-->
×

Warning

JUser: :_load: Unable to load user with ID: 29


Internet Advertising နဲ့ Print Advertising ရဲ့ ကွာခြားချက်များ

Internet Advertising နဲ့ Print Advertising ရဲ့ ကွာခြားချက်များ Google

Internet Advertising လို့ ပြောလိုက်ရင် အာလုံးသိထားပြီးတဲ့အတိုင်း အင်တာနက်မှာကြော်ငြာတာပဲဖြစ်ပါတယ်။

Internet Avertising မှာ ဘာတွေပါဝင်လဲဆိုတော့ Facebook, Instagram, Twitter, YouTube, Google စတဲ့ ဆိုရှယ်မီဒီယာတွေမှာ ကြော်ငြာခြင်းတွေပါဝင်ပါတယ်။ ကြော်ငြာတစ်ခုကို သတင်းစာ,မဂ္ဂဇင်း,စာစောင်,လက်ကမ်းစာရွက်တွေ,ဗီနိုင်းပိုစတာတွေ၊ billbord များ၊ စတစ်ကာတွေနဲ့ အခြားအရာတွေပေါ်မှာ စိတ်ဝင်စားစရာကောင်းအောင် ပုံဖော်ထားတာကတော့ Print Advertising ပဲဖြစ်ပါတယ်။ ဒီနေရာမှာတော့ Internet Advertising နဲ့ Print Advertising ရဲ့ ကွာခြားချက်တွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

(၁) ဒီဇိုင်းနဲ့ Animation ဖန်တီးမှု

Print Advertising ဖြစ်တဲ့ မဂ္ဂဇင်းတွေမှာဆိုရင် ကြော်ငြာတွေကိုတွေ့မြင်ရတဲ့ ဒီဇိုင်းတွေဟာ ကွန်ပျူတာ Screen တွေထက်ပိုပြီး Resolution ပိုကောင်းပါတယ်။ သတင်းစာနဲ့ ဂျာနယ်တွေမှာဆိုရင်လည်း ကြော်ငြာချင်တဲ့အကြောင်းအရာနဲ့ အရောင်ကအစ ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။ Internet Advertising ကတော့ မိမိရဲ့ကြော်ငြာတွေကို software tools တွေအသုံးပြုပြီးတော့ ပြုပြင်နိုင်ခြင်း၊ GIF images တွေ ပြုလုပ်နိုင်ခြင်း၊ Adobe’s Flash တွေ ပြုလုပ်နိုင်ပါတယ်။ ဒီအချက်တွေကတော့ Print Advertising အတွက်ဆိုရင် လုံးဝမပြုလုပ်နိုင်တဲ့အချက်တွေပဲဖြစ်ပါတယ်။

(၂) ကြည့်ရူသူအရေအတွက် တိုင်းတာမှု

သတင်းစာနဲ့ကြော်ငြာတဲ့အခါမှာ တစ်ကမ္ဘာလုံးကိုယ့်ရဲ့ကြော်ငြာ ဘယ်လောက်ထိပျံ့နှံ့သွားလဲ၊ ဖတ်ရူသွားလဲ သိနိုင်ဖို့အတွက် သတင်းစာစောင်ရေ ဘယ်လောက်ကုန်သွားတယ်ဆိုတာကို တွက်ချက်ပြီးတော့တိုင်းတာရမှာ ဖြစ်ပါတယ်။ Internet Advertising မှာဆိုရင်တော့ ကိုယ့်ရဲ့ကြော်ငြာကို Click နှိပ်ပြီး လူဘယ်လောက်ကြည့်ရူသွားလဲဆိုတာကို တိုင်းတာနိုင်သလို ကိုယ့်ရဲ့ဘယ်ကြော်ငြာကိုတော့ လူကြိုက်များတယ်၊ မများဘူးဆိုတာကိုပါ တိုင်းတာနိုင်ပါတယ်။

Read More>>>မိမိရဲ့ကုန်ပစ္စည်းတွေကို Facebook Carousel သုံးပြီးကြော်ငြာချင်ပါသလား?

(၃) အချိန်နဲ့တပြေးညီ သတင်းတင်ယူနိုင်မှု

အချိန်နဲ့တပြေးညီ သတင်းတင်ယူချင်တယ်ဆိုရင်တော့ Internet Advertising ကို အသုံးပြုတာကကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင် Website တစ်ခုမှာ ကြော်ငာနေရာကို ပြောင်းလဲချင်လို့ပဲဖြစ်ဖြစ်၊ သတင်းအသစ်တွေရရှိလာတဲ့အခါမှာ ကြော်ငြာအသစ်တွေကိုထပ်ထည့်ချင်လို့ပဲဖြစ်ဖြစ် Internet Advertising က အလွယ်တကူပြောင်းလဲလို့ရပါတယ်။ ဒါပေမယ့် သတင်းစာ၊ မဂ္ဂဇင်းတွေမှာဆိုရင်တော့ အချိန်ကာလအလိုက် နေ့စဉ်ထုတ်၊ တစ်ပတ်စာထုတ်၊ တစ်လစာထုတ်တာမျိုးတွေရှိတာကြောင့် Update ပြုလုပ်ဖို့က စောင့်ဆိုင်းရမှာပဲဖြစ်ပါတယ်။

(၄) ကြော်ငြာမြင်တွေ့ရမယ့်ပုံစံ

ကြော်ငြာမြင်တွေ့ရတဲ့ပုံစံကတော့ Internet Advertising နဲ့ Print Advertising မှာ အရမ်းကိုကွာခြားပါတယ်။ ဥပမာ- Video တစ်ခုကြည့်နေတုန်းကြော်ငြာတစ်ခုဝင်လာတယ်ဆိုပါစို့။ ကြည့်ရူသူဟာ ဒါကိုကျော်ပြီးတော့လည်း ကြည့်ရူသွားနိုင်ပါတယ်။ Print Advertising မှာဆိုရင်တော့ စာမျက်နှာတွေမှာပါနေတဲ့ကြော်ငြာတွေကို ဖယ်ရှားလို့မရနိုင်ပါဘူး။ ဒါကတော့ Internet Advertising နဲ့ Print Advertising ရဲ့ကွားခြားချက်တွေပဲဖြစ်ပါတယ်။

Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)