-->
×

Warning

JUser: :_load: Unable to load user with ID: 29


Steve Jobs ရဲ့ ဘ၀တိုက်ပွဲအကြောင်း သိကောင်းစရာ

Apple ရဲ့ဖခင် Steve Jobs ဟာနည်းပညာလောကရဲ့စံနမှုနာထားရလောက်တဲ့ထိအောင် မြင်ခဲ့တဲ့သူတယောက်ပါ။လက်ရှိမှာတော့ သက်ရှိထင်ရှားမရှိတော့ပေမဲ့ သူ့ရဲ့လမ်းစဉ်တွေ အကြံပြုချက်တွေကတော့ ယနေ့အထိလူတွေကျင့်သုံးနေဆဲပါ။သူဟာပြီးပြည့်စုံတဲ့ ထုတ်ကုန်တွေရရှိဖို့အတွက်အမြဲအာရုံစိုက်ပြီး ကြိုးစားနေတတ်သလိုတခြားသူတွေက လုပ်နိုင်မယ်လို့ မထင်ထားတဲ့အရာတွေကို ရအောင်လုပ်ပြခဲ့တဲ့သူပါ။သူဒီလိုအောင်မြင်မှုရအောင် ဘယ်လိုလမ်းစဉ်တွေ ကျင့်သုံးခဲ့လဲဆိုတာ အခု kwee page ကနေပြောပြပေးသွားမှာပါ။

 

ကိုယ်လုပ်ချင်တာပဲလုပ်ပါ

“စိတ်အားထက်သန်မှုပြင်းပြတဲ့သူတွေဟာ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်လာအောင်ပြောင်းလဲနိုင်ပါတယ်”။“ကျနော်ဘာလုပ်ချင်တယ်ဆိုတာမသိခင်အထိ ဝိတ်တာအလုပ်နဲ့ တခြားအလုပ်တခုခုကိုပဲ ရချင်ခဲ့တာပါ”။ ဒါတွေက Steve Jobs ပြောခဲ့တဲ့ စကားတွေပါ။ ဒါကစိတ်အားထက်သန်မှုဟာ ဘယ်လောက်ထိအရေးပါလဲဆိုတာကို ပြောချင်တာပါ။ ပြောချင်တာကတော့ ကိုယ်လုပ်ချင်တာကို စိတ်အားထက်သန်မှုအပြည့်နဲ့လုပ်ပါ။ တစ်နေ့အောင်မြင်မှုရမယ်လို့ဆိုလိုတာပါ။

 

ငြင်းဆိုပါ

၁၉၉၇ ခုနှစ်မှာ Steve Jobs ဟာ Apple ကိုပြန်လည်ရောက်ရှိလာခဲ့တယ်။ သူပြန်လာပြီးနောက်ပိုင်း ၂ နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ကုမ္ပဏီရဲ့ထုတ်ကုန် ၃၅၀ ကျော်ရှိရာကနေ ၁၀ မျိုးအထိ ထုတ်ကုန်တွေကိုလျှော့ချပြစ်ခဲ့ပါတယ်။ဘာဖြစ်လို့လဲ။ ထုတ်ကုန်နည်းလေလေ အရည်အသွေးပိုမိုကောင်းမွန်အောင် အာရုံစိုက်ပြီး ထုတ်လုပ်နိုင်တယ်ဆိုတာသူသိခဲ့လို့ပါပဲ။ဒီလိုလုပ်ဖို့အတွက် ကုမ္ပဏီဘုတ်အဖွဲ့တွေရဲ့တင်ပြတောင်းဆိုချက်တွေကို အကြိမ်ပေါင်းများစွာငြင်းဆိုခဲ့ရပါတယ်။

 

အပြောအဆိုကျွမ်းကျင်းမှုရှိပါ

Steve Jobs ဟာ အပြောအဆိုအတင်အပြ ကျွမ်းကျင်တဲ့သူတယောက်ပါ။ တခြားလူတွေ လုပ်လေ့ရှိတဲ့ ရိုးရှင်းတဲ့တင်ပြမှုတွေအစားသူဟာသင်ပေးတယ်၊ ပညာပေးတယ်၊ လုံ့ဆော်ပေးတယ် ပြီးတော့ ဖျော်ဖြေပေးတယ်။ ဒါတွေအားလုံးကို သူရဲ့တင်ပြပြောဆိုမှုထဲမှာ အမြဲတမ်းထည့်သွင်းပြောဆိုလေ့ရှိပါတယ်။ လူတယောက်မှာ အကောင်းဆုံး အကြံညဏ်တွေ ရှိကောင်းရှိနိူင်ပါတယ်။ ဒါပေမဲ့ဒီအရာတွေကို လူအများစိတ်ဝင်စားဖွယ်ဖြစ်အောင် မတင်ပြနိူင်ဘူးဆိုရင် အလကားပါပဲ။ ဒါကြောင့် အပြောအဆိုကျွမ်းကျင်မှုဟာ အောင်မြင်မှုရဲ့တစိတ်တပိုင်းမှာ ပါဝင်ပါတယ်။

 

မတူညီတာတွေလုပ်ပါ

Steve Jobs ဟာသူတပါးရဲ့လမ်းစဉ် နောက်ကိုလိုက်လေ့မရှိပဲ အမြဲတမ်းတခြားသူတွေနဲ့ မတူတာတွေကိုပဲ လုပ်လေ့ရှိတဲ့သူတယောက်ပါ။ တခါတုံးကသူဟာ ပက်ဆီကုမ္ပဏီရဲ့ ဥက္ကဌကို “ခင်ဗျာသကြားနဲ့လုပ်ထားတဲ့ ရေတွေပဲရောင်းချင်တာလား။ ဒါမှမဟုတ် ကမ္ဘာကြီးကို ပြောင်လဲဖိုတခုခု လုပ်ချင်တာလား”လို့မေးခဲ့ဖူးပါတယ်။ ကျနော်တို့ဟာ မတူညီတာတွေကို လုပ်ပြဖို့အတွက် အသက်ရှင်နေကြတာပါ။ Steve Jobs ဟာလူတွေရဲ့အမြင်မှာ ဆန်းသစ်ပြီးတော့ အများနဲ့မတူ တမှုထူးခြားအောင် အမြဲတမ်း အကြံညဏ်တွေထုတ်နေတတ်သူတယောက်ပါ။

 

စားသုံးသတွေရဲ့လိုအပ်ချက်ကို နားလည်ပါ

Steve Jobs ဟာလူတော်တော်များများရဲ့အာရုံကို ဖမ်းစားနိုင်တဲ့သူတယောက်ပါ။ သူဟာ စားသုံးသူတွေရဲ့ လိုအပ်ချက်ကို အမှန်တကယ်နားလည်တဲ့သူတယောက်ပါ။IPad တွေဟာ သုံးဖို့အရမ်းခတ်ခဲနေမယ်ဆိုရင် စားသုံးသူတွေရဲ့အားပေးမှုရမှာမဟုတ်ဘူးဆိုတာသူသိခဲ့ပါတယ်။ ဒါကြောင့်သူဟာ IPad ရှေ့မှာ ခလုပ်တခုပဲထားခဲ့တာပါ။အရမ်းရိုးရှင်းပြီးတော့ ၂ နှစ်သားကလေးအရွယ်တောင်သုံးနိုင်ပါတယ်။စားသုံးသူတွေဟာ ထုတ်ကုန်တွေကို ဂရုမစိုက်ကြပါဘူး။ သူတို့ကိုယ်သူတို့ပဲဂရုစိုက်ကြတာပါ။ သူတို့ရဲ့ မျှော်လင့်ချက်နဲ့လိုအင်ဆန္ဒတွေကိုပဲ ဂရုစိုက်ကြတာပါ။ ဒါကြောင့်သူတို့ရဲ့ လိုအပ်ချက်နဲ့ လိုအင်ဆန္ဒတွေကို ဖြည့် ဆည်းပေးနိုင်ရင် အောင်မြင်တဲ့သူတယောက်ဖြစ်ပြီလို့ မှတ်ယူလိုက်ပါ။

 

Kwee

 

 

Myanmar Advertising Guide 

Read times
Rate this item
(1 Vote)