-->
×

Warning

JUser: :_load: Unable to load user with ID: 29


Facebook မှာ Story လေးတွေနဲ့ ကြော်ငြာချင်သူတွေအတွက်

Facebook မှာ Story လေးတွေနဲ့ ကြော်ငြာချင်သူတွေအတွက် Google

Brand တွေအနေနဲ့ကိုယ့်ပစ္စည်းကို ဝယ်ပါ၊

ယူပါ တစာစာနဲ့အော်ရောင်းတဲ့ ခေတ်ကိုလွန်ခဲ့ပါပြီ။ Products တွေအစား Dreams တွေ၊ Idea တွေကို ရောင်းရမယ့် အချိန်အခါသမယကို ကျရောက်လာပြီဆိုတော့ Facebook မှာ Business Story တွေချပြဖို့အတွက် Ad Format လေးတွေကို မျှဝေလိုက်ပါတယ်။

(၁) Photo

Photo Ads တွေကတော့ လူသုံးအများဆုံးနဲ့ သိပ်ခေါင်းမစားတဲ့ ပုံစံပါပဲ။ ရိုးရှင်းပြီး အရည်အသွေးကောင်းတဲ့ ပုံလေးကိုထိမိတဲ့ ကြော်ငြာစာသားလေးနဲ့ တွဲတင်ဖို့မမေ့နဲ့နော်။

(၂) Video

Video တွေက Engaged ပိုဖြစ်ပြီး လူကြိုက်များပါတယ်။ ကိုယ့် Brand ရဲ့ Story ကို အသံတွေ၊ အရုပ်တွေ၊ လှုပ်ရှားမှုတွေနဲ့ သေချာလေးတင်ဆက်လိုက်ပါ။

(၃) Stories

Stories တွေကို သုံးမယ်ဆိုရင်တော့ ထိထိမိမိဖြစ်ဖို့လိုမယ်နော်။

(၄) Messenger ads

လူတွေနဲ့ Conversations တွေအစပြုဖို့ Messenger ads တွေက ကူညီပေးနိုင်ပါတယ်။

(၅) Canvas ads

Canvas ads တွေက Audience တွေရဲ့ attention ကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ Instant Experience နဲ့ဆိုရင် Videos တွေ၊ စာသားတွေ၊ ပုံတွေကို တစ်နေရာတည်းမှာ စုပြီး ပြလို့ရပါတယ်။ ကောင်းကောင်းအသုံးချတတ်ရင် အကျိုးရှိပါတယ်။

(၆) Carousel

Carousel Ads တွေကတော့ သင့် Product တွေကို Showcase လိုမျိုးပြနိုင်သလို၊ Story Telling ပုံစံလည်း လုပ်လို့ရပါတယ်။ ပုံတိုင်းမှာ သက်ဆိုင်တဲ့ Link တွေကို ပြန်ထည့်လို့ရလို့ Website ရှိတဲ့ သူတွေသုံးသင့်ပါတယ်။

(၇) Slideshow

Slideshow Video Ads တွေကလည်း သင့် Brand အတွက် Story Telling လုပ်ဖို့ အထောက်အကူပြုပါတယ်။

(၈) Collection Ads

Collection Ads တွေနဲ့ ဆိုရင် ဝယ်ယူသူတွေဟာ Products တွေကို Catalogue လိုမျိုး ရွေးပြီးကြည့်နိုင်ပြီလေ။

(၉) Playable Ads

Playable Ads တွေကတော့ Game Company တွေမှာ အသုံးများပါတယ်။ App ကို Download မလုပ်ခင်မှာ အစမ်းကစားရတာပါ။ မဝယ်ခင်စမ်းသုံးလို့ရတော့
Audiences အကြိုက်ပေါ့။

Read More>>> Internet Advertising နဲ့ Print Advertising ရဲ့ ကွာခြားချက်များ

Credit; Digital Dots

Read times
Rate this item
(1 Vote)