-->
×

Warning

JUser: :_load: Unable to load user with ID: 29


လုပ်ငန်းရှင်တွေအတွက် အကျိုးအမြတ်ပိုမိုရရှိစေနိုင်တဲ့ YouTube ကြော်ငြာပုံစံ(၄)မျိုး

YouTube မှာ ကြော်ငြာတဲ့ပုံစံအမျိုးအစားတွေ အများကြီးရှိပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အကျိုးအမြတ်ပိုမိုရရှိစေမယ့် ကြော်ငြာပုံစံ (၄)မျိုးနဲ့ သူတို့ရဲ့မတူညီတဲ့ရည်ရွယ်ချက်တစ်ခုချင်းစီကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) Skippable Video Ads ( ကျော်လို့ရတဲ့ ကြော်ငြာ)

ဒီအမျိုးအစားဟာ ကြည့်ရှုသူတွေကို ၅ စက္ကန့်ပီးတဲ့နောက် ကျော်ခွင့်ပေးထားတာပါ။ ကြော်ငြာပြလို့ရတယ့်နေရာတွေအနေနဲ့ ကိုယ်ကြည့်မယ့်ဗီဒီယိုမလာခင်၊ ကြည့်နေချိန်အတွင်းကြားဖြတ်ဝင်လာတာနဲ့ ဗီဒီယိုအပြီးမှာပြတာ ဆိုပြီး (၃)နေရာရွေးချယ်လို့ရပါတယ်။ Device တွေအနေနဲ့ Desktop မှာကော Mobile မှာကော နှစ်မျိုးစလုံးရွေးလို့ရပါတယ်။ ဒီအမျိုးအစားကို ရွေးချယ်ရတဲ့ရည်ရွယ်ချက်ကတော့ သူကကြည့်ရှုသူတွေကို ကိုယ့်ကြော်ငြာပေါ်မှာ များစွာစိတ်ဝင်စားမှုရစေပါတယ်။ ပြီးတော့ ကိုယ်ပေးချင်တဲ့အကြောင်းအရာကို လည်းထိထိမိမိပေးနိုင်ပါတယ်။ နောက်တစ်ချက်က ကိုယ့်ရဲ့ကြော်ငြာကိုလည်း အလကားပြသနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ YouTube က (၃၀)စက္ကန့်ကြည့်ပြီးမှ ကြည့်ရှုသူတစ်ယောက်ဆိုပီး သတ်မှတ်ပိုက်ဆံဖြတ်တာကြောင့်ဖြစ်ပါတယ်။ တတိယအချက်အနေနဲ့ လုပ်ငန်းရှင်တွေက ကြည့်တဲ့သူတွေကို ကိုယ်ခေါ်သွားချင်တဲ့နေရာရောက်အောင် ကြော်ငြာပေါ်မှာ လင့်(ခ်)ထည့်ပေးလို့ရပါတယ်။ (ဥပမာ- အထူးလျှော့ဈေးပေးတဲ့အချိန်လိုမျိုး၊ ဒါမှမဟုတ် ကိုယ့်ရဲ့ပစ္စည်း၊ ဝန်ဆောင်မှုတခုခုကို ပိုအလေးပေးကြေညာချင်တဲ့အချိန်မျိုးမှာ အထူးသင့်လျော်ပါတယ်)။

 

(၂) Non-skippable Video Ads ( ကျော်လို့မရတဲ့ ကြော်ငြာ)

ကျော်လို့မရတဲ့ ကြော်ငြာဆိုတဲ့အတိုင်း ကြည့်တဲ့သူကကိုယ်ကြည့်ချင်တဲ့ ဗီဒီယိုမလာခင် အဲ့ကြော်ငြာကိုအပြီးထိကြည့်ရပါတယ်။ များသောအားဖြင့် ကြော်ငြာက (၃၀)စက္ကန့် ကြာမြင့်ပါတယ်။ ကြော်ငြာပြလို့ရတယ့်နေရာတွေအနေနဲ့ ကိုယ်ကြည့်မယ့်ဗီဒီယိုမလာခင်၊ ကြည့်နေချိန်အတွင်းကြားဖြတ်ဝင်လာတာနဲ့၊ ဗီဒီယိုအပြီးမှာပြတာဆိုပြီး (၃)နေရာရွေးချယ်လို့ရပါတယ်။ Device တွေအနေနဲ့ Desktop မှာကော Mobile မှာကော နှစ်မျိုးစလုံးရွေးလို့ရပါတယ်။ ဒီအမျိုးအစားကို ရွေးချယ်ရတဲ့ရည်ရွယ်ချက်ကတော့ ကြော်ငြာကြည့်ရှုမှုနှုန်းကို အများဆုံးဖြစ်စေချင်လို့ဖြစ်ပါတယ်။ ကျော်လို့မရတဲ့အတွက် ဒီကြော်ငြာကိုအပြီးထိကြည့်ရုံမှလွဲလို့ ဘာမှလုပ်လို့မရပါဘူး။ ကြော်ငြာ အရှည်ဖြစ်တယ်ဆိုပေမယ့်လည်း အရမ်းကြာတာမျိုးမဟုတ်ဘဲ တိုတိုနဲ့ကိုယ်ပေးချင်တဲ့အကြောင်းအရာကို ပေးနိုင်ရင်တော့ပိုပြီးတော့အကျိုးရမှာဖြစ်ပါတယ်။ အဲ့လိုကြော်ငြာမျိုးကို ဘယ်လိုလူတွေကိုရွေးချယ်ပြသင့်လဲဆိုတော့ YouTube မှာ အကြောင်းရာတူတွေကြည့်တတ်တဲ့လူမျိုး (ဥပမာ- ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး နဲ့ပတ်သက်ပြီး ရွေးချယ်ကြည့်တက်တဲ့လူတွေ)၊ ရုပ်သံလိုင်းတစ်ခုထဲကိုပဲ ကြည့်တတ်တဲ့လူမျိုးတွေနဲ့ ကိုယ့်ကြော်ငြာနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတစ်ခုခုကို ရှာဖွေပြီးကြည့်မယ့်လူမျိုးတွေကို ရွေးချယ်သင့်ပါတယ်။

 

(၃) Displayed Ads ( Banner လိုကြော်ငြာ)

အဓိကကြည့်မယ့်ဗီဒီယိုရဲ့ညာဘက် နဲ့ suggested video list ရဲ့အပေါ်မှာ ပြသတဲ့အမျိုးအစားဖြစ်ပါတယ်။ သူ့ကိုတော့ Desktop တစ်မျိုးမှာပဲပြလို့ရပါတယ်။ ဒီအမျိုးအစားကို ရွေးချယ်ရတဲ့ရည်ရွယ်ချက်ကတော့ အခြား ဗီဒီယိုကိုကြည့်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ကြော်ငြာကိုသတိထားမိအောင် ကြည့်ရှုသူတွေကိုအာရုံစိုက်စေတဲ့ သဘောပဲဖြစ်ပါတယ်။ Skippable Video Ads (ကျော်လို့ရတဲ့ ကြော်ငြာ) လိုမျိုးတော့ ကြည့်တဲ့သူတွေကို ကိုသွားစေချင်တဲ့နေရာဆီရောက်အောင် ခေါ်မသွားနိုင်ပါဘူး။ ဒါပေမယ့် ပေးချင်တဲ့အကြောင်းအရာများများပေးနိုင်လို့ Subscriber တိုးဖို့ ကြော်ငြာတဲ့အခါများစွာ အသုံးဝင်ပါတယ်။'

 

(၄) Overlay Ads (ထပ်ဆင့်ကြော်ငြာ)

ကြည့်နေတဲ့ ဗီဒီယိုရဲ့အောက်ဖက်နားလောက်မှာ ပြသတဲ့ကြော်ငြာအမျိုးအစားဖြစ်ပါတယ်။ သူလည်း Desktop တစ်မျိုးမှာပဲ ပြလို့ရပါတယ်။ ဒီအမျိုးအစားကို ရွေးချယ်ရတဲ့ရည်ရွယ်ချက်ကတော့ ကြည့်ရှုသူတွေကို ကိုယ်လုပ်စေချင်တဲ့ Action တစ်ခုခုကို လုပ်စေချင်တဲ့အခါမျိုး(ဥပမာ- စားသောက်ဆိုင်က order တက်စေချင်ရင် အခုပဲဖုန်းခေါ်လိုက်ပါဆိုတဲ့ အကြောင်းအရာနှင့်တကွ ဖုန်းနံပါတ်ကို တစ်ခါတည်းနှိပ်ပီး ဆက်လို့ရတာမျိုး စတဲ့ နေရာတွေမှာ) အသုံးပြုလို့ရပါတယ်။ ဒီပုံစံက ကြည့်တဲ့လူတွေကို စိတ်အနှောင့်အယှက်မဖြစ်စေဘဲ ကြည့်ရှုသူတွေပိုများစေပါတယ်။ ပီးတော့ နောက်တစ်ချက်အနေနဲ့ ကိုယ့်ရဲ့ပြိုင်ဘက်၊ ဒါမှမဟုတ် လုပ်ငန်းတူသူတွေရဲ့ဗီဒီယိုတွေမှာပါ ကြော်ငြာသွားပြလို့ရတဲ့အတွက် ကိုယ့်ကြော်ငြာကိုသူတို့ကိုကြော်ငြာခိုင်းသလိုတောင်ဖြစ်ပါတယ်။

 

ဒီကြော်ငြာပုံစံ (၄)မျိုးကတော့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အကျိုးအမြတ်ပိုမိုရရှိစေပီး အသုံးများတဲ့ကြော်ငြာပုံစံတွေပဲဖြစ်ပါတယ်။

Read times
Rate this item
(0 votes)