-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒီအချက်တွေက သင့်ကို စတိဗ့်ဂျော့ထက် ပိုပြီး စကားပြောကောင်းစေမှာပါ

ဒီအချက်တွေက သင့်ကို စတိဗ့်ဂျော့ထက် ပိုပြီး စကားပြောကောင်းစေမှာပါ google.com

ကျွန်တော်တို့ရောက်နေတဲ့ခေတ်မှာ ပြောဆိုဆက်ဆံရေးကောင်းမွန်ဖို့ဆိုတာ ရှိကိုရှိရမှာပါ။ ကံကောင်းတာက လူတိုင်ကို ခေါင်းဆောင်တစ်ယောက်ဖြစ်စေပြီးတော့ အပြောအဆိုကောင်းတဲ့ သူတစ်ယောက်ဖြစ်စေနိုင်တဲ့ နည်းလမ်းတွေရှိနေခြင်းပါပဲ။

ဒါကြောင့် ပြောဆိုဆက်ဆံရေးလျှို့ဝှက်ချက်အချို့က သင့်ရဲ့အောင်မြင်မှုကို ကူညီပေးနိုင်တယ်ဆိုတဲ့အကြောင်း ပြောပြမလို့ပါ။

communication ဆိုတာဘာကြီးလဲ

ကျွန်တော်ပြောမယ့်အောက်ကနည်းလမ်းတွေကို နားလည်ဖို့အတွက် ဘာကိုလေ့လာမှာလဲဆိုတာ သိထားဖို့ အရင်ဦးဆုံး လုပ်ဆောင်ရမှာပါ။ communication ဆိုတာကတော့ နှုတ်အားဖြင့်၊ အမူအယာအားဖြင့် ပေးလိုက်တဲ့အချက်အလက်ကို လက်ခံခြင်း၊ အချက်အလက်တွေ ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

အဲဒီအထဲမှာ စကားပြောဆိုမှု၊ စာရေးခြင်း၊ သင်္ကေတ၊ အမူအယာတွေဖြစ်ပါတယ်။ လူတွေက အချက်အလက်တွေ၊ အယူအဆတွေ၊ ယုံကြည်မှုတွေ၊ ခံစားချက်တွေကို မျှဝေနိုင်ကြပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ communication စကေးရှိမယ်ဆိုရင် လူသစ်တွေနဲ့ တွေ့ဆုံခြင်း၊ သူငယ်ချင်းပြုလုပ်ခြင်း၊ အချစ်ရှာဖွေခြင်းတွေမှာ ကောင်းကောင်း အကူညီရနိုင်ပါတယ်။

သင်တွေးထားတာကို ပြောဖို့သတ္တိရှိပါ

သင့်ရဲ့အကြံက နားထောင်ဖို့မထိုက်တန်ဘူးလို့ တွေးမိလို့ မပြောရဲတာမျိုးမလုပ်ပါနဲ့။ ပြောဖို့ တွန့်ဆုတ်မနေပါနဲ့။

သင့်ရဲ့အကြောက်တရားတွေကို ကျော်လွန်နိုင်ဖို့ အကောင်းဆုံးလုပ်ဆောင်ပါ။ သင့်ရဲ့စကားတွေကို နားထောင်ပြီးတန်ဖိုးထားမယ့်တစ်ယောက်ကတော့ အမြဲရှိပါတယ်။ နားမထောင်တဲ့သူလည်း ရှိမှာပဲ။ လူတွေကြားချင်တာကို ပြောသင့်၊ မပြောသင့်က ဘယ်သူပြောတာလဲ။

မျက်လုံချင်းဆုံခြင်း

သင်နဲ့စကားပြောနေတဲ့သူရဲ့ မျက်လုံးကိုဆုံကြည့်ပြီးတော့ ပြောတဲ့အခါ ဘယ်လိုခံစားရသလဲ။ သူပဲဖြစ်ဖြစ်၊ သူမပဲဖြစ်ဖြစ်၊ သင်ပြောတာကို စိတ်ဝင်တစားနားထောင်နေတယ်လို့ ထင်လား။ ဒါပေါ့။

သင်ပြောနေတဲ့သူရဲ့ မျက်လုံးကို စိတ်ကြည့်လိုက်ခြင်းက သင့်ရဲ့စကားကို နားထောင်စေနိုင်ဖို့ အာရုံကို ဆွဲခေါ်လိုက်တာဖြစ်ပြီးတော့ ကိုယ့်ရဲ့စကားပြောဆိုမှုကို အောင်မြင်စေနိုင်ပါတယ်။ ဒါပေမယ့်လည်း ၅-၁၅စက္ကန့်တိုင်းမှာ အကြည့်ချင်းဆုံတာကို ခဏနားပေးသင့်ပါတယ်။

နားထောင်ခြင်း

သင့်စကားကို ကြားမဖြတ်ဘဲ လူဘယ်နှစ်ယောက်က နားထောင်ပေးနိုင်သလဲ။ တွေ့လား ဒီစကေးက ဘယ်လောက်အရေးပါသလဲဆိုတာကိုပေါ့။ နားထောင်ကောင်းသူတစ်ယောက်ဖြစ်ခြင်းက အခြားသူရဲ့ မျက်လုံးနဲ့ ကမ္ဘာကြီးကိုကြည့်လိုက်ရသလိုပါပဲ။ သင့်ရဲ့စိတ်ကူးတွေကို ခဏမေ့ထားပြီးတော့ သူတို့ရဲ့ ခံစားချက်၊ အယူအဆတွေကို ဖော်ပြခွင့်ပေးလိုက်ပါ။ သင်စကားစမပြောခင်မှာ သူတို့ပြီးသွားတာ သေချာပါစေ။

အသံနှုန်း

စကားမြန်မြန်ပြောမယ်ဆိုရင် လူတွေက ယုံကြည်မှုမရှိဘူးလို့ သင့်ကိုထင်လိမ့်မယ်။ သင်ဟာ ထိတ်လန့်နေတဲ့သဘောသက်ရောက်နေတယ်။ နှေးနှေးလေးပြောမယ်ဆိုရင်တော့ လူတွေက စကားဆုံးအောင် နားထောင်မှာမဟုတ်ဘူး။

ကျယ်ကျယ်ပြောပြီးတော့ နှုန်းကိုနှိမ့်လိုက်တာက သင်ပြောလိုတဲ့ အဓိကအချက်နဲ့ အဆုံးသတ်အချိန်တွေမှာ အသုံးပြုသင့်တယ်။ စကားပြောတဲ့နှုန်းက နားထောင်သူတွေကို လှုံ့ဆော်ပေးနိုင်ပြီးတော့ မျက်လုံးချင်း ဆုံသွားစေနိုင်ပါတယ်။

အသံအတိုးအကျယ်

အတိုးအကျယ်ကို သင့်တော်တဲ့အဆင့်မှာထားဖို့က မလွယ်ကူနိုင်ပါဘူး။ ထိတ်လန့်နေတဲ့အချိန်၊ ပြောစရာများနေတဲ့အချိန်မှာပေါ့။ အရေးကြီးတာတွေ မမေ့အောင်သတိထားနေရတယ်လေ။ တိုးညင်းစွာပြောဆိုခြင်းကို လူရင်းတွေနဲ့ပြောဆိုတဲ့အခါ အသုံးပြုပါ။ အသံကျယ်ကျယ်နဲ့ပြောဆိုခြင်းကိုတော့ လူအုပ်ကြီးနဲ့ နေရာကျယ်ကျယ်မှာ ပြောဆိုတဲ့အခါ အသုံးပြုပါ။

စကားလုံးရွေးချယ်မှု

မကြားတကြားပြောတဲ့သူတွေကို ဘယ်လိုမြင်လဲ။ စကားလုံးတွေကို အသံထွက်ဖို့အတွက် တွန့်ဆုတ် နေခြင်းက လူတွေနားလည်ဖို့အတွက် ခက်ခဲသွားနိုင်တယ်။ သင်ပြောလိုက်တဲ့စကားလုံးကို ထပ်ကာထပ်ကာ ပြန်မေးနေမယ်ဆိုရင် စကားလုံးရွေးချယ်မှုကို စဉ်းစားရတော့မယ်။ နားထောင်တဲ့သူတွေအတွက် လွယ်ကူ စေဖို့အတွက် စကားလုံးတွေကို ပီပီသသထွက်ပြီးတော့ ရိုးရှင်းတဲ့ဝါကျတွေကို အသုံးပြုပါ။ ရှုပ်ထွေးတဲ့ စာလုံးတွေကို ရှောင်ပါ။

အသံထွက်

အသုံးပြုမယ့်စကားလုံးထဲမှာ မသိတဲ့စကားလုံးတွေပါနေတယ်ဆိုရင် ကြိုကြည့်ထားပါ။ ဒါမှမဟုတ် လုံးဝမသုံးပါနဲ့။ တစ်နေ့ကို စကားလုံးအသစ် ၁-၅လုံးလောက် လေ့ကျင့်ပါ။ သူငယ်ချင်းတွေနဲ့ အသုံးပြုကြည့်ပါ။ အသုံးပြုတဲ့စကားလုံးတွေကို သိရှိခြင်းက ယုံကြည်မှုရှိလာစေတယ်။

ဒါကြောင့်လူတွေကသင့်ကိုယုံကြည်လာစေတယ်။ သင့်ရဲ့စကားလုံးအပေါ်မှာမူတည်ပြီးတော့ ဆုံးဖြတ်ရမယ့်သူတွေက စဉ်းစားလိမ့်မယ်။ စကားလုံးအတွက် အကျိုးရှိဆုံးနည်းလမ်းကတော့ စာဖတ်ခြင်းပါပဲ။ စကားလုံးအသစ်တွေတိုးပွားလာစေနိုင်ပါတယ်။ နောက်တစ်ခုက e-books နားထောင်ခြင်းပါ။ အသံထွက်တွေကို မှန်မှန်ကန်ကန် နားလည်နိုင်ပါတယ်။

လက်ဟန်ခြေဟန်

ကျွန်တော်တို့လက်တွေကို အသုံးပြုခြင်းက ကျွန်တော်တို့အကြောင်းကို ပြောပြနိုင်ပါတယ်။ တချို့လက်ဟန်တွေက သင့်စိတ်ကူးကို မီးမောင်းထိုးပြချိန်မှာ အကျိုးရှိစေပေမယ့် တချို့လက်ဟန်တွေကတော့ နားထောင်သူတွေကို ရန်လိုတဲ့အမူအယာ ပြသလိုဖြစ်နိုင်ပါတယ်။ သတိထားရမှာက အကျိုးရှိတဲ့ဟန်တွေက သဘာဝဆန်တယ်၊ နှေးတယ်၊ လေးနက်တယ်။

သင့်တုံ့ပြန်မှုကို အခြားသူတွေစောင့်မနေရစေနဲ့

စာပို့ခြင်းအတွက် တစ်ပတ်ကို ၂၃နာရီလောက် အချိန်အသုံးပြုကြတယ်။ သင်ပို့လိုက်တဲ့စာကို ချက်ချင်းနီးပါး တုံ့ပြန်တယ်ဆိုရင်တော့ အခွင့်အရေးကောင်းကောင်း ရှိနေပါတယ်။

တစ်ယောက်ယောက်ကိုစာပို့လိုက်လို့ ရရချင်းမှာ တုံ့ပြန်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တတ်ကြတယ်။ စာဖတ်ပြီးလို့ ချက်ချင်းမပြန်ရင် ပြောလိုက်တဲ့သူက သင့်ကိုစိတ်မ၀င်စားလို့ပါပဲ။ ဒီတော့ နောက်ကျသွားရင် တောင်းပန်ပါ။ ပြီးတော့ မြန်မြန်စာပြန်ပါ။

ဒီအချက်တွေကိုသာ လိုက်နာမယ်ဆိုရင် သင်ဟာ စတိဗ်ဂျော့ထက် စကားပိုပြောကောင်းသူ ဖြစ်လာမှာပါ။

Read-သင်ဟာ သူများထက် ထူးခြားသူ ဖြစ်ကြောင်း ဒီအချက်တွေက ပြသနေပါတယ်

Credit; Original Writer

Read times
Rate this item
(2 votes)