-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ကုမ္ပဏီက ဘယ်လိုအမျိုးအစားထဲမှာပါပါသလဲ...?

သင့်ကုမ္ပဏီက ဘယ်လိုအမျိုးအစားထဲမှာပါပါသလဲ...? Google

ကုမ္ပဏီအမျိုးအစား (၄) မျိုးရှိတယ်လို့ မားကတ်တင်းဂုရုကြီး Philip Kotler ပြောဆိုဖူးပါတယ်။

ဒီအမျိုးအစားတွေထဲကမှ သင့်ကုမ္ပဏီကဘယ်အမျိုးအစားထဲမှာပါသလဲ...?

၁။ အဖြစ်အပျက်တွေဖြစ်ပေါ်လာအောင် ဖန်တီးနေတဲ့ကုမ္ပဏီတွေ

ဆိုလိုတာက စားသုံးမှုအလေ့အထတွေ ပြောင်းလဲစေတဲ့အဖြစ်အပျက်တွေကို ကုမ္ပဏီတွေက ဖန်တီးပေးလိုက်တာပါ။ ဥပမာ - အရင်က ဖုန်းဆို ခလုပ်တွေအများကြီးနဲ့ ကီးပတ်လောက်ပဲ သုံးနေတဲ့ အလေ့အထကနေ "Touch Screen" ဖုန်းတွေကိုတီထွင်ပြီး ဖုန်းဈေးကွက်ကြီးတစ်ခုလုံးရဲ့ သုံးစွဲမှုပုံစံကို ပြောင်းလဲစေခဲ့တဲ့ အဖြစ်အပျက်မျိုး ဖြစ်ပါတယ်။

၂။ ဖြစ်ပေါ်နေတဲ့အဖြစ်အပျက်တွေကိုစောင့်ကြည့်ပြီး တုန့်ပြန်မှုပေးနိုင်တဲ့ကုမ္ပဏီ

ဥပမာ ပြောရရင် Apple က ဖုန်းအသစ်တစ်မျိုးထုတ်တဲ့အခါ Samsung ကလည်း နောက်ကျမခံပဲ သူ့ထက်ပိုသာမယ့် နောက်အသစ်တစ်မျိုးထုတ်သလိုမျိုးပေါ့။

၃။ ဖြစ်ပေါ်နေတဲ့အဖြစ်အပျက်တွေကို စောင့်ကြည့်နေပေမယ့် တုန့်ပြန်မှုမပေးနိုင်တဲ့ကုမ္ပဏီ

သူကျတော့ဈေးကွက်မှာ ဘယ်လိုကုန်ပစ္စည်းအသစ်တွေကို ပြိုင်ဘက်တွေကထုတ်နေလဲဆိုတာကိုတော့ သိတယ်။ ဒါပေမယ့် လိုက်မထုတ်နိုင်ဘူး။ နည်းပညာ၊ ငွေကြေးတစ်ခုခု လိုနေတဲ့သဘောလိုမျိုး။ ဒါတွေ ပြည့်စုံရင်တော့ ပြိုင်ဘက်ကိုယှဉ်ပြိုင်နိုင်မယ့် ကုမ္ပဏီမျိုးတွေဖြစ်ပါတယ်။

၎။ ဘာတွေဖြစ်ပျက်နေလဲဆိုတာတောင် မသိတဲ့ကုမ္ပဏီ

သူကျတော့ အဆိုးဆုံးပဲ။ မြင်သာအောင်ပြောရရင် ကီးပတ်ခေတ်တုန်းက ဈေးကွက်ဝေစုအများကြီးရထားတဲ့ နိုကီယာက သူ့ပြိုင်ဘက်တွေ ဖုန်းအသစ်အဆန်းတွေ ထုတ်နေတာကိုလိုက်လည်း မပြိုင်၊ ဈေးကွက်အခြေအနေကို ဆန်းစစ်မှုလည်း မပြုလုပ်တဲ့အတွက် နောက်ဆုံးဈေးကွက်ထဲကနေ အရှုံးပေးထွက်ခွာသွားရတာ အားလုံးမျက်မြင်ပါပဲ။

သင့်ကုမ္ပဏီ၊ သင့်လုပ်ငန်းရော ဘယ်လိုအမျိုအစားထဲ ပါပါသလဲ???
ကုမ္ပဏီတစ်ခုဟာ အနှစ် (၂၀) အထိ တည်တံဖို့ အင်မတန်ခက်ခဲပါတယ်။

Forbes မဂ္ဂဇင်းအရ (၁၉၁၇) ခုနှစ်က အကောင်းဆုံးစာရင်းဝင်ခဲ့တဲ့ ကုမ္ပဏီ (၁၀၀) ဟာ (၁၉၈၇) ခုနှစ်လည်း ရောက်ရော ကုမ္ပဏီ (၁၅)ခုသာ ဈေးကွက်ထဲကျန်ရှိပါတော့တယ်။ နှစ်ကာလရှည်ကြာ နာမည်ကောင်းနဲ့ တည်တံ့နေတဲ့ကုမ္ပဏီတွေမှာ ထူးကဲတဲ့လုပ်ဆောင်မှုတွေ ရှိနေပါတယ်။

သူတို့တွေဟာ ဖောက်သည်တွေအတွက် ကုန်ပစ္စည်းသက်သက်ကို ထုတ်လုပ်ပေးနေတာ မဟုတ်ပါဘူး။ ဖောက်သည်တွေ အမြတ်တနိုး၊ လိုချင်တပ်မက်စေတဲ့ "တန်ဖိုး" တစ်ခုကို ပေးနေတာပါ။ နောက်တစ်ချက်က သူတို့တွေဟာ လောလောဆယ် ဖောက်သည်တွေ မတောင်းဆိုသေးပေမယ့်လည်း အနာဂတ်ကာလမှာ လိုအပ်လာနိုင်ချေရှိတဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ကြို တင်ရောင်းချနိုင်တာကလည်း အားသာချက်ကြီးတစ်ခုပါ။

Read More>>> Giphy ရဲ့ GIF ကြော်ငြာ

Credit; Htet Zan Linn

 

Read times
Rate this item
(1 Vote)