-->


အိန္ဒိယတွင် ကမ္ဘာ့အမှတ်တံဆိပ် အမြန်ရ စားသောက်ဆိုင်များ ဒိန်ခဲအစစ် သုံးမသုံး စစ်ဆေးရေးဝင်

အိန္ဒိယတွင် ကမ္ဘာ့အမှတ်တံဆိပ် အမြန်ရ စားသောက်ဆိုင်များ ဒိန်ခဲအစစ် သုံးမသုံး စစ်ဆေးရေးဝင် 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရဋ္ဌပြည်နယ်တွင် ကမ္ဘာ့အမှတ်တံဆိပ် အမြန်ရ စားသောက်ဆိုင်များသည် ကြော်ငြာသည့်အခါ ဒိန်ခဲအစစ် သုံးထားသည့်နှယ် ဖော်ပြထားသော်လည်း ဒိန်ခဲအစစ်များ မသုံးဘဲ ဒိန်ခဲအစားထိုး ထုတ်ကုန်များ သုံးစွဲထားခြင်း ရှိမရှိ စစ်ဆေးမည် ဖြစ်သည်။

 

မကြာသေးမီက ကုန်ဈေးနှုန်း မြင့်တက်သည့် ဖိအားကြောင့် အိန္ဒိယစားသုံးသူ အများအပြားအတွက် စျေးကြီးနေသော ဘာဂါနှင့် ပီဇာများကို စားသုံးမှုလျော့ကျခဲ့ပြီးနောက် ကုမ္ပဏီများသည် လျှော့စျေးများဖြင့် ရောင်းချနေကြရစဉ် စစ်ဆေးရေး ဝင်ခြင်းသည် ကမ္ဘာ့အမှတ်တံဆိပ်များအတွက် ခေါင်းခဲစရာ ဖြစ်နေပါသည်။

 

photo_2024-03-03_16-40-05.jpg

 

ဒိန်ခဲ အစစ်မသုံးသည့် ပြဿနာ

 

အိန္ဒိယတွင် အမြန်ရ စားသောက်ဆိုင်များ လုပ်ငန်းကြီး မက်ဒေါနယ်၏ အကြီးဆုံး လုပ်ငန်းလုပ်ပိုင်ခွင့် ရသူ ဖြစ်သော Westlife Foodworld သည် နို့ဖြင့် ပြုလုက်ထားသည့် ချိစ်အစစ် မဟုတ်ဘဲ ဟင်းသီးဟင်းရွက်ဆီဖြင့် ပြုလုပ်ထားသော ချိစ်များကို အသုံးပြုထားကြောင်း ပြည်နယ်အာဏာပိုင်များက ပြီးခဲ့သောနှစ်တွင် တွေ့ရှိခဲ့သည်။ 

 Westlife Foodworld က ချိစ်အစစ် သုံးစွဲကြောင်း ခုခံကာကွယ် ပြောဆိုသည်။ အာဏာပိုင်တို့၏ တွေ့ရှိချက် မှားယွင်းကြောင်း ပြောကြားသည်။ 

သို့သော် ဘာဂါများ၏ အမည်များတွင် ချိစ် "cheese" စာလုံးကို ဖယ်ရှားခဲ့သည်။

ဈေးကွက်တင်သည့် အမည်အသစ်များတွင် ချိစ် စာလုံး မပါတော့ချေ။ 

ဥပမာအားဖြင့် ယခင်က  "corn and cheese burger" အမည်ကို "American vegetarian burger" ဟု အမည်ပြောင်းလိုက်သည်။

 

FDA စစ်ဆေးရေးဝင်

 

ပြည်နယ်၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန Food and Drug Administration (FDA)မှ စစ်ဆေးရေးမှူးများသည် ယခုအခါ McDonald's ဆိုင်များအပြင် အခြားသော အမှတ်တံဆိပ်များ၏ ဆိုင်ခွဲများအားလုံးသို့ အလားတူ ကြော်ငြာတံဆိပ်ကပ်ခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်မှုများ ရှိမရှိ စစ်ဆေးရေး ဝင်နေသည်ဟု FDA အကြီးအကဲ Abhimanyu Kale မှ ပြောကြာပါသည်။

 

"McDonald's ဆိုင်ခွဲအားလုံးကို စစ်ဆေးဖို့ စီစဉ်ထားပါတယ်။ အခြားနာမည်ကြီး ကမ္ဘာ့ အမြန်ရ အစားအစာဆိုင်ခွဲတွေကိုလည်း စစ်ဆေးရေး ဝင်သွားမှာပါ" ဟု ၎င်းက ပြောကြားသည်။

စစ်ဆေးမည့် ဆိုင်ခွဲများတွင် Domino's၊ Pizza Hut၊ Burger King နှင့် KFC ကဲ့သို့သော အမှတ်တံဆိပ်များ၏ အိန္ဒိယ franchisee ဆိုင်ခွဲများ ပါဝင်သည်။

 

အိန္ဒိယ ပြည်နယ် အာဏာပိုင်များသည် စားသုံးသူများကို အထင်မှားစေသည့် နည်းလမ်းဖြင့် အမည်ပေးထားခြင်း၊ ကြော်ငြာခြင်း ပြုထားကြောင်း တွေ့ရှိရသည့် စားသောက်ဆိုင်များ၏ လိုင်စင်များကို ရပ်ဆိုင်းရန် အခွင့်အာဏာရှိသည်။

 

မွမ်ဘိုင်းမြို့အရှေ့ဘက်ရှိ မက်ဒေါနယ်ဆိုင်ခွဲ တခုတွင် ဟင်းသီးဟင်းရွက်ဆီဖြင့် ထုတ်လုပ်ထားသော ခ်ိစ်ကို အသုံးပြုထားသည့် ဘာဂါများကို နို့ဖြင့် ထုတ်လုပ်ထားသည့် ချိစ်ဟု ဈေးကွက်မြှင့်တင်ရေး လုပ်ဆောင်နေကြောင်း ပြည်နယ် အစားအစာစစ်ဆေးရေးမှူးများက တွေ့ရှိသဖြင့် နိုဝင်ဘာလတွင် ‌၎င်းဆိုင်၏ စားသောက်ဆိုင်လိုင်စင်ကို ရပ်ဆိုင်းခဲ့ပါသည်။

Westlife က အယူခံ ဝင်ခဲ့ပြီးနောက် လိုင်စင် ပြန်ချပေးခဲ့ပါသည်။

 

အရေးပါသည့် ဈေးကွက်

 

အိန္ဒိယနိုင်ငံ အနောက်ဘက်ရှိ မဟာရဋ္ဌပြည်နယ်သည် ၎င်း၏ ဒုတိယလူဦးရေအများဆုံးဖြစ်သည်။ စီးပွားရေးမြို့တော် မွမ်ဘိုင်း တည်ရှိသည့် ပြည်နယ် ဖြစ်သည်။ အခြား မြို့ကြီးများလည်း တည်ရှိသည်။ အမြန်ရ အစားအစာ ကမ္ဘာ့အမှတ်တံဆိပ်များအတွက် အခရာ ဈေးကွက်ဖြစ်သည်။

 

Source: Reuters


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)