-->
×

Warning

JUser: :_load: Unable to load user with ID: 29


Customer က ကိုယ့်​ရဲ့ services ကို မလိုချင်တော့တဲ့အခါ ဘယ်လို ပြန်ဆွဲဆောင်မလဲ

Customer က ကိုယ့်​ရဲ့ services ကို မလိုချင်တော့တဲ့အခါ ဘယ်လို ပြန်ဆွဲဆောင်မလဲ google

Services လို့ခေါ်တဲ့ ဝန်ဆောင်မှုလုပ်​ငန်း​တွေဟာ အခု​ခေတ်​မှာအများကြီး ​ပေါ်​ပေါက်​လာပါတယ်​။ အရင်က မရှိခဲ့တဲ့၊ မကြားဖူးခဲ့တဲ့ service တွေကို အခုဝယ်ယူသုံးစွဲလို့ရနေပါပြီ။

Services လုပ်​ငန်းဖြစ်​တဲ့အတွက်​ တစ်​​ယောက်​နဲ့တစ်​​ယောက်​ ယုံကြည်​မှုဖြင့်​သာ အလုပ်​လုပ်​ကြရပါတယ်​။ နည်းပညာ ဝန်ဆောင်မှုလုပ်​ငန်းတွေ၊ ပညာရေးဝန်ဆောင်မှု ပေးတဲ့လုပ်​ငန်းတွေ စသည်​ဖြင့်​ အများကြီးပါပဲ။ တခါတရံမှာ ကိုယ့်​ရဲ့ client ကကိုယ့်​ services ကိုမကြိုက်​​တော့ဘူး၊ မယူတော့ဘူးဆိုတဲ့အခါ ပိုင်ရှင်တွေ မန်နေဂျာတွေအနေနဲ့ အရမ်းလန့်​သွားတက်​ပါတယ်​။ services လုပ်​ငန်းဟာ products ထုတ်​တဲ့ လုပ်​ငန်းမဟုတ်​တဲ့အတွက်​​ပိုပြီး ဖြေရှင်းရခက်ခဲတတ်ပါတယ်။ Products ထုတ်​တဲ့သူ​တွေက တစ်​စုံတစ်​ရာအမှားအယွင်း လိုအပ်​ချက်​ရှိလာခဲ့ရင်​ products ကိုပြန်​သိမ်း စစ်​​ဆေးပြီး အသစ်​လဲ​ပေးလို့ ရ​ပေမဲ့ services လုပ်​ငန်းက​တော့ product လိုမဟုတ်​ပါဘူး။ Experience ကိုပြန်​လဲ​ပေးလို့ မရပါဘူး။

ဥပမာ Hotel တစ်​ခုဆိုပါစို့။ ဧည့်​သည်​က ၃ရက်​တည်းသွားတယ်​ အဆင်​မ​ပြေဘူး မ​ကျေနပ်​ဘူးဆိုခဲ့ရင်​ Complementary ၃ရက်​ ပြန်​​ပေးမယ်​ဆိုရင်​​တောင်​ သူရဲ့စိတ်​ထဲမှာမ​ကျေနပ်​မှုက ကျန်​​နေတုန်းပဲ ဘယ်​လိုမှ အစားထိုးလို့မရပါဘူး။ Training ​တွေမှာ သင်​တန်းလာတက်​တဲ့အခါ အဆင်​မ​ပြေမှု မ​ကျေနပ်​မှုဖြစ်​သွားခဲ့ရင်​ ​သူ့ကို​နောက်​တစ်​ကြိမ်​ အလကားလာတက်​ပါဟု ​ပြော​ရင်တောင်သူ့ရဲ့စိတ်​ထဲက Emotions အရကိုယ့်​ရဲ့ Image နှင့်​ Brand ကကျသွားပါပြီ။
ထိုအခါ Brand ကိုကိုင်​တဲ့ Managers သို့ Owners ​တွေဟာ​ကြောက်​သွားတတ်/ပျာသွားတတ်ကြပါ​တယ်​။
? ငါ့ရဲ့ services ကြီးက​တော့ မ​ကောင်း​တော့ပါဘူး ဒါ့​ကြောင့်​ clients က terminate လုပ်​တာ၊ ? clients ကဘာလို့မကြိုက်​တာလဲ ငါအသုံးမကျလိုက်​တာ ​ကောင်း​ကောင်းလုပ်​မ​ပေးနိုင်​ဘူး ? ဝန်​ထမ်း​တွေကလည်းညံ့လိုက်​တာဆိုပြီးဆူတက်​ကြတယ်​။
?တ​ချို့ကျ​တော့လည်း ငါ့ဘက်​က services ဒီ​လောက်​​ပေးထားရက်​နဲ့ clients ကမကြိုက်​တာဆိုပြီး clientကို အပြစ်​တင်​တက်​ကြတယ်​။
တကယ်​တမ်းကျသွားတဲ့/ကျဖို့အလားအလာရှိတဲ့ ကုမ္ပဏီImage နှင့်​ Brand ရဲ့တန်ဖိုးကိုေ​ကာင်း​အောင် ​ပြန်​လည်​တည်​​ဆောက်​ချင်​တယ်​ဆိုရင်​​တော့ နည်းလမ်း​လေး​တွေရှိပါတယ်​။
? Client ဘာပြောပြောလုံးဝမျက်​နှာမပျက်​ပါနဲ့၊ ​လေသံလည်းမ​ပြောင်းပဲဆက်​​ပြောပါ။ သေချာနားထောင်ပါ။
ပြန်တုံ့ပြန်တာ၊ သို့မဟုတ် သေချာနားမထောင်ဘူးဆိုရင် ကိုယ့်​ကို Emotional Intelligence မရှိဘူးလို့ clients ကထင်​သွားနိုင်​ပါတယ်။ ဒါ့​ကြောင့်​လုံးဝ မျက်​နှာမပျက်​ပါနဲ့။
? ဘယ်​သူ့မှ အပြစ်​မတင်​ပါနဲ့။ ကိုယ့်​ကိုကိုယ်​လည်းအသုံးမကျဘူးလို့ အပြစ်​တင်​စရာမလိုသလို ဝန်​ထမ်းကိုလည်းအပြစ်​မတင်​ပါနဲ့။ တချို့​တွေကြ​တော့ clients ကိုအပြစ်​တင်​တတ်​ကြတယ်​။ဘယ်​သူ့ကိုမှ အပြစ်​မတင်​ပါနဲ့။ ဒါသည်​မ​တော်​တဆ ဖြစ်​သွားခြင်း သို့မဟုတ်​ ကိုယ်​ပြင်​ဆင်ရမဲ့ အရာတစ်​ခုလို့ပဲ စိတ်​က​နေ စဉ်းစားပြီး cause ကိုရ​အောင်​​မေးပါ။ ဘာဖြစ်​လို့ clients က terminate လုပ်​ချင်​တာလဲ?
Service quality ကိုမကြိုက်​လို့လား? Services Providers ကိုယ့်ရဲ့ဝန်ထမ်းတွေကိုမ​ကျေနပ်​လို့လား? Communication မှာ အဆင်မပြေတာလား? တစ်​ခုခုအ​ကြောင်းရင်းကို သိ​အောင်​စုံစမ်းပါ။ မေးခွန်းတွေမေးပါ။ တချို့ clients တွေက အမှန်ကိုပြောရမှာ အားနာတာ ဘာညာကြောင့်ဖြစ်စေ၊ ကိုယ်မသိလိုက်ရတဲ့ အကြောင်းရင်းလေးတွေရှိနိုင်ပါတယ်။
? အကယ်​၍ clients က​ဒေါသထွက်​​နေရင် ​တောင်းပန်​ပြီး​တော့ အချိန်​တစ်​ခု​စောင့်​ပြီး​တော့မှ ​မေးသင့်​ပါတယ်​။ ဒါမှမဟုတ်​ clients က ဒီလိုပဲ terminate လုပ်​တယ်​ဆိုရင်​လဲ ဘာ​ကြောင့်​လဲ၊ဘာလို့လဲဆိုတာကို အပြစ်​ရှာတဲ့ပုံစံမျိုးမဟုတ်​ပဲရိုးရိုးသားသား သိချင်​တဲ့ ပုံစံမျိုးနဲ့ ​မေးရပါမယ်​။ဘယ်​လိုနည်းနဲ့လုပ်​​ပေးရင်​၊ ဘယ်​လိုမျိုး services quality ကိုမြှင့်​တင်​လိုက်​ရင်​ သို့မဟုတ်​ ဘာ​လေး​တွေ ​ပြောင်းလဲလိုက်​ရင်​ ဒီ services ကို clients ​တွေ ဆက်​သုံးမလဲဆိုတာမျိုး။ ဆိုလိုရင်းက သူကိုယ့်​ services ကို ဆက်​သုံးခြင်းမသုံးခြင်းထက်​ ကိုယ့်​ရဲ့ Image ပျက်​မှာ၊ ကိုယ့်​ရဲ့ Brand ကျ​သွားမှာကို အရေးတကြီးကိုင်တွယ်ရမှာဖြစ်ပါတယ်။ Client တစ်​​ယောက်​​လျော့သွားမှာကို ပူပန်ရတာထက် ကိုယ့်​ Brand ကိုယ်​ထိန်းသိမ်းချင်​တဲ့ အတွက်​ ​မေးရခြင်းဖြစ်​ပါတယ်​။
? တခါတ​လေ ကြားရတတ်တာက services ကိုကြိုက်​တယ်​ ဒါ​ပေမဲ့ သူနဲ့ဆက်​ဆံ​နေရတဲ့ Key Account Manager ကိုမကြိုက်​တာ၊ Provider ကိုမကြိုက်​တာ စသည်​ဖြင့်​ ဖြစ်​တတ်​ကြပါတယ်​။ အဲဒါဆိုရင်​​တော့ ကိုယ့်​ရဲ့ Provider တွေကို​ကောင်း​ကောင်းသင်​​ပေးချင်​သင်​​ပေး သို့မဟုတ်​ ​နောက်​ထပ်​ Key Account Manager တစ်​ယောက်လဲ​​ပေးသင့်​ရင် လဲ​ပေးရပါမယ်။ ဒါဆိုရင်​​ ကိုယ့်​အ​ပေါ်မှာ Positive မဟုတ်​​တောင် clients ရဲ့ Negative အမြင်ကို တနည်းနည်းနဲ့ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ အခွင့်အလမ်းရှိလာပါမယ်။
? အထူးသဖြင့်​ ယခု​ခေတ်​မှာ Online ​Branding/ Digital Branding ကလည်း အရေးတကြီးထည့်စဉ်းစားရမယ့် ကိစ္စတစ်ခုဖြစ်လာတဲ့အတွက်​ ကိုယ့်​ရဲ့ Brand ကျ​အောင်​ ကိုရည်​ရွယ်​ပြီးဖြစ်​​စေ မရည်​ရွယ်​ပဲဖြစ်​​စေလုပ်​လို့ရပါတယ်​။တမင်​သက်​သက်​ Brand ကျ​အောင်​လုပ်​တာမျိုးလည်း ရှိနိုင်​ပါတယ်​။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့် Brand ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ရမှာ၊ client ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ products/service ကိုတည်ဆောက်ရမှာ လုပ်ငန်းရှင်တိုင်းရဲ့ တာဝန်ပဲလို့တွေးမိပါတယ်။

Recommended for u- Advertising ၏ အကျိုးကျေးဇူး

Source : Brand You (The Image Training Company)

Read times
Rate this item
(1 Vote)