-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုဗစ်ကို အံတု Reese ရဲ့ မုန့်အချိုပေးဝေမည့်ပရိုမိုးရှင်း စက်

ကိုဗစ်အချိန်မှာ ကလေးတွေကို ပွဲတော်ရာသီ ရှိသော်လည်း သကြားလုံး နဲ့ မုန့်အချိုတွေ စေဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါတယ် သို့ပေမယ့် အခက်အခဲများကြားက Reese က စားသုံးသူတွေကို ပရိုမိုးရှင်း တစ်ခုပေးလိုက်ပါတယ်။

 

အမေရိကန်မှာ မုန့်အချို ကုန်အမှတ်တံဆိပ် တွေများပြားပြီး ဟောလိုဝင်းဆိုတာ ၎င်း မုန့်အချို လုပ်ငန်းစုတွေ အတွက် အရေးကြီးတဲ့ အချိန်အခါ ဖြစ်ပြီး ဒီနှစ်မှာက ကိုဗစ်ကြောင့် လူအချင်းထိတွေ့မှုရှောင်ရှားနိုင်ရန် Brand တွေအနေနဲ့ မုန့်အချိုပေးဝေပြီးအရောင်းမြင့်တင်ဖို့ကို အကြောက်ရွံနေကြပါတယ်။

 

Hershey လုပ်ငန်းစုမှ ပိုင်ဆိုင်တဲ့ Reese ကုန် အမှတ်တံဆိပ်ကတော့ မုန့်အချိုပေးဝေမည့် စက်ကို ထုတ်လုပ်ထားပြီး မြို့လည်မှာနေရာချထားကာ တစ္ဆေများနေ့ဝတ်စုံများနဲ့ လာကြမယ့်ကလေးများကို သကြားလုံးပေးမယ်သိရပါတယ်။

 

Hershey-owned brand Reese’s has found a workaround by creating a robotic trick-or-treat door that dispenses king size Peanut Butter Cup candy bars to Halloween fans in their own neighborhood.အဆိုပါ စက်ကို အိမ်တံခါးပုံစံ ပြုလုပ်ထားပြီး ခလုတ် နိုပ်ပါက မုန့်အချိုတစ်ပြားကြလာမှာပါ ထို့အပြင် ၎င်း တို့ Campaign ကို လူသိများစေဖို့ Instagram ပေါ်မှာ #ReesesDoor ဆိုတဲ့ စာတန်းလေးနဲ့ ပြန်တင်ပေးရတယ်သိရပါတယ်။ပေ ၅၀၀၀ အကွာကနေ Reese က ဝန်ထမ်းများ ၎င်းစက်များကို ထိန်းချုပ်နေတယ်သိရပါတယ်။

 

၉ ပေ အကွာလောက်ထဲက မီးခိုးငွေ့များနဲ့ တန်ဆာဆင်ထားပြီး မီးနီလေးများ ဟောလိုဝင်းသီချင်းများပါဖွင့်ထားပါသေးတယ်။အကယ်၍ သင့်ကလေးက “trick or treat” လို့အော်လိုက်ပါက စက်က အသံဖမ်းမိပြီး Reese မှ မုန့်အချိုတစ်ခု ကျလာမယ်သိရပါတယ်။

 

Reese ရဲ့ အကြီးတန်း ကုန်အမှတ်တံဆိပ် မန်နေဂျာ Allen Dark ပြောကြားချက် အရ " အခုဟောလိုဝင်းက အခြားဟောလိုဝင်းတွေနဲ့ မတူပါဘူး ကျွန်တော်တို့အနေနဲ့ တီထွင်ဖန်တီးမှုကို ပိုမိုဆောင်ရွက် ထားတယ် စက်ရုပ် တံခါးပေါက်တစ်ခုကို လုပ်ထားတာ ဒါဟာ တစ်ကမ္ဘာလုံးက တောင်းဆိုနေတဲ့ အရာပဲ '' ဆိုကာပြောပြခဲ့ပါတယ်။

 

မုန့်အချိုလုပ်ငန်း အဖွဲ့ချုပ်ရဲ့ပြောကြားချက် အရဆိုရင် Reese ရဲ့ ရရှိငွေဟာ၂၀၀၉ ခုနှစ်က ၄.၆ သန်းရောင်းရပြီး ဒီနှစ်၎င်းတို့ ကုန်အမှတ်တံဆိပ်ကို ကယ်နိုင်ဖို့ PR သမားတွေဖြစ်တဲ့ Dentsu Mcgarrybowen နဲ့ FleishmanHillard တို့မှ အကြံဉာဏ်ရတယ်သိရပါတယ်။

 

အခု၂၀၂၀ အောက်တိုဘာလ မရောက်ခင် ကတည်းက Treat Town ဆိုတဲ့ App တစ်ခုကို တီထွင်လိုက်ပြီး ၎င်း App ထဲမှာ တိုင်းပြည်ကျော်ပြီး မုန့်အချိုတောင်းလို့ရပါသတဲ့။Krispy Kreme မှလည်း မုန့်အချိုပေးတဲ့ ကိစ္စရပ်ကို ပါဝင်ခဲ့ပြီး အဆိပ်မှိုပုံစံ ဒိုးနတ်ကို လက်ဆောင်ပေးနေတယ်သိရပါတယ်။

 

Reese ဟာ အခုနှစ် ၂၀၂၀ မှ အထူးအဆန်းတွေ လုပ်တာမဟုတ်ပါဘူး ၂၀၁၈ ခုနှစ်ဟောလိုဝင်းတုန်းကလဲ သကြားလုံးတွေနဲ့ မြေပဲထောပတ်ဗူးလဲလှည်ပေးတဲ့ စက်ကိုလည်းထုတ်လုပ်ခဲ့ပါသေးတယ်။

 

Ref : The Drum

 

Read times
Rate this item
(0 votes)