-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေအာင္ျမင္မႈ ပန္းတိုင္ကို လမ္းျပေနတဲ႔ ေျမပုံ ( ၇ ) ခု

ေအာင္ျမင္မႈ ပန္းတိုင္ကို လမ္းျပေနတဲ႔ ေျမပုံ ( ၇ ) ခု google

လုပ္ငန္းရွင္ေတြ စီးပြားေရးလုပ္ကိုင္ေနသူေတြ တစ္နိုင္တစ္ပိုင္ စီးပြားေရး လုပ္သူေတြ  အလုပ္လုပ္ေနတဲ့ လူအားလုံးအတြက္ အသုံးဝင္မယ့္ လမ္းေၾကာင္းေလးေတြ မွ်ေဝေပးခ်င္ပါတယ္

 

ဒါက က်ြန္ေတာ္ ေတြ႔တာေလးကို နည္းနည္းေလးျပင္ျပီး စာဖတ္ပရိသတ္ေတြအတြက္ မၽွ်ေဝေပးတာပါ ။

 

ဒီလမ္းေၾကာင္း နည္းေတြကို ေျမပုံလို႕ တင္စားထားပါတယ္။ ဘာလို႕ ေျမပုံလို႕တင္စားရတာလဲ ???


အေျဖကရုိးရွင္းပါတယ္
ဒါက ေအာင္ျမင္မႈ ပန္းတိုင္ကို လမ္းျပေနတဲ႔ ေျမပုံ ၇ ခု ျဖစ္ေနလို႕ပါ

 

ဘယ္လို အေၾကာင္းအရာေတြ ျဖစ္မလဲ??? ေလ့လာဖတ္ရႈလိုက္ရေအာင္!!!

 

(၁) သင္ပိုင္တဲ႔ ေတာင္းထဲမွာ ၾကက္ဥ ၁၀လံုးရွိတယ္။ တစ္ေန႔ကို ၉လံုးစားၿပီး ၁လံုးခ်န္ထားလို႔ ၁၀ရက္ၾကာရင္ ဘာျဖစ္မလဲ။ ၾကက္ဥ ၁၀လံုးေရာက္ေနၿပီေပါ႔။ တစ္လံုးေလွ်ာ႔စားလုိက္တဲ႔အတြက္ သင္လည္း ဘာမွ မသိသာပါဘူး။

အဲေတာ႔ အလုပ္လုပ္မယ္ဆိုရင္ ကိုယ္႔၀င္ေငြ ၁၀ပံု ၁ပံုကို အၿမဲခ်န္ထားရမယ္ကြ။ ၉ပံုေတာင္ သံုးရတဲ႔ အတြက္ ဒီေလာက္ႀကီးလည္း ျခိဳးၿခံစရာမလုိဘူးလား။ ဒါ က်ြနု္ပ္ေျပာခ်င္တဲ႔ ေျမပံု ၁ ဗ်။

 

(၂) ေနာက္တစ္ခုက သင့္ရဲ႕ ၀င္ေငြထြက္ေငြေတြကို ေသေသခ်ာခ်ာ သိထားဖို႔လုိတယ္။ မလိုအပ္ပဲနဲ႔ ထြက္ေနတဲ႔ လမ္းေၾကာင္းေတြရွိရင္ အျမန္ပိတ္ပစ္ေပေတာ႔။ အဲလိုမွ မလုပ္ရင္ အိတ္ေပါက္နဲ႔ ဖားေကာက္သလုိ ျဖစ္ေနလိမ့္မယ္။ ဒါ က်ြနု္ပ္ေျပာခ်င္တဲ႔ ေျမပံု ၂ ပဲ။

 

(၃) တတိယတစ္ခုက ေငြကိုစုေပမယ္႔ သက္မဲ႔လုိ သေဘာမထားရဘူး။ ႏြားေတြ ၾကက္ေတြ ေမြးသလိုေပါ႔။ အေကာင္ေတြပြား၊ ဥေတြဥ အေကာင္ထပ္ပြားေပါ႔ကြာ။ ေငြကုိ ေငြခ်င္းထပ္ပြားႏုိင္ဖို႔ အက်ိဳးရွိတဲ႔ ေနရာေတြမွာ ထည္႔၀င္ၿမွဳပ္ႏွံ။ အဲလိုမွ မလုပ္ပဲေငြကို ေသတၱာထဲ ထည္႔သိမ္းထားမယ္ဆုိရင္ ေငြေတြဟာ အေၾကာ ေသသြားလိမ္႔မယ္။ ေလျဖတ္တဲ႔လူေတြလုိ မင္းေငြေတြဟာ အင္အားမရွိေတာ႔ဘူးေပါ႔။

ဥပမာကြာ ငါ႔သားေမြးတုန္းက ငါေငြေလးနည္းနည္း အတိုးခ်ထားတယ္။ ရတဲ႔အတိုးေတြကို မသံုးပဲ အရင္းထဲထပ္ၿမွဳပ္တယ္။ အဲဒီကေန အတိုးျပန္ျဖစ္ ငါ႔သား ၁၂ႏွစ္ေရာက္လို႔ ေက်ာင္းပို႔မယ္လုပ္ေတာ႔ ေငြကိုျပန္ထုတ္လိုက္တာ မနည္းပါဘူးကြာ။ ဒါဟာ ေျမပံု ၃ ေပါ႔။

 

Product ေၾကာ္ျငာ ေတြမွာ ေခတ္စားလာေတာ့မည့္ 'LinkedIn, Facebook, Instagram, Tinder' meme

 

(၄) ေနာက္တစ္ခုက အလုပ္လုပ္တဲ႔အခါ ေလာင္းကစား မဆန္ရဘူးကြ။ ျမတ္ခ်င္ျမတ္မယ္ မျမတ္ရင္သြားဟ ဆိုတဲ႔ သေဘာမ်ိဳးမလုပ္ရဘူး။ ေသခ်ာတာေလာက္ ကိုယ္က်ြမ္းက်င္သေလာက္ ႏုိင္သေလာက္ပဲ လုပ္ရမယ္။ ေလာင္းကစားလုပ္လုိ႔ကေတာ႔ ရလည္းခဏပဲ မြဲစရာရွိရင္ ျမန္ျမန္မြဲသြားလိမ့္မယ္။

တစ္ခါက မုိးႀကိဳးသြားတုိင္တစ္ခုကို က်ြန္ေတာ့္ဆီကိုလာေရာင္းဖူးတယ္။ အေျပာကလည္းေကာင္း လက္ေတြ႔ စမ္းျပ ေတာ႔လည္း လ်ွပ္စစ္မီးလည္း ၿငိမ္း၊ ေရဒီယိုလည္း ရပ္သြာေတာ႔ အစစ္လို႔ယံုသြားတယ္။ အစစ္ဆိုရင္ ျပန္ေရာင္းရင္ သိန္း၂၀ေလာက္ရမွာကို။ ဒါနဲ႔ ၁သိန္းနဲ႔ ၀ယ္လာၿပီး အိမ္ေရာက္ေတာ႔ လ်ွပ္စစ္မီးမေျပာနဲ႔ ဓါတ္မီးေတာင္ မၿငိမ္းဘူး။ စနစ္တက် စီစဥ္ၿပီး လိမ္သြားတာရယ္။ တစ္သိန္းမို႔ေပါ႔ ၁၀သိန္းဆိုရင္ က်ြန္ေတာ္ ခြက္ဆြဲေနေလာက္ၿပီ။ အဲဒီေတာ႔ ေျပာခ်င္တဲ႔ ၄ အခ်က္က ကိုယ္မသိတဲ႔ မပိုင္တဲ႔အလုပ္၊ မက်ြမ္းက်င္တဲ႔အလုပ္မွာ ဘာရင္းႏွီးျမွဳပ္ႏွံမွဳမွ မလုပ္ရဘူး။

 

(၅) ေနာက္တစ္ခုက လူတစ္ေယာက္ဟာ အိမ္ငွားေနတာမသင့္ေတာ္ဘူး။ အေျခအေနအရ ငွားေနရင္လည္း ကိုယ္ပုိင္အိမ္ျဖစ္ေအာင္ ႀကိဳးစားရမယ္။အိမ္ငွားစရိတ္ဟာ ၾကာလာရင္ အိမ္တစ္လံုးစာ ေလာက္ရွိလာတယ္။ စိတ္ရွဳပ္ရတယ္။ ေသးတာႀကီးတာ ပဓာနမဟုတ္ဘူး။ ကိုယ္ပုိင္ျဖစ္ေအာင္ ႀကိဳးစားဖုိ႔ပဲ။ အဲဒီ့အေပါက္က ေငြအထြက္ဆံုးပဲ။ အဲဒီေတာ႔ ကားပဲေမာင္းေမာင္း၊ စက္ေလွပဲေထာင္ေထာင္ ကုိယ္ပုိင္ျဖစ္ေအာင္ အရင္ႀကိဳးစားပါ။ ဒါ ၅ ခုေျမာက္ ေျမပံုပဲ။

 

(၆) တို႔ျမန္မာစကားမွာ မတ္တတ္စာပဲရွိတယ္၊ တံုးလံုးစာမရွိဘူး ဆုိတဲ႔စကားရွိတယ္။ စကားပဲရွိတာကြ မလုိက္နာၾကဘူး။ ဒါေၾကာင္႔ မေမ်ွာ္မွန္းႏိုင္တဲ႔ အနာဂါတ္အတြက္ ျပင္ဆင္မွဳေတြ လုပ္ထားရမယ္။ ရုတ္တရက္ကုိယ္ေသသြားရင္ က်န္ရစ္သူမိသားစုကို မထိခိုက္ေစဖုိ႔၊ ရုတ္တရက္ထိခိုက္မိလို႔ ဒုကၡတိျဖစ္သြားရင္ ဆက္လက္အသက္ရွင္ႏုိင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားရမယ္။ ဒါ ၆ ခု ေျမာက္ေျမပံုပဲ။

 

(၇) ၇ခ်က္ေျမာက္ကေတာ႔ ႀကိဳးစားမွဳကို မေလွ်ာ႔ဖို႔ပဲ၊ ကိုယ္နဲ႔ ုလုပ္ငန္းတူေတြရွိေနတယ္ကြ၊ ကိုယ္ကရပ္ေပမယ္႔ သူတို႔ကႀကိဳးစားေနမွာ၊ ကိုယ္လုပ္တဲ႔ အလုပ္မွာ အစြမ္းထက္ေလေလ ၀င္ေငြေကာင္းေလေလေပါ႔ကြာ၊ မင္းသေဘာေပါက္ဖို႔က ကိုယ္႔ဆီကို အားေပးတဲ႔ ေဖာက္သည္တို႔ အားေပးတဲ႔ ပရိတ္သက္တို႔ဆုိတာ စိတ္ခ်ရတာမဟုတ္ဘူး။ ကိုယ္႔ထက္သာတဲ႔သူ၊ ေတာ္တဲ႔သူရွိရင္ အဲဒီကုိ သြားၾကမွာ အဲဒါေတာ႔ ၿမဲၿမဲမွတ္ထား။ က်ြန္ေတာ္ ေျပာခ်င္တဲ႔ ေနာက္ဆုံး ၇ခုေျမာက္ေျမပံုက ဒါပါပဲ။

 

လုပ္ငန္းရွင္ တိုင္း ဒီ ေျမပုံေလးအတိုင္း မွန္မွန္ကန္ကန္ ခုတ္ေမာင္းေနမယ္ဆို သင္တို႕ရဲ႕လုပ္ငန္း စီးပြားေရး က ေအာင္ျမင္မႈကို သြားေနတဲ့လမ္းေၾကာင္းကို ေက်ာ္ျဖတ္ေနတယ္လို႕ယူဆရျပီး မုခ် အေနွးနဲ႔အျမန္ ေအာင္ျမင္မႈ ရရွိလာမွာ ျဖစ္ပါတယ္။

 

အခုလိုအခ်ိန္ေပးဖတ္ရႈေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

Written by Pyae Phyo Naing ( Xain )
Source ; Thutazone

 

<<<unicode>>>

 

အောင်မြင်မှု ပန်းတိုင်ကို လမ်းပြနေတဲ့ မြေပုံ ( ၇ ) ခု

=========================================

လုပ်ငန်းရှင်တွေ စီးပွားရေးလုပ်ကိုင်နေသူတွေ တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်သူတွေ အလုပ်လုပ်နေတဲ့ လူအားလုံးအတွက် အသုံးဝင်မယ့် လမ်းကြောင်းလေးတွေ မျှဝေပေးချင်ပါတယ်

ဒါက ကျွန်တော် တွေ့တာလေးကို နည်းနည်းလေးပြင်ပြီး စာဖတ်ပရိသတ်တွေအတွက် မျျှဝေပေးတာပါ ။

 

ဒီလမ်းကြောင်း နည်းတွေကို မြေပုံလို့ တင်စားထားပါတယ်။ ဘာလို့ မြေပုံလို့တင်စားရတာလဲ ???


အဖြေကရိုးရှင်းပါတယ်
ဒါက အောင်မြင်မှု ပန်းတိုင်ကို လမ်းပြနေတဲ့ မြေပုံ ၇ ခု ဖြစ်နေလို့ပါ

 

ဘယ်လို အကြောင်းအရာတွေ ဖြစ်မလဲ??? လေ့လာဖတ်ရှုလိုက်ရအောင်!!!

 

(၁) သင်ပိုင်တဲ့ တောင်းထဲမှာ ကြက်ဥ ၁၀လုံးရှိတယ်။ တစ်နေ့ကို ၉လုံးစားပြီး ၁လုံးချန်ထားလို့ ၁၀ရက်ကြာရင် ဘာဖြစ်မလဲ။ ကြက်ဥ ၁၀လုံးရောက်နေပြီပေါ့။ တစ်လုံးလျှော့စားလိုက်တဲ့အတွက် သင်လည်း ဘာမှ မသိသာပါဘူး။

အဲတော့ အလုပ်လုပ်မယ်ဆိုရင် ကိုယ့်ဝင်ငွေ ၁၀ပုံ ၁ပုံကို အမြဲချန်ထားရမယ်ကွ။ ၉ပုံတောင် သုံးရတဲ့ အတွက် ဒီလောက်ကြီးလည်း ခြိုးခြံစရာမလိုဘူးလား။ ဒါ ကျွနု်ပ်ပြောချင်တဲ့ မြေပုံ ၁ ဗျ။

 

(၂) နောက်တစ်ခုက သင့်ရဲ့ ဝင်ငွေထွက်ငွေတွေကို သေသေချာချာ သိထားဖို့လိုတယ်။ မလိုအပ်ပဲနဲ့ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ပိတ်ပစ်ပေတော့။ အဲလိုမှ မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေလိမ့်မယ်။ ဒါ ကျွနု်ပ်ပြောချင်တဲ့ မြေပုံ ၂ ပဲ။

 

(၃) တတိယတစ်ခုက ငွေကိုစုပေမယ့် သက်မဲ့လို သဘောမထားရဘူး။ နွားတွေ ကြက်တွေ မွေးသလိုပေါ့။ အကောင်တွေပွား၊ ဥတွေဥ အကောင်ထပ်ပွားပေါ့ကွာ။ ငွေကို ငွေချင်းထပ်ပွားနိုင်ဖို့ အကျိုးရှိတဲ့ နေရာတွေမှာ ထည့်ဝင်မြှုပ်နှံ။ အဲလိုမှ မလုပ်ပဲငွေကို သေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင် ငွေတွေဟာ အကြော သေသွားလိမ့်မယ်။ လေဖြတ်တဲ့လူတွေလို မင်းငွေတွေဟာ အင်အားမရှိတော့ဘူးပေါ့။

ဥပမာကွာ ငါ့သားမွေးတုန်းက ငါငွေလေးနည်းနည်း အတိုးချထားတယ်။ ရတဲ့အတိုးတွေကို မသုံးပဲ အရင်းထဲထပ်မြှုပ်တယ်။ အဲဒီကနေ အတိုးပြန်ဖြစ် ငါ့သား ၁၂နှစ်ရောက်လို့ ကျောင်းပို့မယ်လုပ်တော့ ငွေကိုပြန်ထုတ်လိုက်တာ မနည်းပါဘူးကွာ။ ဒါဟာ မြေပုံ ၃ ပေါ့။

 

ချောမောလှပတဲ့ တရုတ်ဆယ်လီတစ်ဦး ကြောင့် တရုတ်ပြည်မှာ ဟိုးလေးတကျော် တိုးတက် အောင်မြင်သွားတဲ့ L'Occitane

 

(၄) နောက်တစ်ခုက အလုပ်လုပ်တဲ့အခါ လောင်းကစား မဆန်ရဘူးကွ။ မြတ်ချင်မြတ်မယ် မမြတ်ရင်သွားဟ ဆိုတဲ့ သဘောမျိုးမလုပ်ရဘူး။ သေချာတာလောက် ကိုယ်ကျွမ်းကျင်သလောက် နိုင်သလောက်ပဲ လုပ်ရမယ်။ လောင်းကစားလုပ်လို့ကတော့ ရလည်းခဏပဲ မွဲစရာရှိရင် မြန်မြန်မွဲသွားလိမ့်မယ်။

တစ်ခါက မိုးကြိုးသွားတိုင်တစ်ခုကို ကျွန်တော့်ဆီကိုလာရောင်းဖူးတယ်။ အပြောကလည်းကောင်း လက်တွေ့ စမ်းပြ တော့လည်း လျှပ်စစ်မီးလည်း ငြိမ်း၊ ရေဒီယိုလည်း ရပ်သွာတော့ အစစ်လို့ယုံသွားတယ်။ အစစ်ဆိုရင် ပြန်ရောင်းရင် သိန်း၂၀လောက်ရမှာကို။ ဒါနဲ့ ၁သိန်းနဲ့ ဝယ်လာပြီး အိမ်ရောက်တော့ လျှပ်စစ်မီးမပြောနဲ့ ဓါတ်မီးတောင် မငြိမ်းဘူး။ စနစ်တကျ စီစဉ်ပြီး လိမ်သွားတာရယ်။ တစ်သိန်းမို့ပေါ့ ၁၀သိန်းဆိုရင် ကျွန်တော် ခွက်ဆွဲနေလောက်ပြီ။ အဲဒီတော့ ပြောချင်တဲ့ ၄ အချက်က ကိုယ်မသိတဲ့ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။

 

(၅) နောက်တစ်ခုက လူတစ်ယောက်ဟာ အိမ်ငှားနေတာမသင့်တော်ဘူး။ အခြေအနေအရ ငှားနေရင်လည်း ကိုယ်ပိုင်အိမ်ဖြစ်အောင် ကြိုးစားရမယ်။အိမ်ငှားစရိတ်ဟာ ကြာလာရင် အိမ်တစ်လုံးစာ လောက်ရှိလာတယ်။ စိတ်ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာနမဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ့အပေါက်က ငွေအထွက်ဆုံးပဲ။ အဲဒီတော့ ကားပဲမောင်းမောင်း၊ စက်လှေပဲထောင်ထောင် ကိုယ်ပိုင်ဖြစ်အောင် အရင်ကြိုးစားပါ။ ဒါ ၅ ခုမြောက် မြေပုံပဲ။

 

(၆) တို့မြန်မာစကားမှာ မတ်တတ်စာပဲရှိတယ်၊ တုံးလုံးစာမရှိဘူး ဆိုတဲ့စကားရှိတယ်။ စကားပဲရှိတာကွ မလိုက်နာကြဘူး။ ဒါကြောင့် မမျှော်မှန်းနိုင်တဲ့ အနာဂါတ်အတွက် ပြင်ဆင်မှုတွေ လုပ်ထားရမယ်။ ရုတ်တရက်ကိုယ်သေသွားရင် ကျန်ရစ်သူမိသားစုကို မထိခိုက်စေဖို့၊ ရုတ်တရက်ထိခိုက်မိလို့ ဒုက္ခတိဖြစ်သွားရင် ဆက်လက်အသက်ရှင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမယ်။ ဒါ ၆ ခု မြောက်မြေပုံပဲ။

 

(၇) ၇ချက်မြောက်ကတော့ ကြိုးစားမှုကို မလျှော့ဖို့ပဲ၊ ကိုယ်နဲ့ ုလုပ်ငန်းတူတွေရှိနေတယ်ကွ၊ ကိုယ်ကရပ်ပေမယ့် သူတို့ကကြိုးစားနေမှာ၊ ကိုယ်လုပ်တဲ့ အလုပ်မှာ အစွမ်းထက်လေလေ ဝင်ငွေကောင်းလေလေပေါ့ကွာ၊ မင်းသဘောပေါက်ဖို့က ကိုယ့်ဆီကို အားပေးတဲ့ ဖောက်သည်တို့ အားပေးတဲ့ ပရိတ်သက်တို့ဆိုတာ စိတ်ချရတာမဟုတ်ဘူး။ ကိုယ့်ထက်သာတဲ့သူ၊ တော်တဲ့သူရှိရင် အဲဒီကို သွားကြမှာ အဲဒါတော့ မြဲမြဲမှတ်ထား။ ကျွန်တော် ပြောချင်တဲ့ နောက်ဆုံး ၇ခုမြောက်မြေပုံက ဒါပါပဲ။

 

လုပ်ငန်းရှင် တိုင်း ဒီ မြေပုံလေးအတိုင်း မှန်မှန်ကန်ကန် ခုတ်မောင်းနေမယ်ဆို သင်တို့ရဲ့လုပ်ငန်း စီးပွားရေး က အောင်မြင်မှုကို သွားနေတဲ့လမ်းကြောင်းကို ကျော်ဖြတ်နေတယ်လို့ယူဆရပြီး မုချ အနှေးနဲ့အမြန် အောင်မြင်မှု ရရှိလာမှာ ဖြစ်ပါတယ်။

 

အခုလိုအချိန်ပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Written by Pyae Phyo Naing ( Xain )
Source ; Thutazone

Myanmar Advertising Directory 

Read times
Rate this item
(0 votes)