Samsung က ကြော်ငြာမှာ iPhone ပုံ မှားသုံးမိကြောင်းဝန်ခံပြီး ပုံပြောင်းလဲ
Samsung က One UI Galaxy အပြင်အဆင်ကို လူသိများစေဖို့ Samsung Members အက်ပ်တွင် ပရိုမိုးရှင်းနဖူးစည်းတစ်ခုကို တင်ပြခဲ့ပါတယ်။
ပရိုမိုးရှင်းနဖူးစည်းကို တွေ့မြင်ကြသူတွေ အံအားသင့်ကုန်တယ်။
ပရိုမိုးရှင်းနဖူးစည်းမှာ သုံးထားတဲ့ ဖုန်းပုံက ထိပ်ချိုင့်စခရင်သုံးထားတဲ့ iPhone notch ဖုန်းမော်ဒယ်နှင့် ဆင်ဆင်တူနေတယ်။
Samsung က ထိပ်ချိုင့် notch စခရင်ဒီဇိုင်းကို သုံးလေ့သုံးထ မရှိပါဘူး။ အဝိုင်းပေါက် punch hole ကိုသာ သုံးပါတယ်။
ဒီတော့ ထိပ်ချိုင့်စခရင် ဖုန်းပုံကုိ Samsung ရဲ့ နဖူးစည်းပုံမှာ ဖော်ပြထားတဲ့အတွက် Samsung Members အက်ပ်ကို သုံးစွဲသူများအနေဖြင့် အံ့အားသင့်မိကြတယ်။ Samsung က မူပြောင်းပြီး ထိပ်ချိုင့်ဒီဇိုင်းကို နောက်ထုတ်လုပ်မယ့် စမတ်ဖုန်းတွေမှာ သုံးတော့မှာလာလို့ သို့လောသို့လော တွေးဆမိကြတယ်။
သို့လော သို့လော တွေးနေမိကြစဉ်မှာ Samsung က ဒီဇိုင်းမှားသုံးမိကြောင်း ဝန်ခံပြီး ပုံအသစ် ပြောင်းလဲပေးမယ်လို့ အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။
နဖူးစည်းကို တာဝန်ယူစီစဉ်ရတဲ့သူရဲ့ အမှားသာ ဖြစ်ကြောင်း ၊ ဒီဇိုင်းဖိုင် မှားယွင်းသုံးစွဲမိကြောင်း၊ ပုံကို ဆောလျင်စွာဖြင့် အသစ်လဲပေးမှာဖြစ်ကြောင်း အသိပေးပါတယ်။
Galaxy theme သုံးထားတဲ့ ဖုန်းပုံပါတဲ့ ဒီဇိုင်းဖြင့် အစားထိုးလဲလှယ်ပေးလိုက်ပါတယ်ယ ဖုန်းစခရင်ထိပ် အလယ်နေရာမှာ အဝိုင်းပေါက် punch-hole ပါတဲ့ ဖုန်းပုံကို မှန်ကန်စွာ သုံးစွဲထားတဲ့ နဖူးစည်းကို Samsung Members အက်ပ်ကို သုံးစွဲသူများ တွေ့မြင်ကြရပါတယ်။
#MyanmarAdvertisingGuide