-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဘယ္လိုျပႆနာပဲျဖစ္ျဖစ္ အေျဖက သံုးမ်ိဳးပါ

ဘယ္လိုျပႆနာပဲျဖစ္ျဖစ္  အေျဖက သံုးမ်ိဳးပါ google.com

လက္ခံလိုက္ပါ….

ဟုတ္ပါတယ္ လက္ခံရမယ္…

ကိုယ္ေရာက္ေနတဲ့ေနရာ ကိုယ့္လက္ရွိအေနအထား  ဒါေတြကို လက္ခံရမယ္….

ကံနဲ႔ ကံရဲ႕အက်ိဳးကို လက္ခံရမယ္….

ကိုယ္ဟာ အရာရာတိုင္းမွာ စူပါမျဖစ္ဘူးဆိုတာ လက္ခံရမယ္….

ရလဒ္တိုင္းအတြက္ ထိုက္တန္တဲ့ရင္းႏွီးေပးဆပ္မႈ ရွိရမယ္ဆိုတာ လက္ခံရမယ္….

ေအာင္ျမင္မႈရွိသလို တခါတေလရွံုးနိမ့္ျခင္းနဲ႔ ႀကံဳရတတ္တာကို လက္ခံရမယ္….

ဘဝဆိုတာ သုခထက္ဒုကၡက ပိုမ်ားတယ္ဆိုတာ လက္ခံရမယ္…

ဘယ္အရာမွ အစိုးမရတဲ့ အနတၱသေဘာကို လက္ခံရမယ္….

အမွန္ကို အမွန္အတိုင္း လက္ခံလိုက္တာနဲ႔ ကိုယ္ဘာလုပ္သင့္တယ္ဆိုတာ သိလာပါလိမ့္မယ္….

ေျပာင္းလဲလိုက္ပါ….

လက္မခံနိုင္ရင္ ေျပာင္းလဲဖို႔ ႀကိဳးစားရမွာေပါ့…

ေျပာင္းလဲတယ္ဆိုတဲ့ေနရာမွာ ႏွစ္ပိုင္းရွိပါတယ္… အေျခအေနကို(သို႔မဟုတ္)ကိုယ့္ပတ္ဝန္းက်င္ကို

ေျပာင္းလဲလိုက္မလား…….ဒါမွမဟုတ္ ကိုယ့္သေဘာထားကို ေျပာင္းလဲမလား…

တစ္ခုခုေတာ့ ေျပာင္းလဲရပါလိမ့္မယ္…

စြမ္းနိုင္ရင္ေတာ့ ကိုယ့္အေျခအေန ကိုယ့္ပတ္ဝန္းက်င္ကို ကိုယ္ျဖစ္ေစခ်င္သလို ေျပာင္းလဲၾကည့္သင့္တယ္…

ဒါက မျဖစ္နိုင္ဘူးဆိုရင္ ကိုယ့္သေဘာထားကို ေျပာင္းလဲလိုက္ရမယ္….

ဟုတ္တယ္…ေျပာင္းလဲရမယ္…..ကိုယ့္ရဲ႕ ရႈေထာင့္ကို ေျပာင္းလဲရမယ္ ကိုယ့္ရဲ႕အျမင္ေျပာင္းလဲ လာပါလိမ့္မယ္…. မုန္းတီးေနတဲ့စိတ္ကို စြဲလမ္းေနတဲ့စိတ္ကို ေျပာင္းလဲလိုက္ရမယ္ …

မလြယ္ဘူး မျဖစ္နိုင္ဘူး မေတြးပါနဲ႔…. အေျခအေနကို ေျပာင္းလဲဖို႔ ႀကိဳးစားတာထက္ ကိုယ့္သေဘာထားကို ေျပာင္းလဲရတာ ပိုလြယ္ပါတယ္… ျဖစ္နိုင္ေခ်ပိုမ်ားပါတယ္…

Read-ေအာင္ျမင္ၿပီးမွ ဘာလုိ႔က်ရွံဳးရျပန္တာလဲ

စြန္႔လႊတ္လိုက္ပါ….

လက္ခံဖို႔ ေျပာင္းလဲပစ္ဖို႔ မတတ္နိုင္ရင္ေတာ့ စြန္႔လႊတ္လိုက္ရမယ္….ဥေပကၡာျပဳလိုက္ရမယ္….

လက္မခံနိုင္တာေတြ သိမ္းထုပ္ထားရင္ အက်ိဳးမမ်ားပဲ အဆိုးပြားပါလိမ့္မယ္….

မျဖစ္နိုင္တာေတြကို ေျပာင္းလဲနိုင္ဖို႔ႀကိဳးစားရင္ အခ်ိန္ကုန္ အားကုန္ရံုကလြဲၿပီး အက်ိဳးမရွိနိုင္ပါဘူး….

အမႈိက္ေတြကို ရွင္းထုတ္လိုက္ပါ… ရလဒ္မရွိတဲ့ ႀကိဳးစားမႈေတြကို စြန္႔လႊတ္လိုက္ပါ….

ဒါမွ ကိုယ္ဆက္သြားရမယ့္ လမ္းမွာေပါ့ေပါ့ပါးပါး ခရီးဆက္နိုင္ပါလိမ့္မယ္…ခ်စ္ျခင္း၊မုန္းျခင္းကင္းတဲ့ ဥေပကၡာတရားဟာ ကိုယ့္အတြက္ အေကာင္းဆံုး ေဆးတစ္ခြက္ပါပဲ….

Credit; WPH

(Unicode Version)

လက်ခံလိုက်ပါ….
ဟုတ်ပါတယ် လက်ခံရမယ်…
ကိုယ်ရောက်နေတဲ့နေရာ ကိုယ့်လက်ရှိအနေအထား ဒါတွေကို လက်ခံရမယ်….
ကံနဲ့ ကံရဲ့အကျိုးကို လက်ခံရမယ်….
ကိုယ်ဟာ အရာရာတိုင်းမှာ စူပါမဖြစ်ဘူးဆိုတာ လက်ခံရမယ်….
ရလဒ်တိုင်းအတွက် ထိုက်တန်တဲ့ရင်းနှီးပေးဆပ်မှု ရှိရမယ်ဆိုတာ လက်ခံရမယ်….
အောင်မြင်မှုရှိသလို တခါတလေရှုံးနိမ့်ခြင်းနဲ့ ကြံုရတတ်တာကို လက်ခံရမယ်….
ဘဝဆိုတာ သုခထက်ဒုက္ခက ပိုများတယ်ဆိုတာ လက်ခံရမယ်…
ဘယ်အရာမှ အစိုးမရတဲ့ အနတ္တသဘောကို လက်ခံရမယ်….
အမှန်ကို အမှန်အတိုင်း လက်ခံလိုက်တာနဲ့ ကိုယ်ဘာလုပ်သင့်တယ်ဆိုတာ သိလာပါလိမ့်မယ်….
ပြောင်းလဲလိုက်ပါ….
လက်မခံနိုင်ရင် ပြောင်းလဲဖို့ ကြိုးစားရမှာပေါ့…
ပြောင်းလဲတယ်ဆိုတဲ့နေရာမှာ နှစ်ပိုင်းရှိပါတယ်… အခြေအနေကို(သို့မဟုတ်)ကိုယ့်ပတ်ဝန်းကျင်ကို
ပြောင်းလဲလိုက်မလား…….ဒါမှမဟုတ် ကိုယ့်သဘောထားကို ပြောင်းလဲမလား…
တစ်ခုခုတော့ ပြောင်းလဲရပါလိမ့်မယ်…
စွမ်းနိုင်ရင်တော့ ကိုယ့်အခြေအနေ ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ဖြစ်စေချင်သလို ပြောင်းလဲကြည့်သင့်တယ်…
ဒါက မဖြစ်နိုင်ဘူးဆိုရင် ကိုယ့်သဘောထားကို ပြောင်းလဲလိုက်ရမယ်….
ဟုတ်တယ်…ပြောင်းလဲရမယ်…..ကိုယ့်ရဲ့ ရှုထောင့်ကို ပြောင်းလဲရမယ် ကိုယ့်ရဲ့အမြင်ပြောင်းလဲ လာပါလိမ့်မယ်…. မုန်းတီးနေတဲ့စိတ်ကို စွဲလမ်းနေတဲ့စိတ်ကို ပြောင်းလဲလိုက်ရမယ် …
မလွယ်ဘူး မဖြစ်နိုင်ဘူး မတွေးပါနဲ့…. အခြေအနေကို ပြောင်းလဲဖို့ ကြိုးစားတာထက် ကိုယ့်သဘောထားကို ပြောင်းလဲရတာ ပိုလွယ်ပါတယ်… ဖြစ်နိုင်ချေပိုများပါတယ်…
စွန့်လွှတ်လိုက်ပါ….
လက်ခံဖို့ ပြောင်းလဲပစ်ဖို့ မတတ်နိုင်ရင်တော့ စွန့်လွှတ်လိုက်ရမယ်….ဥပေက္ခာပြုလိုက်ရမယ်….
လက်မခံနိုင်တာတွေ သိမ်းထုပ်ထားရင် အကျိုးမများပဲ အဆိုးပွားပါလိမ့်မယ်….
မဖြစ်နိုင်တာတွေကို ပြောင်းလဲနိုင်ဖို့ကြိုးစားရင် အချိန်ကုန် အားကုန်ရုံကလွဲပြီး အကျိုးမရှိနိုင်ပါဘူး….
အမှိုက်တွေကို ရှင်းထုတ်လိုက်ပါ… ရလဒ်မရှိတဲ့ ကြိုးစားမှုတွေကို စွန့်လွှတ်လိုက်ပါ….
ဒါမှ ကိုယ်ဆက်သွားရမယ့် လမ်းမှာပေါ့ပေါ့ပါးပါး ခရီးဆက်နိုင်ပါလိမ့်မယ်…ချစ်ခြင်း၊မုန်းခြင်းကင်းတဲ့ ဥပေက္ခာတရားဟာ ကိုယ့်အတွက် အကောင်းဆုံး ဆေးတစ်ခွက်ပါပဲ….
Credit; WPH

Read times
Rate this item
(1 Vote)