-->
×

Warning

JUser: :_load: Unable to load user with ID: 29


လစ်ဟာချိန်ကိုကျော်တတ်ဖို့စောင့်နေတဲ့ပြိုင်ဘက်များ

အခုအချိန်မှာ ကိုရိုနာ ရောဂါကြီး ဖြစ်ပြီး စီးပွားရေး တွေ ခေတ္တ ရပ်စဲ တဲ့ အခါမှာ တချို့လုပ်ငန်းစုတွေရဲ့ လစ်ဟာ မှု့ဟာ အချို့လုပ်ငန်းစုတွေအတွက် အကျိုးအမြတ်ကို ဖြစ်ထွန်းစေပါတယ်။

စင်္ကာပူမှာဆို ၎င်းကျွန်းစု တစ်ခုလုံးရှိ McDonald စားသောက်ဆိုင်များ ပိတ်လိုက်တာနဲ့တစ်ပြိုင်တက်တည်းရောင်းအားတက်လာတာက ၎င်းရဲ့ ပြိုင်ဘက် Fast food ဆိုင်တွေဖြစ်တဲ့ Burger King နဲ့ KFC ပါ။

 

စင်္ကာပူရှိ McDonald ဟာကိုရိုနာဖြစ်ပွားနေသည်ကို ဆိုးရွံကြောက်လန့်သဖြင့် ထိုသို့ ဆိုင်ပိတ်ရခြင်းဖြစ်သလို တရုပ်ပြည်မှ McDonald ဆိုင်ခွဲတစ်ခု လူမျိုးရေး ခွဲခြားသောကြောင့် ဂယက်တွေကြောင့်လဲ ပါပါတယ်။

 

ဒါ့ထက် စင်္ကာပူမှ McDonald ဆိုင်ခွဲအားလုံးကို မေလ ၄ ရက်နေ့ မတိုင်ခင် အကုန် ပိတ်မယ်သိရပါတယ်.ဒါက ပြိုင်ဘက်တွေဖြစ်တဲ့ Burger King နဲ့ KFC တို့ အတွက် အခွင့်အရေး တစ်ခုပါပဲ။

 

Burger King နဲ့ KFC နှစ်ဆိုင်လုံးက သူ့တို့ ရဲ့ စားသုံးသူများကို အမြဲဖွင့်မှာ ဖြစ်ကြောင်း အချိန်မရွေး မှာ ယူစားသောက်လို့ ရကြောင်း ကို Social Media များမှာ ကြော်ငြာ ထားတာတွေ့ရပါတယ်။

 

Burger King မှ သူ၏ စင်္ကာပူ Page ပေါ်တွင် " ဒယ်လီဘယ်ရီ နဲ့ ပို့တာမို့ အစားအသောက်တွေက ကြာကောင်းကြာနိုင်ပါတယ် ကျွန်တော်တို့မှ သင့်တို့ရဲ့ နားလည်မှု့နဲ့ စိတ်ရှည်သည်းခံမှု့ လိုအပ်တယ်'' ဆိုကာကြော်ငြာ ခဲ့ပါတယ်။

 

KFC မှလည်း သူ၏ စင်္ကာပူ Page ပေါ်တွင် '' အစားအသောက်ပို့သမားတွေနည်းလွန်းတာကြောင့် သင်တို့ရဲ့ အော်ဒါများ ကြာကောင်းကြာနိုင်ပါတယ် ဒီတော့ သင်တို့ အနေနဲ့ စိတ်ရှည်ပြီး စောင့်ပေးပါ ကျွန်တော်တို့ကတော့ အချစ်များနဲ့ အစားအစာ ကိုဝန်ဆောင်မှု့ ပေးနေတယ် '' ဆိုကာကြော်ငြာ ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နေ့က McDonald က ၁၀ နာရီ ၃၀ မနက်ပိုင်းထိ အော်ဒါကို လက်ခံ ခဲ့ပြီး ၂ နာရီ အကြာ ၁၂ ခွဲတွင် ၎င်းတို့ဆိုင်ပိတ်မည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့တယ်လို့သိရပါတယ်။ဒီလောက် ပါဆယ် ရောင်းနေတာတောင်မှ McDonald မှ အလုပ်သမား ၆ ဦး ကိုရိုနာရောဂါပိုးကူးခဲ့လို့ပါတဲ့။

 

ထို့အပြင် McDonald က သူ့ရဲ့ Page မှာရေးသားခဲ့တာကတော့ '' ကျွန်တော်တို့ သင်တို့ရဲ့ အော်ဒါတွေကို လက်မခံနိုင်တော့ ပါဘူး ၊ ပျက်ကွက်မှု့ အတွက် တောင်းပန်ပါတယ် '' ဆိုကာ ရေးသားထားတာတွေ့ရပါတယ်။

 

McDonald ပိတ်ပြီး မှ Burger King နဲ့ KFC အော်ဒါအား ၂ ဆ တက်တယ်သိရပါတယ်။

 

<<< Zawgyi >>>

 


-------------------

 


 


 


 


 


 


 


 


 


 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)