-->
×

Warning

JUser: :_load: Unable to load user with ID: 29


Personal Brand တစ်ခု တည်ဆောက်ဖို့ သိထားသင့်တဲ့ အချက် (၅)ချက်

Personal Brand တစ်ခု တည်ဆောက်ဖို့ သိထားသင့်တဲ့ အချက် (၅)ချက် google


Personal Brand ဆိုတာဟာ ခုခေတ်မှာ မရှိမဖြစ်လိုအပ်လာတဲ့ အရာတစ်ခုပါ။

အရင်က celebrity တွေသာ ကိုယ်ပိုင်အမှတ်တံဆိပ် တစ်ခုတည်ဆောက်ဖို့လိုပေမဲ့ ခုတော့လူတိုင်းနီးပါးမှာ ကိုယ့်မူပိုင်အမှတ်တံဆိပ် personal brand ရှိဖို့လိုအပ်လာပါပီ။ မိမိပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်း လုပ်သူတွေပဲဖြစ်ဖြစ် အများကြားထဲမှာ တမူထူးခြား လူသတိထားမိဖို့ ဆိုရင် ကိုယ့်ရဲ့မူပိုင် brand တစ်ခု တည်ဆောက်ဖို့လိုပါတယ်။ လုပ်ငန်းခွင်မှာ Personal Brand ဘယ်လိုတည်ဆောက်မလဲ။


၁။ မိမိတည်ဆောက်လိုသည့် Personal Brand ကို စဉ်းစားပါ

အရင်ဆုံး လုပ်ဆောင်သင့်တာက မိမိကိုဘယ်လိုလူမျိုးလို့ အများရဲ့အမြင်မှာ မြင်စေချင်တာလဲ ဆိုတာ သေချာသိဖို့လိုပါတယ်။ ကုန်ပစ္စည်းတွေမှာ တစ်ခုခုနဲ့တစ်ခု လူတွေရဲ့အမြင်မတူပါဘူး။ Iphone, Mercedes လို့ပြောရင် ဈေးကြီးတယ် အရေးအသွေး ကောင်းတယ်လို့မြင်သလို ကိုယ့်ကိုလည်း ကူညီပေးတတ်သူ၊ ဆုံးဖြတ်ချက်မြန်သူ၊ အလုပ်ကိုကောင်းမွန်စွာ လုပ်တတ်သူ စသည်ဖြင့် ဘယ်လိုပုံစံနဲ့ မြင်စေချင်သလဲဆိုတာကို အရင်သတ်မှတ်ရပါမယ်။


၂။ Brand Analysis လုပ်ပါ

ဒါက ဘာကိုဆိုလိုချင်တာလဲ ဆိုရင် ခုမှ personal brand စပြီးတည်ဆောက်မဲ့ သူတွေအတွက် ကိုယ့်လုပ်ငန်းခွင်မှာ ကိုယ့်ကို လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမြင်မှာဘယ်လိုရှိနေလဲ ဆိုတာကို အရင်ဆန်းစစ်ကြည့် သင့်ပါတယ်။ ကိုယ်တည်ဆောက်လိုတဲ့ ပုံစံနဲ့ ကွာခြားနေတယ် ဆိုရင်တော့ ဘယ်လို ပြန်တည်ဆောက်မလဲ ဆိုတာကို စဉ်းစားလုပ်ဆောင်ရပါမယ်။


၃။ မိတ်ဆွေဖွဲ့ပါ

လုပ်ငန်းခွင်ထဲမှာ ကိုယ့်အဖွဲ့ထဲက သူတွေနဲ့ သိနေရုံနဲ့မပြီးပါဘူး။ လုပ်ငန်းခွင်ဆိုတာ တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ အခြားဌာနကသူတွေနဲ့ အလုပ်အတူ လုပ်ရတာမျိုး ကြုံတတ်ပါတယ်။ ဒါကြောင့် မိမိလုပ်ငန်းခွင်ထဲမှာ အတတ်နိုင်ဆုံး မိတ်ဆွေဖွဲ့ဖို့အတွက် အချိန်ပေးသင့်ပါတယ်။ မနက်တွေ့ရင် နှုတ်ဆက်တာမျိုး၊ ရုံးကလုပ်တဲ့ပွဲတွေမှာ စကားစမြည် ပြောတာမျိုး၊ ရုံးချိန်ပြင်ပ လုပ်ဆောင်တဲ့ activities တွေမှာ ၀င်ပါတာမျိုး လုပ်ဆောင်ခြင်းဖြင့် မိတ်ဆွေတိုးသလို ကိုယ့်ကိုလည်း လူသိများလာတဲ့အခါ personal brand တည်ဆောက်ပြီးဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လုပ်ငန်းလုပ်ဆောင်တဲ့ အခါမှာလည်း ပိုမိုလွယ်ကူစေပါတယ်။


၎။ အစည်းအဝေးတွေမှာ မေးခွန်းမေးပါ

မေးခွန်းမေးခြင်း ဟာလည်း တစ်နည်းအားဖြင့် မိမိ ကိုလူသတိပြုမိစေတဲ့ နည်းလမ်းပါပဲ။ ဒါကြောင့် အစည်းအဝေးတွေ ရုံးတွင်းဟောပြောပွဲတွေ Townhall တွေမှာ မေးခွန်းမေးနိုင်ဖို့ လုပ်ဆောင်သင့်ပါတယ်။ မိမိမေးတဲ့မေးခွန်းဟာ အဓိပ္ပါယ်ရှိတဲ့ မေးခွန်းတော့ ဖြစ်သင့်ပါတယ်။ ဒီအချိန်မှာ အများကြားထဲမှာ သိသာနေမှာဖြစ်တဲ့အတွက် မိမိအနေနဲ့ ကိုယ့်ရဲ့ brand ပုံရိပ် နဲ့ကိုက်ညီမဲ့မေးခွန်းမျိုးကို အလေးထား မေးသင့်ပါတယ်။


၅။ Project အသစ်တွေမှာ ပါဝင်ပါ

လုပ်ငန်းခွင်အတွင်းမှာ project အသစ်တွေ ရှိလာတဲ့အခါမှာ အခွင့်အရေးပေးလာခဲ့ရင် ၀င်ရောက် လုပ်ဆောင်သင့်ပါတယ်။ ဒါဟာကိုယ့်အတွက် အကောင်းဆုံး personal brand တည်ဆောက်ဖို့အတွက်ရော ပြသဖို့အတွက်ရော အရေးပါပါတယ်။ မိမိအဖွဲ့ထဲကသူတွေက ကိုယ့်အတွက် brand ambassador လို့ခေါ်တဲ့ ကိုယ့်အကြောင်းကို ပြောပေးနိုင်မဲ့သူတွေ ဖြစ်လာနိုင်လို့ပါ။

လုပ်ငန်းခွင်မှာ personal brand တည်ဆောက်ခြင်းဟာ အပေါ်မှာ ဖော်ပြထားသလို အကျိုးကျေးဇူးတွေအပြင် လုပ်ငန်းခွင်ပြင်ပ အတွက်ပါအကျိုးကျေးဇူး ရှိစေနိုင်ပါတယ်။ အရေးအကြီးဆုံးကတော့
မိမိလုပ်ဆောင်ချက်တွေဟာ ကိုယ့် brand အတွက် အမြဲကိုက်ညီနေဖို့ တော့လိုပါတယ်။


credit; Laura Cho

Myanmar Advetising Directory


Read More...Upselling နဲ့ Cross Selling ဆိုတာဘာလဲ

Read times
Rate this item
(1 Vote)