-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ်ရှာချင်တဲ့ကြော်ငြာအကြောင်းအရာနဲ့ နီးစပ်တာတွေကို Google မှာပြသလိုပါသလား

ကိုယ်ရှာချင်တဲ့ကြော်ငြာအကြောင်းအရာနဲ့ နီးစပ်တာတွေကို Google မှာပြသလိုပါသလား Google

Google မှာ ကိုယ်သိချင်တာရှာတဲ့အခါမှာ ကိုယ်ရှာလိုက်တဲ့အကြောင်းအရာနဲ့ အနီးစပ်ဆုံးဖြစ်အောင် Google က ဘယ်လိုများလုပ်ထားသလဲလို့ စဉ်းစားမိဖူးတယ်။

နောက်ပြီး Google တို့၊ Facebook တို့ သုံးနေရင်းနဲ့ပေါ်လာတဲ့ ကြော်ငြာတွေကလည်း ကိုယ့်စိတ်ကိုကိုယ့်ထက်တောင် သူတို့ကပိုသိနေတယ်လို့ တအံ့တဩ ဖြစ်မိဖူးတယ်။ အပြင်မှာ ကိုယ်ပြောခဲ့ဖူးတဲ့ အကြောင်းအရာတွေ၊ ကိုယ်ကြည့်ဖူးတဲ့ ဗွီဒီယိုဖိုင်တွေ၊ နားထောင်တဲ့ သီချင်းတွေ၊ ကိုယ့်ရဲ့ဖုန်း Contact ထဲက မိတ်ဆွေတွေရဲ့ အလုပ်အကိုင်တွေနဲ့ပတ်သက်တာတွေ၊ မိတ်ဆွေတွေနဲ့ ပြောဆိုထားတဲ့ Text Message တွေ၊ Chat box ထဲက အကြောင်းအရာတွေ၊ Email ထဲက အကြောင်းအရာတွေ၊ စသဖြင့် ကိုယ်နဲ့နီးစပ်တဲ့ အကြောင်းအရာတွေနဲ့သက်ဆိုင်တဲ့ ကြော်ငြာတွေကို ပြပေးနိုင်တယ်။

Facebook ဆိုရင်လည်း ကိုယ် Like ပေးထားတဲ့ Post တွေ၊ Page တွေ၊ ဝင်ထားတဲ့ Group တွေနဲ့ သက်ဆိုင်တဲ့ ကြော်ငြာတွေ၊ Messenger မှာ ပြောထားတဲ့ Chat list တွေနဲ့ ပတ်သက်တဲ့ ကြော်ငြာတွေ ပြပေးတာ တော်တော်များများ ကြုံဖူးကြမှာပါပဲ။ ဒီလိုနဲ့ ကိုယ့် Android ဖုန်းထဲမှာ ရှာရှာဖွေဖွေ လုပ်ကြည့်ရင်းနဲ့ သိလာရတာကတော့ ဒီလိုတွေဖြစ်လာအောင် ကာယကံရှင်မိမိတို့ကိုယ်တိုင် ခွင့်ပြုပေးထားလို့သာဖြစ်တယ် လို့သိလာရတယ်။

Read More>>>မိမိကုန်ပစ္စည်းအတွက် Customer ရှာရန်နည်းလမ်း(၄)ခု

Google ကိုပဲ ဥပမာထားပြီး လက်တွေ့ပြကြည့်မယ်။ ဖုန်းထဲမှာ ပါပြီးသားဖြစ်တဲ့ Google Search App မှာ စမ်းကြည့်ရအောင်။ Android version နဲ့ပဲ နမူနာပြပါမယ်။ ပြထားတဲ့ ပုံတွေအတိုင်း အဆင့်ဆင့် ကြည့်သွားရအောင်။

(၁) G (သို့) Google သင်္ကေတလေးကို နှိပ်လိုက်ပါ။
(၂) အောက်ဆုံးက more နေရာကို နှိပ်လိုက်ပါ။
(၃) Setting ကို နှိပ်ပါ။
(၄) General ကို နှိပ်ပါ။
(၅) Recent pages၊ Personal results နဲ့ Discover ဆိုတဲ့ လုပ်ဆောင်ချက်တွေကြောင့် Google က ကိုယ့်ကို ကြော်ငြာတွေ၊ ရှာဖွေမှု ရလဒ်တွေကို ဖော်ပြပေးနေတာပဲ ဖြစ်ပါတယ်။ ဒုတိယနေရာမှာရှိတဲ့ Personal results ကို ထပ်နှိပ်လိုက်ပါ။
(၆) အဲဒီမှာ အမှန်ခြစ်ပေးထားပြီးသား App တွေအပေါ်မှာမူတည်ပြီး Google က ကိုယ့်ကို ကြော်ငြာတွေ၊ ရှာဖွေမှု ရလဒ်တွေကို ဖော်ပြပေးနေတာပဲ ဖြစ်ပါတယ်။ ဘာလို့ ကိုယ်အမှန်ခြစ်လုပ်မထားပဲ auto ဖြစ်နေတာလဲ ဆိုတော့ အဲဒီ Application တွေကို ဖုန်းထဲမှာ install လုပ်ခဲ့တုန်းက ခွင့်ပြုပေးထားခဲ့လို့ပဲ ဖြစ်ပါတယ်။

Balloons(ဘောလုံးဝယ်ယူနိုင်သည့်ဆိုင်များ(၂၁)ခုကို ရှာရန်နှိပ်ပါ။)

Source; DEV

 

Read times
Rate this item
(0 votes)