-->
×

Warning

JUser: :_load: Unable to load user with ID: 29

၄၅ပေ x ၁၅ပေ ကြော်ငြာဆိုင်းဘုတ်များအား အောက်ပါအတိုင်း အုပ်စုခွဲခြား၍ ငှားရမ်းပေးသွားမှာဖြစ်ပါသည် -

( က )အုပ်စု A တစ်နှစ်ငှားရမ်းခ ကျပ်သိန်း(၂၅ဝ)
( ခ )အုပ်စု B တစ်နှစ်ငှားရမ်းခ ကျပ်သိန်း(၁၈ဝ)
( ဂ )အုပ်စု C တစ်နှစ်ငှားရမ်းခ ကျပ်သိန်း(၁၃၅)
( ဃ )အုပ်စု D တစ်နှစ်ငှားရမ်းခ ကျပ်သိန်း(၁ဝဝ)
( င ) အုပ်စု E တစ်နှစ်ငှားရမ်းခ ကျပ်သိန်း( ၅ဝ)

၂။ကြော်ငြာဆိုင်းဘုတ်များ အငှားချထားရာတွင် လျှောက်ထားသူမှ ကြော်ငြာဘုတ်(၁)ခုလျှင် စပေါ်ငွေ ကျပ်(၂ဝ)သိန်းပေးသွင်း၍ အရေအတွက်ကန့်သတ်ချက်မရှိ လျှောက်ထားနိုင်ပြီး လျှောက်ထားသူများကိုယ်တိုင် ပွင့်လင်း မြင်သာစွာဖြင့် မဲနှိုက်အငှားချထားပေးမည်ဖြစ်ပါသည်။

 

၃။အဆိုပါ ၄၅ပေ x ၁၅ပေ ကြော်ငြာဆိုင်းဘုတ်များအား အငှားချထားခြင်း လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

ကြော်ငြာဘုတ်(၁)ခုလျှင် လျှောက်လွှာတစ်စောင်နှုန်းဖြင့် လျှောက်လွှာပုံစံတွင် ဖြည့်စွက်၍ စပေါ်ငွေပေးသွင်းပြီးကြောင်း ယာယီငွေသွင်းချလံ(PO မူရင်း)နှင့် အတူ မိတ္တူ(၂)စောင်ပူးတွဲ၍ ဌာနမှူး၊ စီမံရေးရာဌာနသို့ လိပ်မူလျှောက်ထားရပါမည်။

 

လျှောက်လွှာနှင့်အတူ MIC ခွင့်ပြုမိန့်(သို့မဟုတ်) ကုမ္ပဏီလိုင်စင်(သို့မဟုတ်) စည်ပင်သာယာ လိုင်စင်(သို့မဟုတ်) ဝန်ကြီးဌာန/ဌာနဆိုင်ရာတစ်ခုခု၏ လုပ်ငန်းလုပ်ကိုင်ကြောင်း အထောက် အထားများပူးတွဲတင်ပြရပါမည်။

 

လျှောက်ထားသူသည် အပိုဒ်(ခ)ပါ စာရွက်စာတမ်းအထောက်အထားအမည်တွင် ပါဝင်သူ ကိုယ်တိုင်လျှောက်လွှာတွင်လက်မှတ်ရေးထိုးလျှောက်ထားရမည်။(လျှောက်လွှာများတင်သွင်း ရာတွင် ကိုယ်စားလှယ်လွှဲစာဖြင့် လျှောက်ထားတင်သွင်းနိုင်သည်။)

 

မဲနှိုက်ရရှိသည့်ကြော်ငြာဘုတ်အတွက် ကျသင့်ငှားရမ်းခငွေအား စတင်အငှားချသည့်လမှစ၍ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည်အထိ လအလိုက်ကျသင့်ငွေတွက်ချက်၍ ကြိုတင်ပေးသွင်းထား သည့် စပေါ်ငွေကျပ်သိန်း(၂ဝ)အား ခုနှိမ်၍ ကျန်ငွေအား အကြေပေးသွင်းရမည်။

 

မဲနှိုက်ရရှိပါက ရရှိသည့်နေ့မှစ၍ ရက်ပေါင်း(၃ဝ)ရက်အတွင်း ကျသင့်ငှားရမ်းခငွေအား (မပျက်မကွက်) ပေးသွင်းရပါမည်။ သတ်မှတ်ကာလအတွင်း ပေးသွင်းနိုင်ခြင်းမရှိပါက ကြော်ငြာဆိုင်းဘုတ် အငှားချထားခြင်းကို ရုပ်သိမ်းမည်ဖြစ်ပြီး ကြိုတင်ပေးသွင်းထားသည့် စပေါ်ငွေ ကျပ်သိန်း(၂ဝ)အား ကော်မတီဝင်ငွေအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်။

 

မိမိလျှောက်ထားသည့် ကြော်ငြာဆိုင်းဘုတ်အား မဲနှိုက်ရာတွင် မရရှိခဲ့ပါက စပေါ်ငွေ ကျပ်သိန်း (၂ဝ)အား သတ်မှတ်ရက်အတွင်းမြို့တော်ဘဏ်တွင် ပြန်လည်ထုတ်ယူနိုင်ပါသည််

 

ကြော်ငြာဆိုင်းဘုတ်ရရှိသည့် လုပ်ငန်း/ကုမ္ပဏီများအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ပေးသွင်း ရမည့်ငှားရမ်းခများအား ဌာနမှသတ်မှတ်ထားသည့် ငွေစာရင်းခေါင်းစဉ် DY-9 ၂-၁၂-ဝ၃-ဝ၅ ဖြင့် မြို့တော်ဘဏ်သို့ ပေးသွင်းရပါမည်။ ငှားရမ်းခွင့်ရရှိသည့် ကြော်ငြာဆိုင်းဘုတ်များတွင် တပ်ဆင်မည့် ကြော်ငြာဒီဇိုင်းများသည် မြန်မာ့ယဉ်ကျေးမှုနှင့် လျော်ညီသည့် ဒီဇိုင်းပုံစံဖြစ်ရမည့်အပြင် အရက်၊ ဆေးလိပ်၊ ဘီယာနှင့် ကန့်သတ်ကုန်ပစ္စည်းများအား တပ်ဆင်ကြော်ငြာမှုမရှိစေရေး၊ Vinyl မတပ်ဆင်မီ ဌာနသို့ နမူနာပုံစံတင်ပြပြီး ခွင့်ပြုချက်တောင်းခံရပါမည်။

 

ငှားရမ်းခွင့်ရရှိသည့်ကြော်ငြာ Vinyl ဒီဇိုင်းအားပြောင်းလဲတပ်ဆင်လိုပါက တပ်ဆင်လိုသည့် ဒီဇိုင်းပုံစံကို ကြိုတင်တင်ပြလျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုချက်ရမှသာ ဒီဇိုင်းပြောင်းလဲခ ၅ဝဝဝဝိ/- ပေးသွင်း၍ ပြောင်းလဲတပ်ဆင်ရမည်ဖြစ်ပါသည်။

 

YCDC

Published in Local

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုင်းဘုတ်များ လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

(က) ဌာနမှူး၊ စီမံရေးရာဌာနသို့ လိပ်မူလျှောက်ထားရပါမည်။ လျှောက်ထားသူ၏ အမည်၊ နိုင်ငံသားအမှတ်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ် ပြည့်စုံစွာဖြည့်စွက်လျှောက်ထားရပါသည်။

 

(ခ) လျှောက်လွှာနှင့်အတူ MIC ခွင့်ပြုမိန့်(သို့မဟုတ်) ကုမ္ပဏီလိုင်စင်(သို့မဟုတ်)စည်ပင်သာယာလိုင်စင်(သို့မဟုတ်)ဝန်ကြီးဌာန/ ဌာနဆိုင်ရာတစ်ခုခု၏ လုပ်ငန်းလုပ်ကိုင်ကြောင်း အထောက်အထားများ ပူးတွဲတင်ပြရပါမည်။

 

(ဂ) လျှောက်ထားသူသည် အထက်အပိုဒ်(ခ)ပါ အထောက်အထားများစာရင်းတွင်ပါဝင်ခြင်းမရှိပါက သက်ဆိုင်ရာခွင့်ပြုသည့်သူ၏ ကိုယ်စားလှယ်လွှဲစာ ပူးတွဲတင်ပြရပါသည်။

 

(ဃ) စိုက်ထူတပ်ဆင်မည့် နေရာပြမြေပုံကြမ်း(မတပ်ဆင်မီ လက်ရှိမြင်တွေ့ရပုံနှင့် တပ်ဆင်ပြီးမြင်တွေ့ရမည့်ပုံအား ကွန်ပျူတာဖြင့် ပြင်ဆင်၍ တင်ပြရန်) ကာလာဖြင့် တင်ပြရပါသည်။

 

(င) တပ်ဆင်မည့် ဒီဇိုင်းပုံအား ကာလာဖြင့်တင်ပြရပါသည်။

 

(စ) တပ်ဆင်မည့် ဖရိန်ပုံစံ၊ SEC ထောက်ခံချက် ပူးတွဲတင်ပြရပါမည်။

 

(ဆ) မိမိပိုင်သည့်(ခြံဝင်း၊ အဆောက်အအုံ) ဖြစ်ပါက ပိုင်ဆိုင်မှုမိတ္တူ တင်ပြရပါသည်။

 

(ဇ) မိမိပိုင်မဟုတ်သည့်(အဆောက်အအုံ) ဖြစ်ပါက မြေရှင်၊ အခန်းရှင်၏ခွင့်ပြုချက်မူရင်းနှင့် ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထားမိတ္တူဖြင့် တင်ပြရပါသည်။

 

(ဈ) အထက်အပိုဒ်(က) မှ(ဆ)ပါ အထောက်အထားများပြည့်စုံပါက သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ခံအင်ဂျင်နီယာ(လမ်းနှင့်တံတား)၊ တာဝန်ခံအင်ဂျင်နီယာ(အဆောက်အအုံ) တို့ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး၍ ဌာနသို့ပြန်လည်တင်ပြပါသည်။

 

(ည) မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၏ စစ်ဆေးတင်ပြချက်အပေါ် ခွင့်ပြုရန် သင့်မသင့် ဒုတိယဌာနမှူး၊ ဌာနမှူးထံ တင်ပြပါသည်။ လိုအပ်ပါက ကော်မတီသို့ တင်ပြခြင်း၊EC တင်ပြခြင်းများ ဆောင်ရွက်ပါသည်။

 

(ဍ) ခွင့်ပြုပါက ၁၅ ပေအထက်ဖြစ်လျှင် ၁စတုရန်းပေလျှင် ၂၃၀၀ဝိ/- နှုန်းဖြင့်ကောက်ခံ၍ ၁၅ ပေအောက်ဖြစ်ပါက ၁စတုရန်းပေလျှင် ၁၉၀၀ဝိ/- နှုန်းဖြင့် ခွင့်ပြုသည့်လမှစ၍ ဘဏ္ဍာရေးနှစ် ကုန်သည်အထိ လအလိုက်တွက်ချက် ကောက်ခံပါသည်။

 

(ဌ) ဆိုင်းဘုတ်ခွန်များအား အင်ဂျင်နီယာဌာန(အဆောက်အအုံ)၏ ငွေစာရင်းခေါင်းစဉ် DY 7 ၂-၁၃-၀၃-၀၅ ဖြင့် လုပ်ငန်း/ ကုမ္ပဏီများကိုယ်တိုင် မြို့တော်ဘဏ်သို့ ပေးသွင်းမှာပါ စတဲ့ အချက်တွေကို တစ်ဆင့်စီလုပ်ဆောင်ရမှာပဲဖြစ်ပါသည်။

 

YCDC 

 

Shin Min 

Published in Local

(က) ဥက္ကဌ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီသို့လည်းကောင်း၊ ဌာနမှူး၊ စီမံရေးရာဌာနသို့လည်းကောင်း လိပ်မူလျှောက်ထားရပါမည်။ လျှောက်ထားသူ၏ အမည်၊ နိုင်ငံသားအမှတ်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ် ပြည့်စုံစွာဖြည့်စွက်လျှောက်ထားရပါသည်။

Published in Local