-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဆိုင်ခန်းဌားခများ ပေးရန် ရပ်ဆိုင်းထားတဲ့ Burger King

Burger King ရဲ့ CEO ဖြစ်သူ Alasdair Murdoch မှ BBC's Today programme မှာပြောကြားခဲ့တဲ့ ပြောကြားချက် အရ ၎င်းတို့ အနေဖြင့် အရောင်းလုံးဝ မရှိသလောက် နီးနီး ရှိတာမို့ ဆိုင်ခန်း ဌားခတွေကို ရှေ့လ သို့ မဟုတ် ရှေ့လ အလယ်ပိုင်းမှာမှ ပေးနိုင်မယ်သိရပါတယ်။

 

အခုလို ကိုရိုနာ ရောဂါဖြစ်ပွား ချိန်မှာ စီးပွားရေး လုပ်ငန်းတိုင်းက Profit ကို ရဖို့ မဆိုထား နှင့် အတော်လေး ခက်ခက်ခဲခဲ ရပ်တည်နေရတာပါ။ဒါ့ထက် ဆိုးရွားတာက ၎င်းတို့ ခန့်ထားတဲ့ ဝန်ထမ်းတွေ ရဲ့ လစာ တွေပါ။ ဝန်ထမ်းတွေကို အလုပ်မဆင်းခိုင်း ၊ အလှည့်ကျ လုပ်ခိုင်း ပုံစံတော့ ပြောင်းလဲ မှု့ ရှိပေမည့် လစာတွေက နဂို အတိုင်းပေးနေရစဲပါ။

 

ထို့အပြင် ကုန်ကြမ်းတွေကို ဝယ်ယူ သိုလှောင်ထားရတာမို့ ဝယ်ယူ သူမရှိတဲ့ အခါမှာ အလေအလွှင့်လည်း များသလို အခုချိန်မှာ စီးပွားရေးသမားတွေအနေနဲ့ အတော်လေး အကျပ်တွေ့ နေတဲ့ အချိန်ပါ။ဒီထက် ဆိုင် ကို Take away ဖြစ်သွားပေမည့် မိမိ ဝန်ထမ်းတစ်ယောက်ယောက် များ ရောဂါပိုးကူးစက်သွားရင်ဆိုကာ စိတ်ပူပန်နေရတာလည်း အတော်ဆိုးရွားပါတယ်။

 

အခုလိုဖြစ်စဉ်တွေကို ပုံမှန်အတိုင်း အခြေအနေပြန်ဖြစ်လာဖို့ကို နောက်နှစ် ၂၀၂၁ ရဲ့ နှစ်လယ်လောက်မှ ပုံမှန်ပြန်လည်ပတ်ပါတော့မယ် အဘယ်ကြောင့် ဆိုသော် ကိုရိုနာဗိုင်းရစ် ကို တိုက်ခိုက်နိုင်တဲ့ ဆေး ထုတ်ဖော်ဖို့ ၁၈ လ အထိကြာ နိုင်တာမို့ပါတဲ့။

 

Burger King ဟာ အင်္ဂလန်နိုင်ငံမှာဆိုရင် စားသောက်ဆိုင် ဆိုင်ခွဲပေါင်း ၅၀၀ ကျော် ဖွင့်ထားတဲ့ Fastfood ဆိုင်ကြီးတစ်ခုပါ ပြီးခဲ့တဲ့ မတ်လ ကတည်းက ဆိုင်ခန်းဌားခ ပေးဖို့ အတေ်ာလေးရုန်းကန်ခဲ့ရတယ်သိရပါတယ်။

 

Alasdair Murdoch ပြောပြချက် ကတော့ '' အခုအချိန်မှာ အတော်လေး အခက်တွေ့နေတဲ့ အချိန်ပါ ၊ အရောင်းမရှိရင် ဝင်ငွေ မရှိဘူး ဒီတော့ ဆိုင်လခ တွေလည်း အချိန် ရွေ့ဆိုင်းပြီးမှ ပေးနိုင်ပါမယ် ၊ စိတ်မကောင်းစရာဖြစ်ပေမယ့် ဝန်ထမ်းတွေကိုလည်း လစာကို ထိုက်တန်သလောက် မပေးနိုင်တော့ဘူး။

 

ဒါက စီးပွားရေး နယ်ပယ်က လူတိုင်း အခုဖြစ်နေတဲ့ ပြဿနာပဲ ၊ ဗြိတိန်မှ နေရာ ဌားရမ်းသူတွေ အနေနဲ့လည်း သူတို့လည်းနားလည်ပေးနိုင်မှာပါ သူတို့ အနေနဲ့ စောင့်ပေးဖို့ အဆင်ပြေရင်စောင့်ပေါ့ အခုချိန်မှာ သူတို့ကိုလည်းဌားရမ်းမဲ့သူမရှိပါဘူး '' ဆိုကာပြောကြား ခဲ့ပါတယ်။

 

<<< Zawgyi >>>

 


-----------------------------

 


 


 


 


 

Burger King ဟာ အင်္ဂလန်နိုင်ငံမှာဆိုရင် စားသောက်ဆိုင် ဆိုင်ခွဲပေါင်း ၅၀၀ ကျော် ဖွင့်ထားတဲ့ Fastfood ဆိုင်ကြီးတစ်ခုပါ ပြီးခဲ့တဲ့ မတ်လ ကတည်းက ဆိုင်ခန်းဌားခ ပေးဖို့ အတော်လေးရုန်းကန်ခဲ့ရတယ်သိရပါတယ်။

 


 


 

Ref : BBC

 

 

Read times
Rate this item
(0 votes)