-->
×

Warning

JUser: :_load: Unable to load user with ID: 29


၄၅ပေ x ၁၅ပေ ကြော်ငြာဆိုင်းဘုတ်များ လျောက်ထားရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ

၄၅ပေ x ၁၅ပေ ကြော်ငြာဆိုင်းဘုတ်များအား အောက်ပါအတိုင်း အုပ်စုခွဲခြား၍ ငှားရမ်းပေးသွားမှာဖြစ်ပါသည် -

( က )အုပ်စု A တစ်နှစ်ငှားရမ်းခ ကျပ်သိန်း(၂၅ဝ)
( ခ )အုပ်စု B တစ်နှစ်ငှားရမ်းခ ကျပ်သိန်း(၁၈ဝ)
( ဂ )အုပ်စု C တစ်နှစ်ငှားရမ်းခ ကျပ်သိန်း(၁၃၅)
( ဃ )အုပ်စု D တစ်နှစ်ငှားရမ်းခ ကျပ်သိန်း(၁ဝဝ)
( င ) အုပ်စု E တစ်နှစ်ငှားရမ်းခ ကျပ်သိန်း( ၅ဝ)

၂။ကြော်ငြာဆိုင်းဘုတ်များ အငှားချထားရာတွင် လျှောက်ထားသူမှ ကြော်ငြာဘုတ်(၁)ခုလျှင် စပေါ်ငွေ ကျပ်(၂ဝ)သိန်းပေးသွင်း၍ အရေအတွက်ကန့်သတ်ချက်မရှိ လျှောက်ထားနိုင်ပြီး လျှောက်ထားသူများကိုယ်တိုင် ပွင့်လင်း မြင်သာစွာဖြင့် မဲနှိုက်အငှားချထားပေးမည်ဖြစ်ပါသည်။

 

၃။အဆိုပါ ၄၅ပေ x ၁၅ပေ ကြော်ငြာဆိုင်းဘုတ်များအား အငှားချထားခြင်း လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

ကြော်ငြာဘုတ်(၁)ခုလျှင် လျှောက်လွှာတစ်စောင်နှုန်းဖြင့် လျှောက်လွှာပုံစံတွင် ဖြည့်စွက်၍ စပေါ်ငွေပေးသွင်းပြီးကြောင်း ယာယီငွေသွင်းချလံ(PO မူရင်း)နှင့် အတူ မိတ္တူ(၂)စောင်ပူးတွဲ၍ ဌာနမှူး၊ စီမံရေးရာဌာနသို့ လိပ်မူလျှောက်ထားရပါမည်။

 

လျှောက်လွှာနှင့်အတူ MIC ခွင့်ပြုမိန့်(သို့မဟုတ်) ကုမ္ပဏီလိုင်စင်(သို့မဟုတ်) စည်ပင်သာယာ လိုင်စင်(သို့မဟုတ်) ဝန်ကြီးဌာန/ဌာနဆိုင်ရာတစ်ခုခု၏ လုပ်ငန်းလုပ်ကိုင်ကြောင်း အထောက် အထားများပူးတွဲတင်ပြရပါမည်။

 

လျှောက်ထားသူသည် အပိုဒ်(ခ)ပါ စာရွက်စာတမ်းအထောက်အထားအမည်တွင် ပါဝင်သူ ကိုယ်တိုင်လျှောက်လွှာတွင်လက်မှတ်ရေးထိုးလျှောက်ထားရမည်။(လျှောက်လွှာများတင်သွင်း ရာတွင် ကိုယ်စားလှယ်လွှဲစာဖြင့် လျှောက်ထားတင်သွင်းနိုင်သည်။)

 

မဲနှိုက်ရရှိသည့်ကြော်ငြာဘုတ်အတွက် ကျသင့်ငှားရမ်းခငွေအား စတင်အငှားချသည့်လမှစ၍ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည်အထိ လအလိုက်ကျသင့်ငွေတွက်ချက်၍ ကြိုတင်ပေးသွင်းထား သည့် စပေါ်ငွေကျပ်သိန်း(၂ဝ)အား ခုနှိမ်၍ ကျန်ငွေအား အကြေပေးသွင်းရမည်။

 

မဲနှိုက်ရရှိပါက ရရှိသည့်နေ့မှစ၍ ရက်ပေါင်း(၃ဝ)ရက်အတွင်း ကျသင့်ငှားရမ်းခငွေအား (မပျက်မကွက်) ပေးသွင်းရပါမည်။ သတ်မှတ်ကာလအတွင်း ပေးသွင်းနိုင်ခြင်းမရှိပါက ကြော်ငြာဆိုင်းဘုတ် အငှားချထားခြင်းကို ရုပ်သိမ်းမည်ဖြစ်ပြီး ကြိုတင်ပေးသွင်းထားသည့် စပေါ်ငွေ ကျပ်သိန်း(၂ဝ)အား ကော်မတီဝင်ငွေအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်။

 

မိမိလျှောက်ထားသည့် ကြော်ငြာဆိုင်းဘုတ်အား မဲနှိုက်ရာတွင် မရရှိခဲ့ပါက စပေါ်ငွေ ကျပ်သိန်း (၂ဝ)အား သတ်မှတ်ရက်အတွင်းမြို့တော်ဘဏ်တွင် ပြန်လည်ထုတ်ယူနိုင်ပါသည််

 

ကြော်ငြာဆိုင်းဘုတ်ရရှိသည့် လုပ်ငန်း/ကုမ္ပဏီများအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ပေးသွင်း ရမည့်ငှားရမ်းခများအား ဌာနမှသတ်မှတ်ထားသည့် ငွေစာရင်းခေါင်းစဉ် DY-9 ၂-၁၂-ဝ၃-ဝ၅ ဖြင့် မြို့တော်ဘဏ်သို့ ပေးသွင်းရပါမည်။ ငှားရမ်းခွင့်ရရှိသည့် ကြော်ငြာဆိုင်းဘုတ်များတွင် တပ်ဆင်မည့် ကြော်ငြာဒီဇိုင်းများသည် မြန်မာ့ယဉ်ကျေးမှုနှင့် လျော်ညီသည့် ဒီဇိုင်းပုံစံဖြစ်ရမည့်အပြင် အရက်၊ ဆေးလိပ်၊ ဘီယာနှင့် ကန့်သတ်ကုန်ပစ္စည်းများအား တပ်ဆင်ကြော်ငြာမှုမရှိစေရေး၊ Vinyl မတပ်ဆင်မီ ဌာနသို့ နမူနာပုံစံတင်ပြပြီး ခွင့်ပြုချက်တောင်းခံရပါမည်။

 

ငှားရမ်းခွင့်ရရှိသည့်ကြော်ငြာ Vinyl ဒီဇိုင်းအားပြောင်းလဲတပ်ဆင်လိုပါက တပ်ဆင်လိုသည့် ဒီဇိုင်းပုံစံကို ကြိုတင်တင်ပြလျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုချက်ရမှသာ ဒီဇိုင်းပြောင်းလဲခ ၅ဝဝဝဝိ/- ပေးသွင်း၍ ပြောင်းလဲတပ်ဆင်ရမည်ဖြစ်ပါသည်။

 

YCDC

Read times
Rate this item
(0 votes)