-->
×

Warning

JUser: :_load: Unable to load user with ID: 29


Glossophobia အကြောင်းသိကောင်းစရာ

လူအများရှေ့မှာ ထွက်ပြီးစကားပြောရမှာကို လူငယ်တွေတော်တော်များများ ကြောက်ကြပါတယ်။ ဒီလိုကြောက်ရွံ့ခြင်းကို Glossophobia လို့ခေါ်ပါတယ်။ပုံမှန်ကြောက်တာထက်ကို ပိုပြီးလွန်ကဲစွာ စိတ်ထဲမှာ ဖြစ်ပေါ်နေတာ၊ အတိုင်းအဆမရှိ စိုးရိမ်ပူပန်တာတွေဖြစ်တဲ့အခြေအနေကိုမှ ဖိုးဘီးယားစိတ်ဝေဒနာ (Phobia) လို့ သတ်မှတ်လို့ ရတာပါ။

တခြားသော ဖိုးဘီးယားစိတ်ဝေဒနာနဲ့ ကွာခြားတဲ့အချက်ကတော့ Glossophobia ကို ငယ်စဉ်ကတည်းက သေချာကုသမှုမခံယူဘူးဆိုရင် ကြီးလာတဲ့အခါ ပိုပြီးဆိုးလာဖို့ပဲ ရှိနိုင်ပါတယ်။စိုးရိမ်စရာ စိတ်ကျန်းမာရေးပြဿနာတော့ မဟုတ်ပေမဲ့ ဝေဒနာခံစားရသူအတွက် နေ့စဉ်လူမှုရေး၊ အလုပ်ခွင်၊ ကျောင်းပတ်ဝန်းကျင်မှာ အဆင်မပြေမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာဟာ လူငယ်တွေမှာသာမက တစ်ချို့လူကြီးတွေမှာလည်း ရှိပါတယ်။

 

ကလေးဘဝမှာ ကြုံတွေ့ခဲ့ရဖူးတဲ့ ရှက်ရွံ့စရာအဖြစ်အပျက်တွေ၊ အတန်းထဲမှာ အနှိမ်ခံရတာ၊ စကားထစ်တာ၊ မိသားစုတွင်း ကိုယ့်ရဲ့ ထင်မြင်ယူဆချက်ကို ရဲရဲဝံ့ဝံ့ ပြောခွင့်မရတာ အစရှိတဲ့ လူမှုရေးပြဿနာတွေဟာ နောက်ပိုင်းမှာ လူရှေ့ထွက်ပြီး စကားပြောဖို့ ကြောက်စိတ်ဝင်လာတဲ့အထိ သက်ရောက်မှုရှိပါတယ်။ တချို့ကလေးတွေမှာ မိဘမျိုးရိုးမှာကိုလိုက်ပြီး လူကြောက်တဲ့ ရောဂါကူးစက်သွားနိုင်ပါတယ်။

 

Glossophobia ရဲ့ ရောဂါလက္ခဏာများတစ်ယောက်ထက်ပိုတဲ့ လူအုပ်ရှေ့မှာ စကားပြောတဲ့အခါ ပေါ်လာတတ်တဲ့ လက္ခဏာတွေကတော့ -

 

စိတ်ထဲ နေလို့ထိုင်လို့ မကောင်းတာ
စိုးရိမ်ပူပန်လာတာ
တစ်ကိုယ်လုံးတုန်ရီနေတာ
ချွေးစေးပြန်တာ
နှလုံးခုန်မြန်တာ
စကားထစ်လာတာ
အသံမထွက်လာတော့တာ
ခေါင်းမူးသလို ဖြစ်တာ
အသက်ရှူမဝတော့တာ
အော့အန်ချင်သလို ခံစားရတာ
ထွက်ပြေးချင်စိတ်ပေါက်လာတာ စတာတွေဖြစ်လာတက်ပါတယ်။

 

Glossophobia ကိုဘယ်လိုကုသလို့ရလဲ

=====================

 

အကယ်၍ သင်ဟာ လူအများရှေ့မှာ စကားပြောရတာကို ကြောက်လန့်နေတယ် (သို့) ဒီရောဂါက သင့်ရဲ့နေ့စဉ်ဘဝကို အဆင်မပြေမှုတွေဖြစ်စေတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သူတို့တွေက သင့်အတွက် အကြံကောင်းတွေပေးပါလိမ့်မယ်။ ကုသမှုမှာ စိတ်ကုထုံးတွေ၊ စိတ်ငြိမ်ဆေးဝါးတွေ၊ လေ့ကျင့်မှုပုံစံတွေ ဆိုပြီးရှိပါတယ်။

စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်ဆိုတာ ကြီးမားတဲ့ ပြဿနာမဟုတ်ဘူးလို့ ထင်ကြပေမယ့် တကယ်ခံစားရသူတွေသာ အဲ့ဒီဝေဒနာကို နားလည်နိုင်မှာပါ။ ဒါကြောင့် စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး မပေါ့ဆသင့်ဘူးလို့ အကြံပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

 

Healthline

Read times
Rate this item
(1 Vote)