နိုင်ငံခြားမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ စီးပွားရေးပုံပြင်တစ်ခုပါ။
မြေပဲ ဖြစ်ထွန်းတဲ့ရွာတစ်ရွာရှိပါတယ်။ မြေပဲပေါ်ချိန်မှာ လယ်သမားများဟာ မိမိစိုက်သောမြေပဲများကို နီးစပ်ရာ ရွာဈေးမှာဖြစ်ဖြစ်၊ ပွဲရုံမှာဖြစ်ဖြစ် သွားရောင်းချကြပါတယ်။ သူတို့ ပိုက်ဆံနဲ့ တစ်ကီလို တစ်ကျပ်ရောင်းပါတယ်။ အဲ့ဒါ လယ်ယာစီးပွားရေးတဲ့။
နောက်မှာတော့
မြေပဲကို အခြောက်လှမ်းကြတယ်။ မြေပဲမုန့်မျိုးစုံလုပ်လာကြတယ်။ မြေပဲမုန့်အလုပ်ရုံတွေ ပေါ်လာတယ်။ မြေပဲဝယ်လိုအားများလာပါတယ်။ တစ်ကီလို ( ၁၀ ) ကျပ်နဲ့ ရောင်းပါတယ်။ အဲဒါ စက်မူစီးပွားရေးတဲ့။
အချို့လူတွေက မြေပဲကို သေသေချာချာ အထုပ်လှလှလေးတွေ ထုပ်ပြီး မြို့မှာရှိတဲ့ စူပါမတ်ကက်တို့၊ စတိုးဆိုင်တို့၊ ရှော့ပင်းမောတို့ တွေမှာတင်ရောင်းသတဲ့။ တစ်ကီလို ( ၂၀ ) ရတယ်။ အဲဒါ ကုန်သွယ်စီးပွားရေးတဲ့။
နောက်ပိုင်းမှာ အချို့လူတွေက မြေပဲကို ပိုမိုအရသာရှိအောင် ပြုပြင်မွန်းမံပြီးအထုတ်သေးသေးလေးထဲထည့်ကာ ဟိုတယ်တွေ၊ ကာရာအိုကေတွေ၊ ဘားဆိုင်တွေ၊ ကော်ဖီဆိုင်တွေမှာရှိတဲ့ ကောင်တာမှာ သွားတင်ရောင်း ပါတယ်။ တစ်ကီလို ( ၃၀ ) ရတယ်။ အဲဒါ့ ၀န်ဆောင်မူ စီးပွားရေးတဲ့။
အဲဒီရွာမှာ ရှိတဲ့ စီးပွားရေး အမျှော်အမြင်ရှိတဲ့လူတွေ ဦးဆောင်ပြီး မြေပဲကို အကြောင်းပြုပြီး မြေပဲမုန့်အမျိုးမျိုး၊ မြေပဲဟင်းလျာအမျိုးမျိုး၊ မြေပဲခြံအလှ၊ မြေပဲ ပြုပြင်မွမ်းမံပုံ အဆင့်ဆင့် စသည်တို့ကို ၀ိုင်းရံပြီး ခရီးသွားအပမ်းဖြေလုပ်ငန်း နဲ့ ဆက်စပ်သွားအောင် ဖန်တီးပါတယ်။
ခရီးသွားတိုးရစ်များ မြေပဲစိုက်၊ မြေပဲမွမ်းမံ စတဲ့လုပ်ငန်းစဉ်တွေမှာ ကိုယ်တိုင်ပါဝင်နိုင်တဲ့အထိ ဖန်တီးပေးထားပါတယ်။ အဲဒီရွာမှာ နေထိုင်တဲ့ လယ်သမားများ တစ်ရက်ကို ပျမ်းမျှ ဒေါ်လာ( ၂၀၀ ) အထိဝင်ငွေရှိသွားတယ်လို့ ဆိုပါတယ်။ အဲဒါကို သူတို့က Experience Economy ထိတွေ့ စီးပွားရေးလို့ ခေါ်သတဲ့။
ဒါကြောင့်မို့လို့ စီးပွားရေးတိုးတက်အောင် အကောင်အထည်ဖေါ်တာချင်းအတူတူ အမျှော်အမြင်ရှိပြီး ဝေးဝေးကြည့် ကျယ်ကျယ်တွေးနိုင်ပါမှ လမ်းကြောင်းမှန်ကို မြန်မြန်ရောက်နိုင်ပါတယ်။ လုပ်ဆောင်တတ်ရင် မြေပဲတောင်မှ ရတနာဖြစ်သွားနိုင်တယ်။ အကိုင်အတွယ်မတတ်ရင် ရတနာလည်း မြေပဲပြန်ဖြစ်သွားနိုင်ပါတယ်။
Read-အသက်ငယ်ပေမယ့် စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်ချင်တဲ့ သူတွေအတွက်
Credit; Sayar Aung Ko latt