-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဝန်ထမ်းတွေနဲ့ လုပ်ငန်းအဖွဲ့အစည်းကြား ဆက်ဆံရေးပိုမိုကောင်းမွန်အောင်

ဝန်ထမ်းတွေနဲ့ လုပ်ငန်းအဖွဲ့အစည်းကြား ဆက်ဆံရေးပိုမိုကောင်းမွန်အောင် Google

အဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းတစ်ခု ဒါမှမဟုတ် ကုမ္ပဏီတစ်ခုအောင်မြင်တာ၊ ကျရှုံးတာဟာ ဝန်ထမ်းတွေရဲ့လုပ်ဆောင်မှုပေါ်မှာ အများကြီးမှုတည်ပါတယ်။

အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ငန်းဆောင်တာတွေကို တာဝန်ယူလုပ်ကိုင်ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေအတွက် တက်ကြွစွာဆောင်ရွက်လိုပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိဖို့ အလွန်ပဲအရေးကြီးပါတယ်။ ဒီလိုမဟုတ်ပဲ လုပ်ငန်းမှာစီမံခန့်ခွဲအုပ်ချုပ်နေတဲ့ အထက်အရာရှိတွေက ဝန်ထမ်းတွေဘာလုပ်လုပ်အကောင်းမမြင်ပဲ ဆန့်ကျင်ဘက်ချည်းပဲပြောဆိုကြိမ်းမောင်းနေပါက ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းမှာ ထိုက်သင့်တဲ့တီထွင်ဖန်တီးလုပ်ဆောင်နိုင်မှုကို ထုတ်ပေးနိုင်မှာမဟုတ်တော့ပါဘူး။

ဒါကြောင့် ထိပ်ပိုင်းစီမံခန့်ခွဲသူတွေနဲ့ ဝန်ထမ်းတွေကြားနားလည်မှုရှိရှိ အတူတကွလက်တွဲဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ကုမ္ပဏီနဲ့ဝန်ထမ်းတွေကြားမှာ ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းအတွက် အစွမ်းရှိသလောက်ဆောင်ရွက်ရမှာဖြစ်သလို လုပ်ငန်းအဖွဲ့အစည်းဘက်ကလည်း ဝန်ထမ်းတွေကို အလုပ်ပိုလုပ်ချင်အောင်၊ ကြိုးစားချင်လာအောင် အားပေးပံပိုးပေးဖို့ လိုပါတယ်။ ဒါမှ လုပ်ငန်းဟာ ပျော်ရွှင်စွာလုပ်ကိုင်ကြတဲ့ ဝန်ထမ်းတွေနဲ့အတူ အောင်မြင်မှုတွေ ရရှိမှာဖြစ်ပြီး Win-Win Situation ရှိလာမှာဖြစ်ပါတယ်။

ဝန်ထမ်းတွေရဲ့ ဖြစ်ပေါ်နေတဲ့ ပြဿနာ၊ လိုအပ်ချက်ကို လုပ်ငန်းအဖွဲ့အစည်းက ဘယ်လိုသိအောင်လုပ်ပြီး ဘယ်လိုမျိုးဖြေရှင်းလဲဆိုတာကလည်း အရေးကြီးပါတယ်။ စတဲ့ ဝန်ထမ်းတွေနဲ့ လုပ်ငန်းအဖွဲ့အစည်းကြား ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ဘယ်လိုတည်ဆောက်မလဲ၊ အတူတကွအောင်မြင်မှုတွေ ဘယ်လိုရယူမလဲ စတာတွေနဲ့ ပတ်သက်ပြီး “Employee Engagement” ပွဲကို တက်ရောက်လေ့လာဖို့ ဖိတ်ခေါ်အပ်ပါတယ်။ ဒီပွဲလေးကို သြဂုတ်လ(၁၈)ရက်နေ့ (တနင်္ဂနွေနေ့)၊ နံနက် ၉း၃၀ နာရီ မှ ၁၂း၀၀ နာရီ အထိ UMFCCI (မင်္ဂလာခန်းမ)၊ အမှတ်(၂၉ )၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Read More>>> သင့်ကုမ္ပဏီက ဘယ်လိုအမျိုးအစားထဲမှာပါပါသလဲ...?

အခမဲ့ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး စိတ်ပါဝင်စားလို့တက်ရောက်ချင်သူတွေအနေနဲ့ အမည်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်ရာထူး၊ ကုမ္မဏီနာမည်နဲ့ Email လိပ်စာတွေကို 09 785 606060 ၊ သို့မဟုတ် 09 968 557 560 သို့ SMS ပေးပို့ပြီး စာရင်းသွင်းနိုင်ပါတယ်။ အွန်လိုင်းကနေ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ ဒီလင့်ခ်လေးမှာ http://bit.ly/2YmS2as စာရင်းပေးသွင်းနိုင်ပါတယ်။ စာရင်းပေးသွင်းပြီးနောက် အတည်ပြုချက် စောင့်ဆိုင်းဖို့မလိုဘဲ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ အသေးစိတ် သိရှိမေးမြန်းလိုပါက Hot Line ဖုန်းနံပါတ် 09 785 606060 ၊ သို့မဟုတ် 09 968 557 560 ကို ဆက်သွယ်နိုင်ပါတယ်။

Myanmar Advertising Directory

Read times
Rate this item
(0 votes)