-->


ဘရာဇီးတွင် Meta အမည်အသုံးပြုခြင်းကို ရပ်ဆိုင်းရန် တရားရုံးက အမိန့်ပေး

ဘရာဇီးတွင် Meta အမည်အသုံးပြုခြင်းကို ရပ်ဆိုင်းရန် တရားရုံးက အမိန့်ပေး

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဘရာဇီးနိုင်ငံ အကြီးဆုံး မြို့ကြီးဖြစ်သော စောင်ပေါလိုး Sao Paulo မှ တရားရုံးက Facebook မနခင်ကုမ္ပဏီ Meta ကို ဘရာဇီးတွင် ၎င်း၏အမည် အသုံးပြုခြင်း ရက်ပေါင်း ၃၀ အတွင်း ရပ်တန့်ရန် အမိန့်ထုတ်ပြန်ထားသည်။ 

ဘရာဇီးမှ အမည်တူ ကွန်ပျူတာ ဝန်ဆောင်မှုပေးသူတစ်ဦးက အမည်တူနေသဖြင့် ထင်မှတ်မှားစေကြောင်း၊ ကုမ္ပဏီ ထိခိုက်နစ်နာကြောင်း တရားစွဲဆိုခဲ့ရာ အမှုနိုင်သဖြင့် တရားရုံးက Meta အမည် သုံးစွဲမှ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

တရားရုံး၏ စီရင်ချက်ကို Meta အနေဖြင့် အယူခံ ဝင်ခွင့် ရှိပါသည်။

 

ဘရာဇီးမှ ကွန်ပျူတာ ဝန်ဆောင်မှုပေးသူသည် Meta Servicos အမည်ဖြင့် ၂၀၀၀ ပြည့်နှစ်လွန်တွင် ဘရာဇီးမှ National Institute for Intellectual Property ထံတွင် အမှတ်တံဆိပ် မှတ်ပုံတင်ခဲ့ပါသည်။

 Meta Platform အမည်ကို ၂၀၂၁ ခုန‌ှစ်တွင် စတင်သုံးစွဲခဲ့ပါသည်။

 

အကယ်၍ Meta က တရားရုံး အမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက နစ်နာကြေး တရက်လျှင် ၂၀,၂၀၁ ကန်ဒေါ်လာ ပေးလျော်ရမည်ဟု တရားရုံးက အမိန့်ချမှတ်ထားပါသည်။

 

Source Reuters 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)