-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒစ္ဂ်စ္တယ္ စီးပြားေရး ကမၻာဆီသုိ႔

ဒစ္ဂ်စ္တယ္ စီးပြားေရး ကမၻာဆီသုိ႔ google.com

ဒစ္ဂ်စ္တယ္ စီးပြားေရးဆိုသည္မွာ ဒစ္ဂ်စ္တယ္၊ နည္းပညာ ပစၥည္းမ်ားႏွင့္ ဆန္းသစ္ေသာ အိုင္ဒီယာမ်ား ေပၚတြင္ အေျခခံသည့္ စီးပြားေရးကို ရည္ညႊန္းျခင္းျဖစ္သည္။ ယေန႔ေခတ္ကာလာတြင္  ကမၻာ႔ ဒစ္ဂ်စ္တယ္ စီးပြားေရးတိုးတက္ႏွဳန္းသည္

အျခားေသာစီးပြားေရးက႑မ်ား၏ တုိးတက္ႏွုန္းထက္ ၂ ဒႆမ ၅ဆ ပိုမိုျမင့္မားေနသည္။ ထုိ႔ျပင္ ဒစ္ဂ်စ္တယ္စီးပြားေရးတြင္ ရင္းႏွီးျမွဳပ္ႏွံျခင္းသည္ အျခားစီးပြားေရး က႑မ်ားတြင္ ရင္းႏွီးျမွဳပ္ႏွံျခင္းထက္ ၆ ဒႆမ ၇ဆ အက်ိဳးအျမတ္ ပိုရရွိေနသည္ဟု စစ္တမ္းမ်ားက ဆုိၾကသည္။

ျမန္မာႏုိင္ငံသို႔  ႏိုင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမွဳမ်ားလည္း ၀င္ေရာက္လာခဲ႔ ၿပီး စီးပြားေရးတိုးတက္ရန္ အားသြန္ခြန္စိုက္ ႀကိဳးပမ္းရမည့္ အခ်ိန္ျဖစ္သည္ဟု ပညာရွင္မ်ားက လက္ခံထားၾကသည့္ ယခုအခ်ိန္ကာလတြင္ မိရိုးဖလာ သမားရိုးက် စီးပြားေရးမဟုတ္ေသာ ဒစ္ဂ်စ္တယ္ စီးပြားေရးကို အစိုးရအေနျဖင့္ အခန္းက႑တစ္ခု အေနနဲ႔ ဂရုစုိက္လာေၾကာင္းကုို ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ ဦးေဆာင္သည့္ ဒစ္ဂ်စ္တယ္ စီးပြားေရး ေကာ္မတီကို ဖြဲ႔စည္းခဲ့ျခင္းက သက္ေသျပေနသည္။

သို႔ေသာ္ ဒစ္ဂ်စ္တယ္ စီးပြာေရးကမၻာဆီသို႔ ေလ်ုွာက္လွမ္းမည္ဆုိပါက အစိုးရပုိင္းမွလည္း လံုေလာက္ေသာ နည္းပညာေထာက္ပံံမွဳမ်ား လုိအပ္ေနေသးသည္။ ''နည္းပညာလုပ္ငန္းေတြကပဲ စီးပြားေရးအတြက္ ခုန္ပ်ံေက်ာ္လႊားၿပီးေတာ့ ေရွ႕တန္းကို ေရာက္ေစမွာပါ။ ဒါကို အျမန္ပံ့ပိုးေပးဖို႔ လိုပါတယ္။ ဒါကို ပုဂၢလိက လုပ္ငန္းရွင္ေတြခ်ည္းပဲ လုပ္လို႔မရဘူး။ အစိုးရအေနနဲ႔ ပူးေပါင္းေဆာင္ရြက္မွ ျဖစ္မယ္''ဟု ဦးေနမင္းသူက ေျပာသည္။

လက္ရွိ ျမန္မာ့အိုင္စီတီက႑တြင္ ကုမၸဏီေပါင္း ၂၅ဝ ေက်ာ္၊ ပညာရွင္ေပါင္း ၂,၅ဝဝ ေက်ာ္ျဖင့္ လည္ပတ္ေနၿပီး ထုတ္လုပ္မွုတန္ဖိုး အေမရိကန္ေဒၚလာ ၂၇ သန္းရွိသည္ဟု ျမန္မာ့ကြန္ပ်ဴတာအသင္းခ်ဳပ္က အစိုးရသို႔ တင္ျပသည့္ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။ ဗီယက္နမ္နိုင္ငံ၏ နည္းပညာက႑ ထုတ္လုပ္မွုတန္ဖိုး ကန္ေဒၚလာ ႏွစ္ဘီလ်ံေက်ာ္၊ အိမ္နီးခ်င္းဘဂၤလားေဒ့ရွ္နိုင္ငံ၏ ထုတ္လုပ္မွုတန္ဖိုး ကန္ေဒၚလာ သန္း ၆ဝဝ ေက်ာ္အထိ ရွိေနၾကသျဖင့္ ျမန္မာသည္ အိမ္နီးခ်င္းတို႔ထက္ ထိုက႑တြင္ မ်ားစြာေနာက္က်ေနသည္။

ထို႔အျပင္ ဒီဂ်စ္တယ္နည္းပညာမ်ားကုိ ေခတ္ႏွင့္အညီေျပာင္းလဲအသုံးျပဳႏုိင္ျခင္းမရွိပါက အေသးစားႏွင့္ အလတ္စား လုပ္ငန္းမ်ားအေနျဖင့္ အျခားလုပ္ငန္းမ်ားႏွင့္ ယွဥ္ၿပိဳင္ႏုိင္ျခင္းမရွိဘဲ ေစ်းကြက္အတြင္းမွ ေပ်ာက္ကြယ္သြား မည့္ အေျခအေနႏွင့္ ရင္ဆိုင္ႏုိင္ရႏုိင္ဖြယ္ရွိေၾကာင္း ဒီဂ်စ္တယ္နည္းပညာေျပာင္းလဲေရး ထိပ္သီးအစည္းေ၀းပြဲမွ သိရပါတယ္။

ဘာေၾကာင့္ ေပ်ာက္ကြယ္သြားႏိုင္လဲဆိုေတာ့ ယေန႔ေခတ္အခါမွာ သင္အပါအ၀င္ လူတိုင္းဟာ အဆင္ေျပၿပီး လြယ္ကူေခ်ာေမြ႔မယ့္ နည္းလမ္းကိုသာ ေရြးခ်ယ္ေနတယ္ဆိုတာ လက္ေတြ႔ပါပဲ။ က်ြႏု္ပ္လုိခ်င္တဲ႔ ပစၥည္းဟာ ကမၻာ႔ဘယ္ႏိုင္ငံမွာပဲ ရွိေနပါေစ ဖုန္းေလးတစ္ခ်က္ႏွိပ္လိုက္ရံုနဲ႔  ၀ယ္ယူႏုိင္မယ္ဆိုတာ အရင္တုန္းက အိပ္မက္သာသာ အေျခအေနတစ္ခုပါ။ သုိ႔ေသာ္ နည္းပညာတိုးတက္လာသည္႔ မ်က္ေမွာက္ေခတ္မွာ ဒစ္ဂ်စ္တယ္စီးပြားေရးေၾကာင့္ လက္ေတြ႔အေကာင္အထည္ ေပၚလာပါၿပီ။ အခေၾကးေငြ ေပးေခ်ရာတြင္လညး္ ပိုက္ဆံ ေရရျခင္း၊ သိမ္းဆည္းရျခင္း၊ ထုပ္ပိုးရျခင္း ကိစၥမ်ားကို ကဒ္ေလးတစ္ကဒ္တညး္နဲ႔ အရာအာလံုးကို ေျဖရွင္းေပးႏုိင္မွာပါ။ ဒါဟာ ကမၻာႀကီးသည္ ဒစ္ဂ်စ္တယ္ စီးပြားေရး ကမၻာသစ္ဆီသုိ႔ အရွိန္အဟုန္ျဖင့္ တြင္တြင္က်ယ္က်ယ္ ေမာင္းႏွင္ေနေၾကာင္းကို သက္ေသထူလုိက္ျခင္းျဖစ္သည္။

ေဆာင္းပါတြင္ ပါ၀င္ေသာ အခ်ိဳ႕အခ်က္အလက္မ်ားကို ေန႔စဥ္ထုတ္သတင္းစာမ်ားမွ ကိုးကား ေဖာ္ျပသည္။

(Unicode Version)

ဒစ်ဂျစ်တယ် စီးပွားရေးဆိုသည်မှာ ဒစ်ဂျစ်တယ်၊ နည်းပညာ ပစ္စည်းများနှင့် ဆန်းသစ်သော အိုင်ဒီယာများ ပေါ်တွင် အခြေခံသည့် စီးပွားရေးကို ရည်ညွှန်းခြင်းဖြစ်သည်။ ယနေ့ခေတ်ကာလာတွင် ကမ္ဘာ့ ဒစ်ဂျစ်တယ် စီးပွားရေးတိုးတက်နှုန်းသည် အခြားသောစီးပွားရေးကဏ္ဍများ၏ တိုးတက်နှုန်းထက် ၂ ဒဿမ ၅ဆ ပိုမိုမြင့်မားနေသည်။ ထို့ပြင် ဒစ်ဂျစ်တယ်စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အခြားစီးပွားရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံခြင်းထက် ၆ ဒဿမ ရဆ အကျိုးအမြတ် ပိုရရှိနေသည်ဟု စစ်တမ်းများက ဆိုကြသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများလည်း ၀င်ရောက်လာခဲ့ ပြီး စီးပွားရေးတိုးတက်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းရမည့် အချိန်ဖြစ်သည်ဟု ပညာရှင်များက လက်ခံထားကြသည့် ယခုအချိန်ကာလတွင် မိရိုးဖလာ သမားရိုးကျ စီးပွားရေးမဟုတ်သော ဒစ်ဂျစ်တယ် စီးပွားရေးကို အစိုးရအနေဖြင့် အခန်းကဏ္ဍတစ်ခု အနေနဲ့ ဂရုစိုက်လာကြောင်းကိုု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် ဒစ်ဂျစ်တယ် စီးပွားရေး ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းက သက်သေပြနေသည်။
သို့သော် ဒစ်ဂျစ်တယ် စီးပွာရေးကမ္ဘာဆီသို့ လျေုှာက်လှမ်းမည်ဆိုပါက အစိုးရပိုင်းမှလည်း လုံလောက်သော နည်းပညာထောက်ပံံမှုများ လိုအပ်နေသေးသည်။ ''နည်းပညာလုပ်ငန်းတွေကပဲ စီးပွားရေးအတွက် ခုန်ပျံကျော်လွှားပြီးတော့ ရှေ့တန်းကို ရောက်စေမှာပါ။ ဒါကို အမြန်ပံ့ပိုးပေးဖို့ လိုပါတယ်။ ဒါကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေချည်းပဲ လုပ်လို့မရဘူး။ အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မယ်''ဟု ဦးနေမင်းသူက ပြောသည်။
လက်ရှိ မြန်မာ့အိုင်စီတီကဏ္ဍတွင် ကုမ္ပဏီပေါင်း ၂၅ဝ ကျော်၊ ပညာရှင်ပေါင်း ၂,၅ဝဝ ကျော်ဖြင့် လည်ပတ်နေပြီး ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၇ သန်းရှိသည်ဟု မြန်မာ့ကွန်ပျူတာအသင်းချုပ်က အစိုးရသို့ တင်ပြသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဗီယက်နမ်နိုင်ငံ၏ နည်းပညာကဏ္ဍ ထုတ်လုပ်မှုတန်ဖိုး ကန်ဒေါ်လာ နှစ်ဘီလျံကျော်၊ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထုတ်လုပ်မှုတန်ဖိုး ကန်ဒေါ်လာ သန်း ၆ဝဝ ကျော်အထိ ရှိနေကြသဖြင့် မြန်မာသည် အိမ်နီးချင်းတို့ထက် ထိုကဏ္ဍတွင် များစွာနောက်ကျနေသည်။
ထို့အပြင် ဒီဂျစ်တယ်နည်းပညာများကို ခေတ်နှင့်အညီပြောင်းလဲအသုံးပြုနိုင်ခြင်းမရှိပါက အသေးစားနှင့် အလတ်စား လုပ်ငန်းများအနေဖြင့် အခြားလုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ စျေးကွက်အတွင်းမှ ပျောက်ကွယ်သွား မည့် အခြေအနေနှင့် ရင်ဆိုင်နိုင်ရနိုင်ဖွယ်ရှိကြောင်း ဒီဂျစ်တယ်နည်းပညာပြောင်းလဲရေး ထိပ်သီးအစည်းဝေးပွဲမှ သိရပါတယ်။

ဘာကြောင့် ပျောက်ကွယ်သွားနိုင်လဲဆိုတော့ ယနေ့ခေတ်အခါမှာ သင်အပါအဝင် လူတိုင်းဟာ အဆင်ပြေပြီး လွယ်ကူချောမွေ့မယ့် နည်းလမ်းကိုသာ ရွေးချယ်နေတယ်ဆိုတာ လက်တွေ့ပါပဲ။ ကျွနု်ပ်လိုချင်တဲ့ ပစ္စည်းဟာ ကမ္ဘာ့ဘယ်နိုင်ငံမှာပဲ ရှိနေပါစေ ဖုန်းလေးတစ်ချက်နှိပ်လိုက်ရုံနဲ့ ၀ယ်ယူနိုင်မယ်ဆိုတာ အရင်တုန်းက အိပ်မက်သာသာ အခြေအနေတစ်ခုပါ။ သို့သော် နည်းပညာတိုးတက်လာသည့် မျက်မှောက်ခေတ်မှာ ဒစ်ဂျစ်တယ်စီးပွားရေးကြောင့် လက်တွေ့အကောင်အထည် ပေါ်လာပါပြီ။ အခကြေးငွေ ပေးချေရာတွင်လညး် ပိုက်ဆံ ရေရခြင်း၊ သိမ်းဆည်းရခြင်း၊ ထုပ်ပိုးရခြင်း ကိစ္စများကို ကဒ်လေးတစ်ကဒ်တညး်နဲ့ အရာအာလုံးကို ဖြေရှင်းပေးနိုင်မှာပါ။ ဒါဟာ ကမ္ဘာကြီးသည် ဒစ်ဂျစ်တယ် စီးပွားရေး ကမ္ဘာသစ်ဆီသို့ အရှိန်အဟုန်ဖြင့် တွင်တွင်ကျယ်ကျယ် မောင်းနှင်နေကြောင်းကို သက်သေထူလိုက်ခြင်းဖြစ်သည်။

ဆောင်းပါတွင် ပါ၀င်သော အချို့အချက်အလက်များကို နေ့စဉ်ထုတ်သတင်းစာများမှ ကိုးကား ဖော်ပြသည်။

Read times
Rate this item
(0 votes)