-->
×

Warning

JUser: :_load: Unable to load user with ID: 29


စွန့်ဦးတီထွင်လုပ်ငန်းရှင်များမှားတတ်သည့်အမှား ၃ ခု

စွန့်ဦးတီထွင်လုပ်ငန်းရှင်များမှားတတ်သည့်အမှား ၃ ခု Google

စွန့်ဦးတီထွင်သူများ မအောင်မြင်သေးခင် အခက်အခဲကြုံတွေ့တာမျိုးကို သင်မြင်တွေ့ကြားဖူးမှာပါ။ ဒါပေမယ့် အချို့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေက ထိုသို့အခက်အခဲကြုံတွေ့

ရတဲ့အချိန်တွေကို ဗဟုသုတရတဲ့အချိန်အတွေ့အကြုံရတဲ့အချိန်တွေလို့ သတ်မှတ်ကြပါတယ်။ ယနေ့မှာတော့ Myanmar Advertising Directory မှ စွန့်ဦးတီထွင်သူများအောင်မြင်ရန် ကြိုးပမ်းနေချိန်တွင် တွေ့ကြုံတတ်တဲ့အမှား ၃ ခုကို တင်ပြပေးလိုက်ပါတယ်။

၁။ အကူအညီမတောင်းခြင်း (သို့) အကူအညီတောင်းရန် မလိုလားခြင်း

စွန့်ဦးတီထွင်သူတော်တော်များများက သူတို့လုပ်ငန်းရဲ့အသေးစိတ်အထိ ဂရုတစိုက်လုပ်ဆောင်လေ့ရှိပါတယ်။ ဒါပေမယ့် တကယ့်အမှန်တရားတစ်ခုကို လက်မခံကျပါဘူး။ အဲဒီအမှန်တရားကတော့ စွန့်ဦးတီထွင်သူတွေကလည်း သာမန်လူနည်းသူအရာအားလုံးကိုတော့ တတ်မြောက်မနေနိုင်ပါဘူး။ သို့ပေမယ့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေက အကူအညီတောင်းခံခြင်းမပြုလုပ်ဘဲ အရာအားလုံးကို ပါဝင်ဦးဆောင်လုပ်ကိုင်နေခြင်းက အခက်အခဲဖြစ်စေနိုင်ပါတယ်။

၂။ စိတ်ကူးဥာဏ်အသစ်များထွက်သော်လည်း ထိုအကြံဥာဏ်က ၀င်ငွေရမည်မရမည်မစဉ်းစားခြင်း

စွန့်ဦးတီထွင်လုပ်ငန်းရှင်များက အများသိတဲ့အတိုင်း ပိုက်ဆံအတွက် အလုပ်လုပ်သူတွေမဟုတ်ပါဘူး။ သူတို့ဟာ ပိုက်ဆံထက် လူလောကအကျိုးပြုရန်အတွက် တီထွင်အလုပ်လုပ်ကိုင်တတ်ကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့် စီးပွားရေးရှုထောင့်ကကြည့်မယ်ဆိုရင်တော့ အချို့အချက်တွေက မမှန်နိုင်ပါဘူး။ ဥပမာ- စွန့်ဦးတီထွင်သူတွေက တီထွင်ဆန်းသစ်ချင်သည့်စိတ်ကို ဦးစားပေးကာ ၀င်ငွေ အမြတ်ငွေရရန် မစဉ်းစားခြင်း စီးပွားတိုးတက်စေရန် ထိခိုက်တတ်ပါတယ်။

၃။ ငွေအရင်းအနှီးမြှုပ်နှံသူတွေကို မဆွဲဆောင်နိုင်ခြင်း

အချို့ကိစ္စတွေမှာ မိမိက ဘယ်လောက်ပဲတော်တော်ငွေအင်အားမလိုက်နိုင်ပါက အလုပ်မဖြစ်တဲ့ကိစ္စတွေအများကြီး ရှိပါတယ်။ အဲဒီအချက်ကြောင့်ပဲ အချို့တီထွင်သူလုပ်ငန်းရှင်တွေဟာ တီထွင်အောင်မြင်သော်လည်း ပိုက်ဆံချမ်းသာကြွယ်ဝမှုကို မရနိုင်ဘဲရှိနေတတ်ကြပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ခြင်းက အောင်မြင်ရန် အဓိကအချက်ထဲက တစ်ခုပဲဖြစ်ပါတယ်။

Source: Inc. Southeast Asia

Read times
Rate this item
(1 Vote)