-->
×

Warning

JUser: :_load: Unable to load user with ID: 29

Burger King ဟာ အခုဆိုရင် သူရဲ့ Official Facebook Page မှာက အစ Play Station ရဲ့ ဂိမ်းလက်ခလုတ် သင်္ကေတများဖြစ်တဲ့ တြိဂံ ၊ အဝိုင်း ၊ လေးထောင့် ၊ ကြက်ခြေခက် ပုံများကို ကာဗာပုံအဖြစ်ထည့်သွင်းဖော်ပြထားပါတယ်။

Published in Marketing

အမေရိကန်ရဲ့ Burger King ဟာ ဒီတစ်နှစ်ဟောလိုးဝင်းမှာသူ့ရဲ့ အမေရိကန်မှ စားသုံးသူတွေကို ''scary places" ဆိုကာ ယခင် စွန့်ပစ်ထားတဲ့ လျင်မြန်အစားအစာ အရောင်းဆိုင်နေရာမှာလာဝယ်တဲ့ သူတိုင်းကို အမဲသား ဘာဂါတစ်လုံးလက်ဆောင်ပေးနေတယ်သိရပါတယ်။

Published in Global

Burger King ရဲ့ စျေးကွက် မြှင့်တင်ရေး ကောလဟာလ တွေက တကယ်အမှန်ဖြစ်လာခဲ့ပါပြီ။သည်အခါမှာတော့ Burger King က အများနဲ့ မတူ Sony နဲ့ ပူးပေါင်းပြီး Play Station 5 ကို၎င်းရဲ့ စားသုံးသူများအား ပရိုမိုးရှင်းအနေနဲ့ပေးမယ်သိရပါတယ်။

Published in Global

၂၀၂၀ ခုနစ်က လူသားတွေအတွက် အရမ်းတော့ ပျော်စရာမကောင်းခဲ့ပါဘူး။ Coronaviruရဲ့ စိုးမိုးမှုကြောင့် အခက်ခဲများစွာနဲ့ ရင်ဆိုင်ခဲ့ကြပြီး ကမ္ဘာကြီးနေမကောင်းဖြစ်ခဲ့ရပါတယ်။

Published in Global

COVID-19 ကြောင့် ပိတ်ပင်ထားတဲ့ စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ရလို့ ဖွင်လှစ်ရောင်းချကြတဲ့အခါ burger king က စိတ်ညစ်နေကြတဲ့ စားသုံးသူတွေ စိတ်ရွှင်လန်းစေဖို့ မြင်သူတိုင်း ပြုံးချင်စရာ သရဖူ ဦီးထုပ်ကြီးတွေကို ပွဲထုတ်ခဲ့တယ်။


ဆိုင်မှာ လာဝယ်တဲ့သူတွေ ဦးထုပ် ဆောင်းထားတဲ့အခါ တစ်ဦးနဲ့ တစ်ဦး နီးနီးကပ်ကပ် မနေဖြစ်တော့တဲ့အပြင် social distance ခပ်ခွာခွာနေဖို့ ကိုလည်း သတိပေးပြီးသား ဖြစ်သွားပါတယ်။

 

တစ်ချက်ခုတ် နှစ်ချက်ပြတ်တဲ့ အစီအစဉ် ဖြစ်ပေနဲ့ တကယ့်လက်တွေ့မှာတော့ တစ်ချက် ခုတ် သုံးချက်ပြတ် သွားခဲ့ပါတယ်။ တစ်နည်းပြောရရင် ခဲတစ်လုံးနဲ့ ငှက် သုံးကောင်ကို ထိသွားခဲ့တယ်။

 

ဘာလို့လဲဆိုတော့ ဦီးထုပ်ကြီးတွေ ဆောင်းထားရင်း ပြုံးရွှင်ရယ်မောနေတဲ့ ပုံတွေကို ဆိုရှယ် မီဒီယာတွေမှာ တင်ကြလို့ ချက်ချင်း ပျံ့နှံ့ သွားပြီး ကြော်ငြာပြီးသား ဖြစ်သွားခဲ့ပါတယ်။ သတင်း ဖြစ်သွားပြီး မီဒီယာတွေမှာ ရေးသားဖော်ပြကြတာလည်း အမြတ်ထွက် ပါတယ်။

 

Burger king က ဒီလောက်နဲ့ မပြီးသေးဘူး။ ရောင်းနေကျ ဘာဂါအမျိုးအစားတွေထဲမှာ social distancing whopper ဆိုပြီး ဘာဂါတစ်မျိုး ထပ်တိုးတယ်။ ဘာထူးခြားသလဲဆိုတော့ ကြက်သွန်နီကို အရင်ကထက် ၃ ဆ ပိုထည့်ပေးထားပြီး ဘာဂါရဲ့ အပေါ်ခြမ်းနဲ့ အောက်ခြမ်းကို ခပ်ခွာခွာ ဖြစ်နေအောင် လုပ်ပေးထားတာ ဖြစ်ပါတယ်။

 

ဖြစ်ပေါ်နေတဲ့ အခြေအနေ အကြောင်းအရာတွေကို အကျိုးရှိရှိ ထိထိမိမိဖြင့် အဓိပ္ပာယ်ရှိရှိ လုပ်ပြသွားတဲ့ marketing campaign လို့ သုံးသပ်ကြပါတယ်။

 

<<< Zawgyi >>>

 

တစ်ချက်ခုတ် သုံးချက်ပြတ် Burger king သရဖူဦးထုပ်ကြီး

-----------------------------------------------------------------------



 


 


 


 


 


 

Ref : Designboom

Published in Global

လက်တွေ့ကျကျ ပြောမယ်ဆိုရင် ကိုရိုနာရောဂါဖြစ်ပွားခြင်းဟာ ကမ္ဘာ့ကြော်ငြာ ရေးရာနယ်ပယ်ကို အဓိကခြောက်လန့်လျက်ရှိပြီး အထူးသဖြင့် နေအိမ်ပြင်ပ ကြော်ငြာ ခြင်းကို များစွာ ထိခိုက်စေပါတယ်။

Published in Marketing

Burger King ရဲ့ CEO ဖြစ်သူ Alasdair Murdoch မှ BBC's Today programme မှာပြောကြားခဲ့တဲ့ ပြောကြားချက် အရ ၎င်းတို့ အနေဖြင့် အရောင်းလုံးဝ မရှိသလောက် နီးနီး ရှိတာမို့ ဆိုင်ခန်း ဌားခတွေကို ရှေ့လ သို့ မဟုတ် ရှေ့လ အလယ်ပိုင်းမှာမှ ပေးနိုင်မယ်သိရပါတယ်။

Published in Global

အခုအချိန်မှာ ကိုရိုနာ ရောဂါကြီး ဖြစ်ပြီး စီးပွားရေး တွေ ခေတ္တ ရပ်စဲ တဲ့ အခါမှာ တချို့လုပ်ငန်းစုတွေရဲ့ လစ်ဟာ မှု့ဟာ အချို့လုပ်ငန်းစုတွေအတွက် အကျိုးအမြတ်ကို ဖြစ်ထွန်းစေပါတယ်။

Published in Digital Marketing

ဒီတစ်ခါမှာတော့ Burger King ဟာ ၎င်းတို့ ရဲ့ အရေးပါတဲ့ စာပိုဒ်ဖြစ်တဲ့ Stay Home of the Whopper ဆိုတဲ့ စကားလုံးကို အသက်သွင်းလိုက်ပါပြီ။

Published in Global




 

 

ကိုရိုနာ ဗိုင်းရစ်ဖြစ်ပွား စဉ် Facebook မှ ကြော်ငြာ ရောင်းအားပိုမိုတက်လာ

 



 

Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)

 

 

<<<Unicode>>>

 

 

Burger King Franceကြော်ငြာတဲ့ Whopper recipe

မိမိကိုယ်ကို self distancing ၊isolation နှင့်quarantineများ ပြုလုပ်ကြသောအခါ အကြိုက်ဆုံးအစားအစာတွေကို ထွက်စားခြင်းက ဝေးလံသောအိပ်မက်တစ်ခုနှင့်တူသယောင် ရှိလာပါတယ်။သို့သော်လည်း Burger King Franceသည် လူအများ နားလည်ပြီး လွယ်ကူသော ရုပ်ပြလမ်းညွှန်များဖြင့် အိမ်တွင် Whopper ပြုလုပ်ရန်လျှို့ဝှက်နည်းကို ချပြလိုက်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ပြည်နယ်များမှ ပြင်သစ်လက်ရုံးက ပေးပို့လိုက်သော တွစ်တာမှ Le Whopper de la quarantaine ပိုစတာတစ်ခုတွင် ၎င်းရုပ်ပြလမ်းညွှန်ကို ဘယ်လို တစ်ခုထဲဖြစ်အောင် အတူထားရမယ် ကို ပုံဖော်ထားခြင်းဖြစ်ပါတယ်။

ဒီလမ်းညွှန်မှာ ကြက်သွန်နီ၊ ခရမ်းချဉ်သီးအချဉ်၊ ketchup၊ အမဲသား၊ mayonnaise၊ ဆလတ်၊ ခရမ်းချဉ်သီးနှင့်အခြား ကြက်သွန်ဖြူတို့ ပါဝင်ပြီး Whopper ပြုလုပ်ရန် လိုအပ်သောအရာများ စာရင်း ဖြစ်ပါတယ်။အဲဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာလမ်းညွှန်ချက်တော့ မပေးထားပါဘူး။

 

 

ဗိုင်းရပ်စ်စိုးမိုးမှုကြောင့် ကြော်ငြာလုပ်ငန်းအပေါ် ထိရောက်မှုတွေရှိခြင်းက Nineရဲ့ မဂ္ဂဇင်းတွေကို ရပ်တန့်စေခဲ့

 

Burger King Franceနှင့် အတူတကွပူးပေါင်းခဲ့သော အေဂျင်စီ Buzzman သည် campaignကို အချိန်ကြာမြင့်စွာ အချိန်ယူပြီး ဖောက်သည်တွေရဲ့ မီးဖိုချောင်မှာ အကြိုက်ဆုံး Burger King အစားအစာများဖြစ်သော fish sandwiches ၊steakhouse burgers နှင့် Big King burgerတွေကို ပြန်လည်ဖန်တီးရန် လှုံ့ဆော်ဖို့ အတွက် စားသောက်သူများအား ကြေငြာခဲ့ပါတယ်။

၎င်းအရာတွေကို တုန့်ပြန်မှုအနေဖြင့် Burger King မှ ကုန်သည်ချုပ် Fernando Machadoက“ ပရိသတ်များနှင့်စေ့စပ်ညှိနှိုင်းပြီး စိတ်ဓာတ်မြှင့်တင်ရန်” ဟူသော ပိုစတာစာရွက်ကို တွစ်တာတွင် တင်ခဲ့ပါတယ်။

 

Reference Source:The Drum

Myanmar Advertising Directory

Published in Global
Page 1 of 2