-->
×

Warning

JUser: :_load: Unable to load user with ID: 29


Professional Design Website နဲ. Template Website တိုရဲ့ ခြားနားချက်များ

Professional Design Website နဲ. Template Website တိုရဲ့ ခြားနားချက်များ google

လုပ်ငန်းရှင်များ အနေဖြင့် လူကြီးမင်းတိုရဲ့ အလုပ်အကြောင်းကို ကြော်ငြာ(မားကတ်တင်း) အတွက်ဖြစ်ဖြစ်၊ ကုမ္ပဏီရဲ့ လုပ်ငန်းများအကြောင်းကို အချိန်နဲ့တစ်ပြေးညီ

လူအများသိရှိစေရန် ရည်ရွယ်ပြီးဖြစ်ဖြစ် website တစ်ခု ပြုလုပ်တော့မည် ဆိုလျှင်Professional ဖြစ်ဖို. အရမ်းအရေးကြီးပါတယ်။ First impression is everything ဆိုတဲ့အတိုင်း လူကြီးမင်းကုမ္ပဏီရဲ့ Professional Design နှင့် ပြုလုပ်ထားသော website ကို မြင်ယုံ နဲ. သုံးစွဲသူ (စားသုံးသူ) များ ထံမှ ယုံကြည်မှု တစ်ဝက်မက ရရှိပြီး ဖြစ်ပါလိမ့်မယ်။ များစွာသော လုပ်ငန်းရှင်များ က Professional Design Website ပြုလုပ်ခြင်းဟာ Template Design Website တစ်ခု ပြုလုပ်ခြင်းထက် ကုန်ကျ စရိတ်ပိုများတယ် ဆိုသည်ကိုသာ နားလည် သဘောပေါက်ကြပါတယ်။ ဒီနေရာ မှာ Professional Design Website နဲ. Template Website တိုရဲ့ နည်းပညာ နဲ့ အကျိုးရလာဒ် ခြားနားချက် များကို ဖော်ပြပေးချင်ပါတယ်။


၁။ ဒီဇိုင်း

Professional: Professional Design Website တစ်ခုဟာ လူကြီးမင်းကုမ္ပဏီ တစ်ခုအတွက် ဘယ်သူနဲ့မှ မတူညီနိုင်သော Logo,Design, Colour စသည့် လူကြီးမင်းတို့စိတ်ကူးနဲ့ ထပ်တူကျစေနိုင်မယ့် ဒီဇိုင်းကို ရေးဆွဲ ပေးနိုင်ပြီး ဈေးကွက်အတွင်း မည့်သူနှင့်မျှ မတူသော ပုံစံဒီဇိုင်း ကိုဖြစ်စေမှာပါ။

Template : လူတိုင်း အလွယ်တစ်ကူ ယူသုံးနိုင်သော Design များ ဖြစ်သောကြောင့် လူကြီးမင်း လုပ်ငန်းပုံစံနဲ့ ထပ်တူဖြစ်နေမယ့် တစ်ခြားလုပ်ငန်းများရဲ့ ဒီဇိုင်းများက လူကြီးမင်းကို စိတ်အနှောက်အယှက် ဖြစ်စေရုံသာမက လူကြီးမင်း လုပ်ငန်းရဲ့ Image ကိုလည်း ထိခိုက်စေနိုင် ပါတယ်။


၂။ လူသိများစေနိုင်မှု

Professional : Professional Developer များက လူကြီးမင်းရဲ့ လုပ်ငန်းများကို ခေတ်စာ နေသော Search Engine များဖြစ်တဲ့ Google, Yahoo စသော နေရာများမှ အလွယ်တစ်ကူ ရှာဖွေနိုင်စေရန် Code များကို အကောင်းဆုံး အဆင့်သတ်မှတ်ချက်ဖြင့် ရေးသာနိုင်ခြင်းဖြင့် လူကြီးမင်း လုပ်ငန်းများကို အင်တာနက်ပေါ်တွင် အလွယ်တစ်ကူ ရှာဖွေစေနိုင်ရန် လူသိများစေရန် လုပ်ဆောင်ပေးနိုင်ပါတယ်။

Template : Template Design အား အသုံးပြုခြင်းအားဖြင့် နောက်ကွယ်မှာ ဘယ်လိုပုံစံ code များရေးထားသည်ကို သိနိုင်ဖို့အတော် ခက်ခဲပါတယ်။ Template Design များဟာ အင်တာနက်ရှာဖွေမှု အတွက် အလုပ် အနည်းငယ်သာ လုပ်ပါတယ်။ တစ်ကယ်လို့ အပြည့်အ၀ အလုပ်လုပ်စေချင်တယ် ဆိုရင် လိုအပ်သော Code, Plugins စသည်ဖြင့် ပြန်လည်ပြုပြင် ရသောကြောင့် အချိန်ကုန်၊ ငွေကုန်စေမှာ ဖြစ်ပါတယ်။


၃။ လုံခြုံရေး

Professional : 100% အာမခံချက်ရှိသော ပညာရှင်များရဲ့ ကျွမ်းကျင်မှုများက လူကြီးမင်း website လုံခြုံမှုအတွက် အပြည့်အ၀ အာမခံပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်ကယ်လို့ နားလည်တတ်ကျွမ်းသော ပညာရှင်တစ်ယောက် ယောက်မှ လူကြီးမင်း Website အားလေ့လာကြည့်မယ် ဆိုရင် လူကြီးမင်းအတွက် ကောင်းမွန်သော စိတ်ကျေနပ်မှုကို ဖြစ်စေမှာပါ။

Template : Template Design များရဲ. နောက်ကွယ်က Code များကို အလွယ်တစ်ကူ နားမလည်နိုင်စေရန် ရေးသားထားခြင်း၊ တစ်ချို့သော code များအား လူကြီးမင်းနဲ့ သဘောတူညီ ရစေရန် ကန့်သတ်(Hidden) လုပ် ထားခြင်းကြောင့် Website လုံခြုံရေးအတွက် စိတ်မချရပါဘူး။


၎။ အလိုက်သင့်ပြောင်းလဲနိုင်ခြင်း

Professional : Website တစ်ခု စလုပ်မည် ဆိုပါက လူကြီးမင်း ထည့်ချင်သော အကြောင်းအရာ၊ ပုံ ၊ စာ စသည်ဖြင့် စိတ်ကြိုက် စီစဉ်လို့ရပြီး စစခြင်း လုပ်ချင်သော အရာများ အားလုံးကို ကုန်ကျစရိတ် မတတ်နိုင်ခဲ့ရင် နောင်အခါ အလွယ်တစ်ကူ ထပ်ထည့်နိုင်မှာ ဖြစ်ပါတယ်။

Template : Template Design means " what you see is what you get."
ကန်သတ်ချက် များစွာရှိနေပြီး နောင်တစ်ချိန် ထပ်တိုးတာ၊ ပြုပြင်ချင်တာတွေ ရှိတဲ့အခါမှာ ဈေးနှုန်းကြီးမြင့်သော Additional Features များကို ၀ယ်ယူရမှာ ဖြစ်ပါတယ်။


၅။ အသုံးပြုရ လွယ်ကူနိင်မှု


Professional : အတွေ့အကြုံ ရှိသော ပညာရှင်များက ဦးဆောင်ရေးဆွဲ ခြင်းကြောင့် လုပ်ငန်းနှင့် လိုက်လျောညီထွေ မှုရှိသော အပြင်အဆင် ပုံစံများကို customer များက လုပ်ငန်းပေါ်ယုံကြည်မှု ရှိစေပါတယ်။
ကောင်းမွန်သေသပ်သော အပြင်အဆင်က လူကြီးတို့လုပ်ငန်းများကို ပြိုင်ဘက်များထက် ပိုမိုသာလွန်သော စိတ်ကျေနပ်မှုကို customer များအား ပေးနိုင်မည် ဖြစ်ပါတယ်။

Template : အပြင်အဆင် ပုံစံ အနေအထား အမြင်အားဖြင့် ကြည့်ကောင်းချင် နေပါလိမ့်မည်။ သို့သော် ဒီဇိုင်းများက လူကြီးမင်းအတွက် သီးသန့် ရေးဆွဲပေးထားခြင်း မဟုတ်သလို လူတိုင်းကမည်သည့် လုပ်ငန်းအတွက် မဆိုယူ သုံးနိုင်ပါတယ်။ လူကြီးမင်း လုပ်ငန်းအတွက် လိုက်လျောညီထွေ ဖြစ်စေရန် အသုံးပြုမယ်ဆိုရင် ကန့်ကတ်ချက်များဖြင့် လွတ်လပ်စွာပြင်ဆင်ခွင့် အသုံးပြုခွင့်ရမှာ မဟုတ်ပါဘူး။


အထက်ပါ အကြောင်းအရာ များအရ Professional Design Website က Template Design Website များထက် ကုန်ကျ စရိတ် အနည်းငယ် ပိုများစေနိုင်ပေမယ့် နောင်တစ်ချိန်မှာ ကောင်းကောင်း အလုပ်လုပ်နိုင်ခြင်း ၊
လူကြီးမင်းလုပ်ငန်း တိုးတက် လာတာနဲ့အမျှ ပြောင်းလဲနိုင်ခြင်း၊ အဖိုးမဖြတ်နိုင်သော ကြော်ငြာလုပ်ငန်းများ လုပ်နိုင်ခြင်း စသော အားသာချက်များဖြင့် လူကြီးမင်းတို့လုပ်ငန်း နှင့် customer များကြား အချိန်နဲ့တစ်ပြေးညီ ၀န်ဆောင်မှု ပေးနိုင်မှာ ဖြစ်ပါတယ်။

Source; East Wind Solutions Myanmar

Myanmar Advertising Directory


Read More...Print ကြော်ငြာလောက တစ်ခေတ်ဆန်းစေချင်

Read times
Rate this item
(1 Vote)