-->


၂၀၂၄ ခုနှစ် ကမ္ဘာ့တန်ဖိုးအရှိဆုံး အမှတ်တံဆိပ် ၂၅ ခု

၂၀၂၄ ခုနှစ် ကမ္ဘာ့တန်ဖိုးအရှိဆုံး အမှတ်တံဆိပ် ၂၅ ခု

https://t.me/Guid4U
JOIN THE CHANNEL 

 

• Apple သည် အမှတ်တံဆိပ်တန်ဖိုး ၇၄% ကြီးထွားခဲ့ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ်အဖြစ်ကို  ရယူပါသည်။

 

• Microsoft အနေဖြင့် ဉဏ်ရည်တု Artificial Intelligence  AI ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ဝက်ဝက်ကွဲ အောင်မြင်မှုများ AI ကဏ္ဍတွင် ရရှိနေသဖြင့် အမှတ်တံဆိပ်တန်ဖိုး ကြီးထွားလာခဲ့ပြီး  ကမ္ဘာ့ဒုတိယတန်ဖိုးအကြီးဆုံး အမှတ်တံဆိပ်ဖြစ်လာပါသည်။

 

• Google သည် အမှတ်တံဆိပ်တန်ဖိုး  တတိယနေရာတွင် ရပ်တည်နေသည်။

 

• ဥရောပ၏ တန်ဖိုးအရှိဆုံး အမှတ်တံဆိပ်ဖြစ်သော Deutsche Telekom သည် အမှတ်တံဆိပ်တန်ဖိုးအရ  ကမ္ဘာ့ထိပ်တန်း တယ်လီကွန်းဖြစ်လာပြီး ကမ္ဘာ့ထိပ်တန်း ၁၀ စာရင်းဝင်ပါသည်။

 

• လျှပ်စစ်ကား ထုတ်လုပ်သည့် Tesla သည် ကမ္ဘာ့ထိပ်တန်း ၁၀ စာရင်းတွင် မပါဝင်တော့ပါ။ အဆင့် ၁၈ သို့ ရောက်ရှိသွားပါသည်။

Brand Finance ၏ အဆိုအရ Apple ၏ အမှတ်တံဆိပ်တန်ဖိုးသည် ၇၄% မြင့်တက်လာခဲ့ပြီး  ကမ္ဘာ့တန်ဖိုးအရှိဆုံး အမှတ်တံဆိပ် ဖြစ်လာသည်။

 တနှစ်တာအတွင်း အမှတ်တံဆိပ်တန်ဖိုး ကန်ဒေါ်လာ ၂၁၉ ဘီလီယံ တိုးခဲ့ပြီး ကန်ဒေါ်လာ ၅၁၆?၆ ဘီလီယံသို့ ရောက်ရှိလာသည်။

 

Apple သည် ပရီမီယံစမတ်ဖုန်းစျေးကွက်တွင်  အသာစီးရနေသည့် ကစားသမားအဖြစ် ရပ်တည်နေပါသည်။ 

 Apple သည် ကမ္ဘာ့လူသိအများဆုံး အမှတ်တံဆိပ်များထဲမှ တစ်ခုဖြစ်သည်။

 

Artificial Intelligence ကဏ္ဍ ထွန်းကားလာခဲ့သည့်အလျောက် ၎င်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံထားသည့် Microsoft သည် ကမ္ဘာ့ဒုတိယတန်ဖိုးအရှိဆုံးအမှတ်တံဆိပ် ဖြစ်လာသည်။

Microsoft ၏ အမှတ်တံဆိပ်တန်ဖိုးသည် ၇၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ အမှတ်တံဆိပ်တန်ဖိုး ကန်ဒေါ်လာ ၃၄၀.၄  ဘီလီယံဖြင့် အဆင့်နှစ်နေရာကို ရရှိခဲ့သည်။

 

Google သည် 19% ဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။

 အမှတ်တံဆိပ်တန်ဖိုးသည် ၃၃၃.၄ ဘီလီယံအထိ မြင့်တက်လာသည်။

 

 Amazon သည် ၂၀၂၃ တွင် ကမ္ဘာ့တန်ဖိုးအကြီးဆုံးအမှတ်တံဆိပ်ဖြစ်ခဲ့ပြီး ၂၀၂၄ တွင် စတုတ္ထနေရာသို့ အဆင့်ကျသွားသည်။ သို့သော် အမှတ်တံဆိပ် တန်ဖိုး မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၃၀၈.၉ ဘီလီယံ ရှိသည်။

 

photo_2024-02-29_18-33-51.jpg

 

 

 

TikTok အမှတ်တံဆိပ်တန်ဖိုးသည်  ကမ္ဘာ့အဆင့် ၁၀ မှ ၇ သို့ တက်လာသည်။

TikTok/Douyin အမှတ်တံဆိပ်တန်ဖိုး ကန်ဒေါ်လာ ၈၄.၂ ဘီလီယံ ရှိသည်။ 

TikTok ဟာ ဖျော်ဖြေရေးအက်ပ်အဖြစ်မှ မားကက်တင်းအက်ပ်သို့ ကူးပြောင်းခဲ့ပြီး ယခုအခါ ဈေးရောင်းအက်ပ်အဖြစ်သို့ ရောက်ရှိနေသည်။ အီးကောမတ်စ် ပလက်ဖောင်း ဖြစ်လာပြီ ဖြစ်ပါသည်။

 

 

Source brandfinance


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)