-->
×

Warning

JUser: :_load: Unable to load user with ID: 29


တူတယ်ထင်ရပေမဲ့ မတူတဲ့ Brand နဲ့ Logo

တူတယ်ထင်ရပေမဲ့ မတူတဲ့ Brand နဲ့ Logo google.com

A Brand is not just a logo လို့ အဆိုရှိကြပါတယ်။ Brand ဆိုတာ ကုန်စည်၊ လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့ ကိုယ်တိုင် ဖြစ်ပြီး ရှင်သန်မှုကို ကိုယ်စားပြုပါတယ်။

Brand တော့ သမိုင်းတစ်ခုနဲ့ တူပြီး Logo ကတော့

အထိမ်းအမှတ်၊ အမှတ်အသား အသွင်သဏ္ဍန် တစ်ခုပါပဲ။

A logo is associated with the value of the brand လို့လဲ ဆိုကြပါသေးတယ်။

Logo လို့ဆိုရာမှာ ပုံဖေါ်ထားတဲ့ အရုပ်၊ တံဆိပ်၊ စာတန်း၊ အရောင် စတာတွေနဲ့ ဖွဲ့စည်းမှသာ သူ့ရဲ့ သဘောတရားကို ပိုပြီး အသက်ဝင်စေတာပါ။ တနည်းအားဖြင့် Logo ဟာ

Brand ရဲ့တန်ဖိုးကိုမြှင့်တင်ပေးတဲ့ tool တစ်ခုပါပဲ။ Brand ဆိုတဲ့ ကုန်စည် အမှတ်အသား သမိုင်းတစ်ခုကိုရေးထိုး ထူထောင်ရာမှာ အရေးပါတဲ့ Source (5) ခုကိုတွေ့ရမှာပါ။…….

(၁)Brand Promise (ကတိက၀တ်)

Brand လို့ ဆိုလိုက်ပြီ ဆိုရင် ကိုယ့်ရဲ့ ကုန်စည်က စားသုံးသူကို ပေးတဲ့ ကတိက၀တ် ရှိရပါတယ်။ Cocacola ကုမ္ပဏီကြီးက သူ့ကုန်စည် ရဲ့ ကတိက၀တ်ကို ဒီလိုပေးခဲ့ပါတယ်။

“To inspire moments of optimism and uplift.’’ ဆိုပြီး ကတိပေးခဲ့တာပါ။

Cocacola ဟာ ကမ္ဘာကျော် အမှတ်တံဆိပ် ဖြစ်ပေမဲ့ သူ့ရဲ့ အချိုရည်ဟာ ကမ္ဘာမှာ အကောင်းဆုံးလို့ မပြောပါဘူး။ သူပေးနိုင်တဲ့ ကတိကိုပဲ ပေးခဲ့တာပါ။ ပြည်တွင်းမှာ ကျော်ကြားတဲ့

အမှတ်တံဆိပ်တစ်ခု ဖြစ်တဲ့ အောင်သမာဓိ စိန်ရွှေရတနာ က “ရွှေရည်ပြည့်မှန် အာမခံသည့် အောင်သမာဓိ’’ လို့ ပြောပါတယ်။ အဲ့ဒါ ကတိက၀တ်ပါပဲ။ သူ့ရွှေဟာ ရွှေရည်ပြည့်ဝတယ်…….အဲ့ဒီလိုရွှေရည်ပြည့်ကြောင်း

သူကိုယ်တိုင် အာမခံထားတာပါ။ သူ့ရွှေအရည်ပြည့်ကြောင်းပဲ ကတိပေးတာပါ။ သူများရွှေတွေ ပြည့်တယ်၊ မပြည့်ဘူး ၊ သူ ဘာမှမပြောသလို သူများနဲ့ ဈေးပြိုင်လျှော့ပါ့မယ် ဆိုတဲ့ side effect ပါတဲ့ ကတိမျိုး မပေးပါဘူး။

ဒါကြောင့်မို့ Brand ရဲ့ အဓိက အကျဆုံး အနှစ်သာရ တစ်ခုက(Promise) ဖြစ်ပါတယ်။

(၂)Brand Perceptions (အများမြင်တဲ့ အမြင်)

နောက်အရေးပါတဲ့ ပင်မအချက်က စားသုံးသူက ကုန်စည်ပေါ်မြင်တဲ့ အမြင်ပါ။ Brand ဆိုတာကို ကုမ္ပဏီက သတ်မှတ်တာ မဟုတ်ပါဘူး။ စားသုံးသူက သတ်မှတ်တာပါ။ ဥပမာ

တစ်ခုကို ပြောရမယ်ဆိုရင် မိတ်ဆွေတစ်ယောက်က ကော်ဖီဆိုင် တစ်ဆိုင်ဖွင့်တယ် ဆိုကြပါစို့။ သူ့ဆိုင်ကို သူကြိုက်တဲ့ နာမည်ပေးတယ်။ အဲ့ဒီ နာမည်ကို ဖိတ်စာထဲမှာ ကျကျနန ရိုက်နှိပ်ပြီး

ဖွင့်ပွဲ ကိုဖိတ်ပါတယ်။ သတ်မှတ်တဲ့ နေ့မှာ ဖိတ်ထားတဲ့ မိတ်ဆွေများ ကလည်း လာမယ်။ ဒီလိုနဲ့ သူတို့ထိုင်နေတုန်းမှာ မိုးကရွာချလာမယ် ။ မျှော်လင့်မထားတဲ့ မိုးက တော်တော်လေး သည်းလာတော့

သူ့ဆိုင်ခေါင်မိုးကျွံပြီး ဆိုင်ထဲကို ရေတွေ ဒလဟော သွန်ချလိုက်တယ်။ ဆိုင် ဧည့်သည်တော်တော်များများ အမိုးအောက်မှာ ရေရွှဲကုန်ကြပါလေရော။ သူပေးထားတဲ့ ကဗျာဆန်ဆန် နာမည်လှလှလေး ပျောက်ပြီး ပြောစမှတ်ဖြစ်သွားတာက

“ဖွင့်ပွဲနေ့မှာ မိုးယိုတဲ့ဆိုင်’’ ပါတဲ့။ သူပေးထားတဲ့ကဗျာဆန်ဆန် နာမည်လှလှလေး ပျောက်ပြီး “မိုးယိုတဲ့ဆိုင်’’ လို့ပဲတွင်ပါတော့တယ်။ အဲ့ဒါ ဟာ စားသုံးသူပေးတဲ့ နာမည်ဖြစ်ပြီး

စားသုံးသူခံယူလိုက်တဲ့ Brand Preception ပါပဲ ။ ဒါကြောင့် ကိုယ့် Brand ကို စားသုံးသူတွေ ဘယ်လိုမြင်စေချင်ပါသလဲ။ ကိုယ်မြင်စေချင်သလိုပဲ မြင်ကြရအောင် တည်ဆောက်ရပါတယ်။

(၃)Brand Expectation(မျှော်လင့်ချက်)

ကိုယ့်ကုန်စည်က ပေးလိုက်တဲ့ ကတိကို အခြေပြုပြီး ကိုယ့်ရဲ့ စားသုံးသူတွေဆီ မှာ မျှော်လင့်ချက်တွေ ရှိသွားပါတယ်။ သူတို့ ခက်ခက်ခဲခဲ ရှာဖွေထားတဲ့ ၀င်ငွေကို ဒီကုန်စည် ၊

ဒီဝန်ဆောင်မှုတွေကို ၀ယ်ယူဖို့ သုံးစွဲရာမှာ သူတို့ မျှော်လင့်ချက်တွေ ထားရှိမှာပါပဲ။

ဥပမာ ကမ္ဘာကျော် ရိုးလ်စ် ရွိုက်စ်ဟာ ကားကို ဒေါ်လာ တစ်သောင်းလောက်နဲ့ ၀ယ်လို့မရဘူးဆိုတာ အားလုံးသိကြပါတယ်။ ရိုးလ်စ်ရွိုက်စ် ကားတစ်စင်းကို ဒေါ်လာသုံးသိန်း ကနေ

ငါးသိန်းဝန်းကျင်အထိပေးပြီး ၀ယ်ယူတာ ဟာ တစ်ခုခု ထူးခြားနေလို့ပါ။ ကားဟာ ကားပဲလို့ ၀ယ်ယူသူက မယ်ူဆပါဘူး။ သူဝယ်တာ သာမန်ကား တစ်စီး မဟုတ်ပါဘူး။ သာမန်ထက်ထူးခြားတဲ့

ရိုးလ်စ် ရွိုက်စ် ကို ပိုင်ဆိုင်ချင်လို့ဝယ်ယူတာပါ။ ဒါကို Brand Expectation လို့ခေါ်တာပါ။

(၄)Brand Persona(ဥပတိ)

ကုန်စည်မှာ သက်ရှိလိုပဲ ဥပတိရုပ်ဆင်း အင်္ဂါရှိပါတယ်။ သူ့မှာလည်း ကျော်ကြားမှုရှိတယ်။ ဂုဏ်သတင်းတွေလည်းရှိတယ်။ ဆွဲဆောင်နိုင်မှုလည်းရှိပါသေးတယ်။ သူ့ရဲ့ ဥပတိပေါ်

မူတည်ပြီး နာမည်ကျော် အနုပညာရှင်များလိုပဲ အချိန်နှင့် တပြေးညီ လူကြိုက်များခြင်း၊ နည်းခြင်းဆိုတဲ့ အပြောင်းအလဲတွေ ရှိနေပါသေးတယ်။ အချိန်နဲ့ အမျှ ပြောင်းလဲလာတဲ့ သူတို့ရဲ့ ရုပ်ဆင်းအင်္ဂါ

ဥပတိ ကို ကြည့်ပြီး စားသုံးသူတွေက သူတို့ကို အကဲဖြတ်သုံးသပ်ကြတယ်။ တန်ဖိုးသတ်မှတ်ကြတယ်။ ဥပမာအားဖြင့် Apple နဲ့ Microsoft ကြည့်နိုင်ပါတယ်။

(၅)Brand Elements(ပါဝင်ပေါင်းစပ် ထားတဲ့ အစိတ်အပိုင်းများ)

Brand တစ်ခုမှာ promise,brand perception,brand expectation,brand persona ဆိုတဲ့ ထိတွေ့ ကိုင်တွယ် လို့မရပဲ စိတ်ထဲ နှလုံးထဲကနေ ခံစားရတဲ့ အချက်တွေ

ရှိသလို သူ့ရဲ့ အမှတ်အသား တံဆိပ်(Logo) ၊ ထုပ်ပိုးပုံ၊ အရောင်၊ အနံ့၊ သူကပေးတဲ့ Message စတဲ့ ကိုင်တွယ်ထိတွေ့ လို့ရတဲ့ အရာတွေလဲ ရှိပါတယ်။ ဒါတွေနဲ့ စားသုံးသူရဲ့ နှလုံးသားကို

ဆွဲဆောင်ရပါတယ်။ ဥပမာ-Cream Soda ဆိုရင် အစိမ်းရောင်၊ ၀ီစကီ ဆိုရင် Blue Lable၊ Cocacola ဆိုရင် အညို၊ ရေမွှေးဆိုရင် Brand ကပေးတဲ့ သီးခြားအနံ့ စတာတွေဟာ Brand တစ်ခုကို

သုံးစွဲသူများ နှစ်သက်စေအောင် ဆွဲဆောင်ရတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

Read-စီးပွားရေး အားလုံးအတွက် အရေးပါသော Branding

Credit ကိုကောင်းလွန်း

Read times
Rate this item
(1 Vote)