဟောင်း ရဲ့ ဓာတ်ပုံတစ်ပုံပေးရုံ့ဖြင့် ဘာကာတစ်လုံးရရှိမည့် အခွင့်အရေး

 

တစ်သက်လုံးသုံးစားလို့မရခဲ့ တဲ့ သင့် ex တွေက ဒီတစ်ခါမှာတော့ သင့်ကို အကျိုးပေးတော့ မှာပါ။

 

ဖေဖော်ဝါရီလ ၁၄ ရက် ချစ်သူများနေ့ လာတော့မှာမို့ သင့် အနေနဲ့ သင့် ရည်းစားအကြောင်းကို တွေးမိပြီး ပုံအဟောင်း တွေ ပြန် ကြည့် မိတော့ မှာပဲ ။

 

ဒီတစ်ခါမှတော့ Burger King က လုပ်ပေးတဲ့ အစီအစဉ်တစ်ခုဟာ သင့် အသုံးမကျ ၊ အကျိုးမပြု ခဲ့ တဲ့ ရည်းစားဟောင်း ဓာတ်ပုံပေးရုံနှင့် နူးညံ အိစက်တဲ့ အမဲသားတုံးကြီးနဲ့ ဘာကာကို သင့် ကို လဲ လှယ်ပေးတော့ မှာပါ။

 

ဒါဟာ ဟမ်ဘာကာ ကြိုက်သူတွေအတွက်သတင်းကောင်းပါ ဟမ်ဘာကာရဲ့ စစပေါ်ပေါက်တဲ့ နိုင်ငံ က ဂျာမဏီနိုင်ငံ ဟမ်းဘတ် မြို့ ဖြစ်ပြီး ထိုမြို့နာမည်ကို အစွဲပြု ခြင်းမှ တစ်ဆင့် ဟမ်ဘာကာဆိုပြီး အမည်တွင်လာတာပါ။

 

ဒီနှစ် ချစ်သူများနေ့ မှာ ၎င်းတို့ သတ်မှတ်ထား Burger King ဆိုင်တွေဖြစ် တဲ့ နယူးယောဇ့် မြို့ ရဲ့ Burger King ဆိုင် ၊ လော့အိမ်ဂလိစ် မြို့ Burger King ဆိုင် ၊ ဆန်ဖရန်စ္စကို မှ Burger King ဆိုင်တို့တွင် ထိုကဲ့သို့ လဲလှယ်ပေးမှာပါ။

 

ဓာတ်ပုံ မရှိတော့ ဘူးဆိုရင်တောင် ရည်းစား စာ အဟောင်း ၊ သူ့ အနွေးထည်အဟောင်းလေး ပြပေးရုံ နဲ့ Whopper ဘာကာတ်လုံး အလကား စားရမှာပါနော်။

 


ရန်ကုန်မြို့ရဲ့ Billboard ကြော်ငြာ ဈေးကွက်အကြောင်း

 

Burger King နှင့် မကြာခင်ထွက်ရှိမဲ့ DC မှ ဇာတ်ကား Birds Of Prey ရဲ့ ပူးပေါင်း ဈေးကွက်ချဲ့ ထွင်ခြင်းဖြစ်ပြီးဒါဟာ Below the line advertising ရဲ့ နည်းဗျူဟာတွေပါပဲ။

 

ထို Birds Of Prey ဇာတ်ကားထဲတွင် မင်းသမီး Margot Robbie က Joker ရဲ့ ချစ်သူ ဗိလိန် ဇာတ်ကောင် Harley Quinn အဖြစ်သရုပ်ဆောင်ထားတယ်သိရပါတယ်။

 

အင်း ..... ဒါ့ထက် ex ရှိခဲ့ တာ ဒီနေရာ မှာတော့ အသုံးဝင်သားပဲလို့ မတွေးပါနဲ့ အုံး ........

 

မြန်မာ နိုင်ငံ မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ Burger King ဆိုင်ရှိပေမဲ့ ၎င်းတို့ အနေနဲ့ ထို ကဲ့ သို့ Promotion တွေမရှိပါဘူးလို့ သိရပါတယ်။

 

ဒါကြောင့် ရန်ကုန်မှာနေတဲ့ လူတွေ ex ရှိတာ အကျိုးမပေးပါဘူးနော်။

 

Myanmar Advertising Directory 

 

Read times
Rate this item
(0 votes)