-->
×
Warning
JUser: :_load: Unable to load user with ID: 29
ထိပ်ဆုံးနဲ့တန်တဲ့ ပေးဆပ်မှုမျိုး ပေးဆပ်ပြီးပြီလား
ထိပ်ဆုံးနဲ့တန်တဲ့ ပေးဆပ်မှုမျိုး ပေးဆပ်ပြီးပြီလား google.com
ကျွန်တော်တို့ လူတွေမှာ ဖြစ်နိုင်တဲ့ အလားအလာရှိတာနဲ့ လက်ရှိဖြစ်နေတာကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ ဖြစ်နိုင်တာနဲ့ ဖြစ်နေတာကွာဟမှုဟာ  အင်မတန် ကြီးမားတာတွေ့ရပါတယ်။
(Unicode Version)
ကျွန်တော်တို့ လူတွေမှာ ဖြစ်နိုင်တဲ့ အလားအလာရှိတာနဲ့ လက်ရှိဖြစ်နေတာကို နှိှုင်းယှဉ်ကြည့်လိုက်တဲ့အခါ ဖြစ်နိုင်တာနဲ့ ဖြစ်နေတာကွာဟမှုဟာ အင်မတန် ကြီးမားတာတွေ့ရပါတယ်။
လူသားအားလုံး လုပ်ရည်ကိုင်ရည်မြင့်မားတဲ့သူ၊ အရည်အချင်းမြင့်မားတဲ့သူ နဲ့ ပညာရပ်အမျိုးမျိုး တတ်ကျွမ်း နားလည်တဲ့သူ ဖြစ်နိုင်ပါတယ်။
ဖြစ်နိုင်တာတွေ၊ ကောင်းတာတွေဟာ ဘာဖြစ်လို့ လက်ရှိအခြေအနေထက် ပိုပြီးဖြစ်မလာတာ ဘာကြောင့်လဲ ကိုယ့်ကိုယ် ပြန်မေးကြည့်ပါ။
ဘဝမှာတော့ ဘယ်သူမဆို ထိပ်ဆုံးဆိုတဲ့ နေရာကို ရောက်ချင်ကြပါတယ်။ သို့သော် ထိပ်ဆုံးရောက်ချင်လျှင် တော့ ထိပ်ဆုံးနဲ့တန်တဲ့ ပေးဆပ်မှုဆိုတာမျိုးတော့ ရှိရမှာပါ။ ဒါကြောင့် လေးနက်စွာ မေးချင်တာက ပေးဆပ်ချင်တဲ့ ဆန္ဒရှိပြီလား။
သို့သော် ထိုဆန္ဒတစ်ခုတည်း ရှိနေယုံနဲ့မပြီးပါ။ လုပ်ဆောင်ချက်တစ်ခုအဖြစ် ပြောင်းလဲနိုင်ပြီလား။ တစ်နေ့တာအတွက်တောင် ကိုယ့်ရဲ့အချိန်ကို အကျိုးရှိစွာ စီမံခန့်ခွဲနိုင်မှုမရှိသေးဘူးဆိုရင်တော့ ထိပ်ဆုံးဆိုတာ ဘယ်နေရာလည်းဖြစ်နေဦးမှာပါ။
သိသိရက်နဲ့ မလုပ်တာ မိုက်မဲခြင်းပါ ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်မှုတွေမလုပ်နိုင်ရင် ကြီးပွားမှု တိုးတက်မှုတွေ မရှိနိုင်ဘူး ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို မလုပ်နိုင်ဘူး ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်မှုတွေလုပ်ပြီး တိုးတက်ကြီးပွားလာဖို့ ဆိုတာတကယ်ကို စိတ်ခွန်အားတွေ တိုးစေပါတယ်။
နောက်(၃)နှစ် ဒါမှမဟုတ် (၅)နှစ်မှာ ပျော်ရွှင်ချင်တယ်ဆိုရင်တော့ ဒီအချိန်မှာ သင့်ကိုယ်သင် အပြတ်ခိုင်းပစ်လိုက်ပါ။ မသနားပါနဲ့၊ အလိုမလိုက်ပါနဲ့။
အဲ့အချိန်ဆို ဒီထက်လည်းပိုက်ဆံပိုရှိမယ။် ကိုယ့်ရဲ့ တန်ဖိုးလည်းမြင့်လာမယ်။ ကိုယ့်နာမည်အနောက်မှာ ရှိမယ့် ကိုယ့်ရဲ့တန်ဖိုးပေါ့။ လူတွေကပြောလေ့ရှိတယ် အလုပ်ကသင်ပေးလိမ့်မယ်လို့။ လုပ်ရင်းနဲ့ တတ်သွားလိမ့်မယ်၊ အဲ့ဒါနဲ့တင် မလုံလောက်ဘူး တိုးချဲ့သင့်တယ်။
အလုပ်ချိန် 8နာရီ (သို့) ၉နာရီအတွင်းမှာ သင်ယူရတာ တကယ်မလုံလောက်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် တကယ်စိန်ခေါ်ချင်ရင်တော့ ပုံမှန်လုပ်နေကျ ၈နာရီ ၉နာရီထက် ပိုမိုအားစိုက်ကြိုးစားသင့်ပါတယ်။ ဥပမာ ကိုယ့်အလုပ်9နာရီ လုပ်ပြီး ကျန်တဲ့ 6နာရီက ဘာလုပ်မှာလဲ။ ဘယ်အရာတွေကို လေ့လာမှာလဲ။ ကိုယ်တိုင်ဆုံးဖြတ်ပါ။
ကျရှုံးမှာလည်း မကြောက်ပါနဲ့။ အကြိမ်အရေအတွက်ပေါင်းများစွာ ကျရှံုးခြင်းက သင့်ကို ပါရမီရှင် တစ်ယောက်အဖြစ်သို့ တွန်းပို့ပေးမှာပါ။
Read times
Rate this item
(1 Vote)