-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒီအကျင့်ဆိုးတွေကိုပယ်ဖျောက်ခဲ့လို့ Bill Gate တစ်ယောက်ဘီလျံနာဖြစ်လာခဲ့တာပါ

ဒီအကျင့်ဆိုးတွေကိုပယ်ဖျောက်ခဲ့လို့ Bill Gate တစ်ယောက်ဘီလျံနာဖြစ်လာခဲ့တာပါ Google

အောင်မြင်သူတွေဆီမှာ အောင်မြင်ရခြင်းလျှို့ဝှက်ချက်တွေရှိသလို မအောင်မြင်သူတွေဆီမှာလည်း မအောင်မြင်ရခြင်းအကြောင်းတရားနဲ့ အကျင့်ဆိုးတွေရှိနေတက်ကြပါတယ်။

Bill Gates လို ဘီလျံနာကြီးတစ်ယောက်မှာလည်း တချိန်ကအကျင့်ဆိုးတွေ ရှိခဲ့ဖူးပါတယ်တဲ့။ သူဟာ ဒီလိုအကျင့်ဆိုးတွေကိုဖျောက်ပြီး ဘီလျံနာလမ်းကြောင်းပေါ်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ ဘယ်လို အကျင့်ဆိုးတွေကို ဖျောက်ခဲ့ရပါသလဲ။

သင်ဟာ ကိုယ်လုပ်ရမယ့်အရာတွေကို နောက်ဆုံးမိနစ်ကျမှကပ်ကပ်ပြီး လုပ်တတ်တဲ့သူလား။ ဒါမျိုးကို Bill Gates လည်း သူငယ်ငယ်ကလုပ်ခဲ့ဖူးပါတယ်တဲ့။ Bill Gates ဟာ Harvard University မှာ ကျောင်းတက်နေတဲ့ ကျောင်းသားဘဝတုန်းက အရမ်းအချိန်ဆွဲတဲ့သူဖြစ်ခဲ့ဖူးပါတယ်။ ( စကားချပ်- Bill Gates ဟာ Harvard မှာ ၂ နှစ်တက်ပြီး ကျောင်းက ထွက်လာခဲ့သူပါ။)

စီးပွားရေးနယ်ပယ်ထဲကို ဝင်လာတဲ့အခါမှာတော့ Deadline အမီလုပ်ရမှာနဲ့ အချိန်မီလုပ်ဖို့ကလိုကို လိုလာခဲ့ပါတယ်။ ဒါနဲ့ပဲ သူ့ကိုယ်သူပြန်လည်ပြင်ဆင်ခဲ့ပြီး အစီအစဉ်တကျနဲ့အရာရာကို အချိန်မှန်လုပ်နိုင်တဲ့သူဖြစ်ဖို့ ပြောင်းလဲခဲ့ပါတယ်။ အခုထိလည်း ပြောင်းလဲနေရဆဲလို့ဆိုခဲ့ပြီး အချိန်ဆွဲခြင်းဟာ အကျင့်ကောင်းလုံးဝမဟုတ်ဘူးလို့ပါ ပြောကြားခဲ့ပါတယ်။

အခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် အချိန်ဆွဲနေသေးတယ်ထင်ရင် Kevin O’ Leary ပြောတဲ့ ဒီအချက်လေးကို လိုက်လုပ်ကြည့်သင့်ပါတယ်။ "နေ့တစ်နေ့ရဲ့ အချိန်၁၅ မိနစ်တိုင်းကို ပိုင်းခြားပါ။ ပိုက်ဆံရတဲ့ အလုပ်က ဘယ်အလုပ်လဲလို့ တွေးပြီး အဲဒီအလုပ်ကို အရင်လုပ်ဖြစ်အောင် လုပ်ပါ” ဆိုတဲ့ အကြံပေးချက်လေးကို လိုက်လုပ်ကြည့်သင့်ပါတယ်။

Read More >>> ကျရှုံးခြင်းတွေကိုကျော်လွန်နိုင်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုလုံးကိုဦးဆောင်နိုင်ဖို့ဆိုရင်

Credit; Life Style

 

Read times
Rate this item
(2 votes)