ပုံစံအသစ်နဲ့ ထုတ်ဖော်လိုက်တဲ့ Tiger Bar Snacks
ကြော်ငြာ အေဂျင်စီတွေ အတော်များများ အနေဖြင့် တချို့ လုပ်လို့ရတဲ့ ကိစ္စရပ်တွေကိုသာ အိမ်မှ လုပ်ကိုင်လျက်ရှိပြီး လူစု လူဝေးဖြင့်လုပ်ရမဲ့ ကြော်ငြာ ပိုင်းဆိုင်ရာ Billboard လမ်းမထက်ထားရှိ ရမည့်ကိစ္စရပ်များ ၊ ဘတ်စ်ကား မှတ်တိုင်ကြော်ငြာ ထည့်သွင်းခြင်းလုပ်ငန်းများ အပြင် လူစုလူဝေးဖြင့် တီဗီကြော်ငြာ ရိုက်ကူးရမည့် ကိစ္စတွေကို ရှောင်ကြည်ထားတယ်သိရပါတယ်။
<<<Unicode>>>
ကိုရိုနာ ဗိုင်းရပ်က ကြော်ငြာ လုပ်ငန်းဆောင်တာများကို သက်ရောက်မှု့ ရှိပါသလား
ကမ္ဘာ့ ကြော်ငြာ ရေးရာ နယ်ပယ်က တော့ ရံဖန်ရံခါအခု လိုပဲ အကျပ်အတည်းနဲ့ ကြုံနေရတာပါပဲ။အခု လို Covid - 19 ရောဂါ တစ်ကမ္ဘာ့ လုံးနဲ့ အမျှ ခံစားနေရတာနဲ့ အမျှ နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေ အစိုးရ အဖွဲ့ ဝင်တွေကလည်း တိုင်းသူပြည်သားတွေအတွက် ကျန်းမာရေး ဆိုင်ရာ ထိခိုက်မှု့ အမြှောက်အများ မဖြစ်စေ ရအောင်ကာကွယ်ဖို့ ကြိုးစားကြပါတော့တယ်။
WPP , Google , Microsoft , Twitter , Hitachi , Apple , Amazon , Chevron , Salesforce , Spotify စတဲ့ လုပ်ငန်းစုကြီးများ အပြင် အင်္ဂလန် နိုင်ငံ ၊ အမေရိကန် နိုင်ငံ နှင့် တောင်ကိုရီးယား နိုင်ငံရဲ့ လုပ်ငန်းစုကြီးအတော်များများဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က နေစတင်ကာ အိမ်မှ အလုပ်လုပ်တဲ့ စနစ်ကို စတင်နေပြီသိရပါတယ်။
ကြော်ငြာ အေဂျင်စီတွေ အတော်များများ အနေဖြင့် တချို့ လုပ်လို့ရတဲ့ ကိစ္စရပ်တေ ွကိုသာ အိမ်မှ လုပ်ကိုင်လျက်ရှိပြီး လူစု လူဝေးဖြင့်လုပ်ရမဲ့ ကြော်ငြာ ပိုင်းဆိုင်ရာ Billboard လမ်းမထက်ထားရှိ ရမည့်ကိစ္စရပ်များ ၊ ဘတ်စ်ကား မှတ်တိုင်ကြော်ငြာ ထည့်သွင်းခြင်းလုပ်ငန်းများ အပြင် လူစုလူဝေးဖြင့် တီဗီကြော်ငြာ ရိုက်ကူးရမည့် ကိစ္စတွေကို ရှောင်ကြည်ထားတယ်သိရပါတယ်။
ထို့ အပြင် Talk Show အစီအစဉ်များလဲ မရှိတော့ ကာ ကြားဖြတ်ကြော်ငြာ တွေလဲ မတွေ့ရတော့ ဘူးပေါ့ Jimmy Kimmel , Jimmy Fallon နှင့် Ellen စတဲ့ နာမည်ကြီး Talk Show အကျော်အမော် တွေလဲ အိမ်မှာပဲ နေနေ ကြပါတယ်။ရုပ်သံဌာန တွေကလည်း ဝန်ထမ်းတွေ ကို အိမ်ကနေပဲ အလုပ်လုပ်ခိုင်းပါတော့တယ်။
The Marketing Society က လူတွေရဲ့ ပြောဆိုပုံ အရဆို ကိုရိုနာ ရောဂါဖြစ်တာ ကြောင့် ၎င်းရောဂါ စစဖြစ်တဲ့
ရက်ထဲ ကကြော်ငြာ ရေးရာ နယ်ပယ် က အေးစက်လာပါတယ်တဲ့ အခုအခါမှာလည်း အတော်လေး ကြော်ငြာ ရေး ရာ ကိစ္စရပ် လုပ်ကိုင်သူအနည်းပါးက ကြော်ငြာ Industry ရပ်တန့် သလိုတောင်ဖြစ်လာတော့ မယ်လို့သိရပါတယ်။ကြော်ငြာရေးရာသာမက ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းအများစုဟာ ဆုတ်ယုတ်မှုတွေနဲ့ကြုံတွေ့နေရပါတယ်။
Reference Source: Ad week