အိန္ဒိယနိုင်ငံမှာ ဝီစကီစီးပွားရေးက အရေးပါတဲ့ စီးပွားရေးကဏ္ဍတစ်ခုဖြစ်သည်။ The Economic Times သတင်းစာအရ အိန္ဒိယမှာ ၂၀၁၈ ခုနှစ်တုန်းက အရက်သုံးစွဲမှုက ၂၁၂.၇ သန်းရှိခဲ့တယ်လို့ သိရပါတယ်။
သန်းပေါင်းများစွာသော သုံးစွဲမှု အရေအတွက်ကို အိန္ဒိယနိုင်ငံလုပ် နိုင်ငံခြားအရက်များ ထုတ်လုပ်သော ကုန်အမှတ်တံဆိပ်တွေက စျေးနှုန်းချိုသာစွာဖြင့် လွှမ်းမိုးထားသည်။ ၎င်းလွှမ်းမိုးမှုက နောက်နှစ်တွေမှာလည်း ဆက်လက်ထိန်းသိမ်းထားနိုင်တာကို တွေ့ရပါတယ်။ ယခု မျှဝေပေးသွားမယ့် ကုန်အမှတ်တံဆိပ်လေးခုက ကမ္ဘာပေါ်မှာ အရောင်းရဆုံး အိန္ဒိယအရက် ဝီစကီများ ဖြစ်ပါတယ်။
၂၀၁၉ခုနှစ်ရဲ့ အရောင်းရဆုံး စစ်တမ်းအရ The Spirits Business မှထုတ်လုပ်သော အရောင်းရဆုံးဝီစကီ ၁၀ခု စာရင်းမှာ အိန္ဒိယဝီစကီ အမှတ်တံဆိပ် ၄ခုက ဒုတိယ၊ တတိယ၊ ပဉ္စမနှင့် သတ္တမနေရာ အသီးသီးရရှိခဲ့ကြပါတယ်။
Royal Stag

၂၀၁၈ မှ ၂၀၁၉ အထိ (၂၁.၆ သန်းမှ ၂၂.၀ သန်းအထိ) ရောင်းအား ၂.၁ ရာခိုင်နှုန်းတိုးတက်မှုနှင့်အတူ Pernod Ricard မှပိုင်ဆိုင်သော အိန္ဒိယဝီစကီ Royal Stagသည် အရောင်းရဆုံးနံပါတ် ၁၀ နေရာတွင် နံပါတ် ၇ နေရာရရှိခဲ့သည်။ ဒါ့အပြင် Royal Stagကို ကမ္ဘာအနှံ့ရှိ နိုင်ငံများစွာမှာ ထုတ်ပိုးမှု ပုံစံအမျိုးမျိုးနဲ့ ဝယ်ယူရရှိနိုင်ပြီး Pernod Ricardရဲ့ ကမ္ဘာ့အကျော်ကြားဆုံး အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။
Imperial Blue

နံပါတ် ၅ နေရာကို ချိတ်တဲ့ Imperial Blue ဝီစကီသည် Pernod Ricardမှ ပိုင်ဆိုင်ပြီး ၂၀၁၉ ခုနှစ်မှာ အဆိုပါ ကုန်အမှတ်တံဆိပ်ရောင်းအားကို ၂၀၁၈ခုနှစ်ရောင်းအား(၂၂.၇ သန်းမှ ၂၆.၃ သန်းထိ)နှင့် နှိုင်းယှဉ်လျှင် ၁၆ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ထိုရောင်းအား စာရင်းအရ Imperial Blueသည် လွန်ခဲ့တဲ့ ၅ နှစ်ကစတင်ပြီး တစ်နှစ်ပြီးတစ်နှစ် တိုးတက်မှုနှုန်းကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ကြရသည်။
Officer’s Choice

ဘတ်ဂျက်ဝီစကီဖြစ်တဲ့ Officer’s Choice ရောင်းအားက 2018ခုနှစ်မှာ 34.0သန်းထိ ရှိခဲ့သော်လည်း 2019ခုနှစ်မှာ 30.6သန်းသို့ ကျဆင်းသွားခဲ့ပါတယ်။ သို့သော် top10စာရင်းမှာ နံပါတ် ၃နေရာ ရရှိနေဆဲဖြစ်ပါတယ်။ ၎င်းကို Allied Blenders & Distillersမှ ထုတ်လုပ်ဖြန့်ချီပါသည်။
McDowell’s No.1 Whisky

ကမ္ဘာ့အရောင်းရဆုံး ဝီစကီစာရင်းမှာ နံပါတ် ၂ နေရာရပ်တည်ခဲ့ပြီး ဂုဏ်ယူဝင့်ကြွားဖွယ် McDowellရဲ့ နံပါတ် ၁ ဝီစကီဖြစ်ပါတယ်။ United Spirits, Diageo မှထုတ်လုပ်သော ၎င်းဝီစကီက ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၂၉.၀ သန်းမှ ၃၀.၇ မီလီယံအထိ) ရောင်းအား ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အမြင့်ဆုံး ရောင်းအားရှိတဲ့ ဝီစကီ အမှတ်တံဆိပ်ဖြစ်တဲ့ အပြင် ကမ္ဘာ့ အရောင်းရဆုံး ဝီစကီစာရင်းမှာ နံပါတ် ၂နေရာ ရရှိခဲ့ပါတယ်။
Written By Omega







