-->
×

Warning

JUser: :_load: Unable to load user with ID: 29


Steve Jobs နောက်ကွယ်မှ သိထားသင့်တဲ့ စီးပွားရေး နှင့် စျေးကွက်ဖမ်းစားရေးဆိုင်ရာများ


Apple ရဲ့ဖခင် Steve Jobs ဟာနည်းပညာလောကရဲ့စံနမှုနာထားရလောက်တဲ့ထိအောင် မြင်ခဲ့တဲ့သူတယောက်ပါ။လက်ရှိမှာတော့ သက်ရှိထင်ရှားမရှိတော့ပေမဲ့ သူ့ရဲ့လမ်းစဉ်တွေ အကြံပြုချက်တွေကတော့ ယနေ့အထိလူတွေကျင့်သုံးနေဆဲပါ။သူဟာပြီးပြည့်စုံတဲ့ ထုတ်ကုန်တွေရရှိဖို့အတွက်အမြဲအာရုံစိုက်ပြီး ကြိုးစားနေတတ်သလိုတခြားသူတွေက လုပ်နိုင်မယ်လို့ မထင်ထားတဲ့အရာတွေကို ရအောင်လုပ်ပြခဲ့တဲ့သူပါ။သူဒီလိုအောင်မြင်မှုရအောင် ဘယ်လိုလမ်းစဉ်တွေ ကျင့်သုံးခဲ့လဲဆိုတာ အခုပြောပြပေးသွားမှာပါ။

ကိုယ်လုပ်ချင်တာပဲလုပ်ပါ

=============

 

“စိတ်အားထက်သန်မှုပြင်းပြတဲ့သူတွေဟာ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်လာအောင်ပြောင်းလဲနိုင်ပါတယ်”။“ကျနော်ဘာလုပ်ချင်တယ်ဆိုတာမသိခင်အထိ ဝိတ်တာအလုပ်နဲ့ တခြားအလုပ်တခုခုကိုပဲ ရချင်ခဲ့တာပါ”။ ဒါတွေက Steve Jobs ပြောခဲ့တဲ့ စကားတွေပါ။ ဒါကစိတ်အားထက်သန်မှုဟာ ဘယ်လောက်ထိအရေးပါလဲဆိုတာကို ပြောချင်တာပါ။ ပြောချင်တာကတော့ ကိုယ်လုပ်ချင်တာကို စိတ်အားထက်သန်မှုအပြည့်နဲ့လုပ်ပါ။ တစ်နေ့အောင်မြင်မှုရမယ်လို့ဆိုလိုတာပါ။

 

ငြင်းဆိုပါ

======

 

၁၉၉၇ ခုနှစ်မှာ Steve Jobs ဟာ Apple ကိုပြန်လည်ရောက်ရှိလာခဲ့တယ်။ သူပြန်လာပြီးနောက်ပိုင်း ၂ နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ကုမ္ပဏီရဲ့ထုတ်ကုန် ၃၅၀ ကျော်ရှိရာကနေ ၁၀ မျိုးအထိ ထုတ်ကုန်တွေကိုလျှော့ချပြစ်ခဲ့ပါတယ်။ဘာဖြစ်လို့လဲ။ ထုတ်ကုန်နည်းလေလေ အရည်အသွေးပိုမိုကောင်းမွန်အောင် အာရုံစိုက်ပြီး ထုတ်လုပ်နိုင်တယ်ဆိုတာသူသိခဲ့လို့ပါပဲ။ဒီလိုလုပ်ဖို့အတွက် ကုမ္ပဏီဘုတ်အဖွဲ့တွေရဲ့တင်ပြတောင်းဆိုချက်တွေကို အကြိမ်ပေါင်းများစွာငြင်းဆိုခဲ့ရပါတယ်။

 

အပြောအဆိုကျွမ်းကျင်မှုရှိပါ

===================

 

Steve Jobs ဟာ အပြောအဆိုအတင်အပြ ကျွမ်းကျင်တဲ့သူတယောက်ပါ။ တခြားလူတွေ လုပ်လေ့ရှိတဲ့ ရိုးရှင်းတဲ့တင်ပြမှုတွေအစားသူဟာသင်ပေးတယ်၊ ပညာပေးတယ်၊ လုံ့ဆော်ပေးတယ် ပြီးတော့ ဖျော်ဖြေပေးတယ်။ ဒါတွေအားလုံးကို သူရဲ့တင်ပြပြောဆိုမှုထဲမှာ အမြဲတမ်းထည့်သွင်းပြောဆိုလေ့ရှိပါတယ်။ လူတယောက်မှာ အကောင်းဆုံး အကြံညဏ်တွေ ရှိကောင်းရှိနိူင်ပါတယ်။ ဒါပေမဲ့ဒီအရာတွေကို လူအများစိတ်ဝင်စားဖွယ်ဖြစ်အောင် မတင်ပြနိူင်ဘူးဆိုရင် အလကားပါပဲ။ ဒါကြောင့် အပြောအဆိုကျွမ်းကျင်မှုဟာ အောင်မြင်မှုရဲ့တစိတ်တပိုင်းမှာ ပါဝင်ပါတယ်။

 

မတူညီတာတွေလုပ်ပါ

===============

 

Steve Jobs ဟာသူတပါးရဲ့လမ်းစဉ် နောက်ကိုလိုက်လေ့မရှိပဲ အမြဲတမ်းတခြားသူတွေနဲ့ မတူတာတွေကိုပဲ လုပ်လေ့ရှိတဲ့သူတယောက်ပါ။ တခါတုံးကသူဟာ ပက်ဆီကုမ္ပဏီရဲ့ ဥက္ကဌကို “ခင်ဗျာသကြားနဲ့လုပ်ထားတဲ့ ရေတွေပဲရောင်းချင်တာလား။ ဒါမှမဟုတ် ကမ္ဘာကြီးကို ပြောင်လဲဖိုတခုခု လုပ်ချင်တာလား”လို့မေးခဲ့ဖူးပါတယ်။ ကျနော်တို့ဟာ မတူညီတာတွေကို လုပ်ပြဖို့အတွက် အသက်ရှင်နေကြတာပါ။ Steve Jobs ဟာလူတွေရဲ့အမြင်မှာ ဆန်းသစ်ပြီးတော့ အများနဲ့မတူ တမှုထူးခြားအောင် အမြဲတမ်း အကြံညဏ်တွေထုတ်နေတတ်သူတယောက်ပါ။

 

စားသုံးသူ‌တွေရဲ့လိုအပ်ချက်ကို နားလည်ပါ

============================

 

Steve Jobs ဟာလူတော်တော်များများရဲ့အာရုံကို ဖမ်းစားနိုင်တဲ့သူတယောက်ပါ။ သူဟာ စားသုံးသူတွေရဲ့ လိုအပ်ချက်ကို အမှန်တကယ်နားလည်တဲ့သူတယောက်ပါ။IPad တွေဟာ သုံးဖို့အရမ်းခတ်ခဲနေမယ်ဆိုရင် စားသုံးသူတွေရဲ့အားပေးမှုရမှာမဟုတ်ဘူးဆိုတာသူသိခဲ့ပါတယ်။ ဒါကြောင့်သူဟာ IPad ရှေ့မှာ ခလုပ်တခုပဲထားခဲ့တာပါ။အရမ်းရိုးရှင်းပြီးတော့ ၂ နှစ်သားကလေးအရွယ်တောင်သုံးနိုင်ပါတယ်။စားသုံးသူတွေဟာ ထုတ်ကုန်တွေကို ဂရုမစိုက်ကြပါဘူး။ သူတို့ကိုယ်သူတို့ပဲဂရုစိုက်ကြတာပါ။ သူတို့ရဲ့ မျှော်လင့်ချက်နဲ့လိုအင်ဆန္ဒတွေကိုပဲ ဂရုစိုက်ကြတာပါ။ ဒါကြောင့်သူတို့ရဲ့ လိုအပ်ချက်နဲ့ လိုအင်ဆန္ဒတွေကို ဖြည့် ဆည်းပေးနိုင်ရင် အောင်မြင်တဲ့သူတယောက်ဖြစ်ပြီလို့ မှတ်ယူလိုက်ပါ။

 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)