-->
×

Warning

JUser: :_load: Unable to load user with ID: 29


၂၀၁၉ ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အဆန်းသစ်ဆုံးသော ကြော်ငြာကုမ္ပဏီ ( ၃ ) ခု

၁။ Wieden + Kennedy ( US $ 306.2 Million )

Wieden + Kennedy ၂၀၁၉ ခုနှစ်ရဲ့ ကမ္ဘာ့အကြီးဆုံးနဲ့ အကောင်းဆုံး ကြော်ငြာအေဂျင်စီအဖြစ် နံပါတ် (၁) နေရာကို အရယူထားပါတယ်။

၁၄ နာရီကြာ Old Spice ချွေးနံ့ပျောက်ဆေး ကြော်ငြာကို တင်ခဲ့ရာကနေ မကြာသေးခင်က ဂင်းနစ်စံချိန်လည်း တင်ထားပါသေးတယ်။

ဒီကုမ္ပဏီကို အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ Dan Wieden ဟာ အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ David Kennedy နဲ့အတူ ၁၉၈၂ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး အမေရိကန်နိုင်ငံ ပိုလန်အခြေစိုက် ဖြစ်ပါတယ်။

KFC

London, New York, Tokyo, Shanghai, Amsterdam, Delhi နဲ့ São Paulo နိုင်ငံ ( ၇ ) နိုင်ငံမှာ ရုံးခွဲတွေ ဖွင့်လှစ်ထားပြီး ကြော်ငြာနဲ့ ပတ်သတ်တဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေကို တိုးချဲ့ လုပ်ကိုင်နေပါတယ်။

Wieden + Kennedy ကြော်ငြာအေဂျင်စီမှာ ၀န်ထမ်းပေါင်း ၁၅၀၀ ခန့် ရှိပြီး နှစ်စဉ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၃၀၆.၂ မီလီယံထိ ရရှိနေတာ ဖြစ်ပါတယ်။

Facebook, Microsoft, Coca Cola, Nike, Honda, KFC နဲ့ Old Spice အပါအ၀င် နာမည်ကြီး ကုမ္ပဏီများစွာအတွက် ကြော်ငြာလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါတယ်။

သင့်ကြော်ငြာ Video ကို ကြည့်ရှုသူတွေများလာစေမယ့် အချက်များ

 Billboard

 ၂။ Giant Spoon

နံပါတ် ( ၂ ) နေရာကို ယူထားတဲ့ ကုမ္ပဏီကတော့ Giant Spoon ဆိုတဲ့ အမေရိကန် ကြော်ငြာအေဂျင်စီ ဖြစ်ပါတယ်။ ဒီကုမ္ပဏီကို Alan Cohen, Jon Haber, Trevor Guthrie နဲ့ Marc Simons တို့က ၂၀၁၃ ခုနှစ်က စတင် တည်ထောင်ထားခြင်း ဖြစ်ပါတယ်။

ဒီအေဂျင်စီဟာ စတင်ခဲ့တာ ဘယ်လောက်မှ မကြာသေးပေမဲ့ ၂၀၁၈ ခုနှစ်က စပြီး နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ၂၀၁၉ ခုနှစ်ရဲ့ ဒုတိယ အဆန်းသစ်ဆုံး ကုမ္ပဏီအဖြစ်တောင် ရပ်တည်နေနိုင်ပါပြီ။

Spoon

Uber, GE, HBO နဲ့ Warner Bros စတဲ့ ကုမ္ပဏီတွေက Giant Spoon ကနေ ကြော်ငြာလုပ်ငန်းနဲ့ ပတ်သတ်တဲ့ ၀န်ဆောင်မှု မှန်သမျှကို အပြည့်အ၀ ရယူထားပါတယ်။

မိမိလုပ်ငန်းတိုးချဲ့ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ရအောင် ဘယ်လိုလုပ်ရမလဲ

၃။ BBDO ( US $ 5.6 Billion )

နံပါတ် ( ၃ ) နေရာမှာ ရပ်တည်နေတဲ့ ကုမ္ပဏီကလည်း အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် BBDO ဆိုတဲ့ ကြော်ငြာအေဂျင်စီ ဖြစ်ပါတယ်။

BBDO ရဲ့ အရှည်ကတော့ Batten, Barton, Durstine & Osborn ဖြစ်ပါတယ်။ ဒီကုမ္ပဏီကို အတူတူ တည်ထောင်ထားတဲ့ သူတွေရဲ့ နာမည်တစ်လုံးချင်းစီ ပါဝင်အောင် ထည့်သွင်းထားတာပါ။

Fedex

 BBDO ကို ၁၈၉၁ ခုနှစ်က George Batten's Batten ဆိုတဲ့ နာမည်နဲ့ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၁၂၈ နှစ် သက်တမ်းရှိနေပါပြီ။ နိုင်ငံပေါင်း ၈၀ နိုင်ငံမှာ ရုံးခွဲ ၂၈၉ ခုတောင် ဖွင့်ထားနိုင်တဲ့ အင်အားကြီး ကြော်ငြာလုပ်ငန်း ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

ဝန်ထမ်းအင်အား စုစုပေါင်း ၁၅၀၀၀ ဦးရေရှိပြီး သူ့ရဲ့ နှစ်စဉ်ဝင်ငွေဟာ ၂၀၁၉ ခုနှစ် နောက်ဆုံးရ စာရင်းအရ အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံထိ ရရှိနေတာ ဖြစ်ပါတယ်။

Pepsi, Save The Children, Johnson & Johnson, FedEX နဲ့ Procter & Gameble စတဲ့ နာမည်ကြီး ကုမ္ပဏီများစွာအတွက် ကြော်ငြာလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

သင့်ရဲ့လုပ်ငန်းခွင်မှာ အသုံးဝင်စေမယ့် Chrome Extension များ

Ref: Fast Company

Myanmar Advertising Directory

Read times
Rate this item
(1 Vote)