-->
×

Warning

JUser: :_load: Unable to load user with ID: 29

မန္တလေးမြို့လမ်းညွှန်အမှတ်အသားများတွင် စီးပွားရေး ကြော်ငြာများထည့်သွင်းရန် လုပ်ငန်းရှင်များကိုဖိတ်ခေါ်

မန္တလေးမြို့လမ်းညွှန်အမှတ်အသားများတွင် စီးပွားရေး ကြော်ငြာများထည့်သွင်းရန် လုပ်ငန်းရှင်များကိုဖိတ်ခေါ် google

မန္တလေးမြို့အတွင်းရှိ လမ်းအမည်နှင့်လမ်းများကို လမ်းနံပါတ်စဉ်အလိုက် ယခုလမှစတင်၍ ပြောင်းလဲသတ်မှတ်အသုံးပြုတော့မည်ဖြစ်ရာ လမ်းညွှန်အမှတ်အသားများတွင် စီးပွားရေး ကြော်ငြာများထည့်သွင်းပေးသွားမည်ဖြစ်သည့်အတွက် အလှူရှင်များနှင့် လုပ်ငန်းရှင်များကိုဖိတ်ခေါ်ထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

"မန္တလေးကလမ်းတွေကို နံပါတ်စဉ်နဲ့ အမည်ပေးထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေ စတင်တပ်ဆင်တော့မှာပါ။ တိုင်တတိုင်ရဲ့ ကုန်ကျစားရိတ်က တိုင်၊ လမ်းညွှန်၊ ကြော်ငြာနဲ့ footing အပါအဝင် မြေကျင်းတူးခနဲ့ တိုင်စိုက်အပြီးအစီး ၆သောင်းပဲ ကုန်ကျမှာပါ။ စည်ပင်ကကြီးကြပ်ပြီး စိုက်ထူမှာပါ။ လုပ်ငန်းအတွက်ကြောငြာလိုသူများ ကြော်ငြာခကို ၂ နှစ်တိတိအခမဲ့ ပေးမှာပါ။ ဒီဇိုင်းအတွက် soft copy ပဲပေးရမှာပါ။ ရပ်ကွက်ကမိမိအစီအစဉ်နဲ့ လုပ်ချင်ရင်လဲ တိုင်တတိုင် ၆ သောင်း ထောင့်တထောင့် ၂တိုင်နှုန်းနဲ့ စည်ပင်ကိုလှူလို့ရပါတယ်။ မြို့တော်ဖွံဖြိုးတိုးတက်ရေးအတွက် အလှူရှင်များနဲ့ ကြော်ငြာရှင်များကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်"ဟု မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားသည်။

မန္တလေးမြို့တွင် ရတနာလမ်းအမည်တူ လမ်း ၂၀ ရှိသလို သစ္စာလမ်းအမည်တူ ၁၄ လမ်း၊ မေတ္တာလမ်းအမည်တူ ၁၃ လမ်းရှိနေပြီး လမ်းတလမ်းတည်းကိုပင် အမည် ၂ မျိုး ၃ မျိုးဖြစ်နေသော လမ်းများအများအပြားရှိနေသည့်အတွက် ယခုလို လမ်းအမည်နှင့်လမ်းများကို လမ်းနံပါတ်စဉ်အလိုက်ကို ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်ရာ ပထမဆုံးအနေဖြင့် အရှုပ်ထွေးဆုံးဖြစ်သော ချမ်းမြသာစည်မြို့နယ်တွင် လမ်းညွှန်ဆိုင်းဘုတ်များ စတင်စိုက်ထူသွားမည်ဖြစ်ပြိး ၁လလောက်အကြာတွင် ကျန်မြို့နယ်များကိုပါ ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။


ယင်းသို့ပြောင်းလဲရာတွင် အိမ်လိပ်စာနှင့် နေရာရှာရလွယ်ကူအောင် လမ်းနံပါတ်၊ အိမ်နံပါတ်နှင့် Zip Code များကို စနစ်တကျဖြစ်စေရန် ရပ်ကွက်(၉၆)ရပ်ကွက်တွင် ကွင်းဆင်းလေ့လာစစ်ဆေးမှုတွေကို Urban Planning Unit က ၂၀၁၈ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။.

ထို့နောက် မန္တလေး ချမ်းမြသာစည်မြို့နယ်အတွင်းမှာ လက်ရှိအသုံးပြုနေသော အမည်နှင့်လမ်းများအစား လမ်းနံပါတ်စဉ်အတိုင်း သိပ္ပံလမ်းကို ၁၀၁ လမ်းအဖြစ်စတင်ကာ ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်သည်။

လမ်းနံပါတ် ပြောင်းလဲတပ်ဆင်အသုံးပြုမည့် အစီအစဉ်သည် မန္တလေးမြို့နယ်ဧရိယာအတွင်းမှာရှိသည့် လမ်း၊ အိမ်နံပါတ်နှင့် Zip Code များကို နိုင်ငံတကာမြို့ ပြစံသတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်သွားမည့် စီမံကိန်းထဲမှ ပထမဆုံးဆောင်ရွက်ချက်တခု ဖြစ်ပြီး လမ်းနံပါတ် ဆိုင်းဘုတ်အသစ် တပ်ဆင်ခြင်းကို ၂၀၁၉ ခုနှစ် မကုန်ခင် စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။
လမ်းဆိုင်းဘုတ်အသစ်တွင် လမ်းနံပါတ်နှင့်အတူ မူလလမ်းအမည်နှင့် Zip Code နံပါတ်များကိုပါ ထည့်သွင်းဖော်ပြပေးထားမည် ဟုသိရသည်။

Unicode >>>

စီးကရက် ကြော်ငြာများကို ယခင်က ကျန်းမာရေးအရ သောက်သုံးသင့်သည်ဟုကြော်ငြာခဲ့ခြင်း

ယင်းသို့ပြောင်းလဲရာတွင် အိမ်လိပ်စာနှင့် နေရာရှာရလွယ်ကူအောင် လမ်းနံပါတ်၊ အိမ်နံပါတ်နှင့် Zip Code များကို စနစ်တကျဖြစ်စေရန် ရပ်ကွက်(၉၆)ရပ်ကွက်တွင် ကွင်းဆင်းလေ့လာစစ်ဆေးမှုတွေကို Urban Planning Unit က ၂၀၁၈ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။.

ထို့နောက် မန္တလေး ချမ်းမြသာစည်မြို့နယ်အတွင်းမှာ လက်ရှိအသုံးပြုနေသော အမည်နှင့်လမ်းများအစား လမ်းနံပါတ်စဉ်အတိုင်း သိပ္ပံလမ်းကို ၁၀၁ လမ်းအဖြစ်စတင်ကာ ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်သည်။

လမ်းနံပါတ် ပြောင်းလဲတပ်ဆင်အသုံးပြုမည့် အစီအစဉ်သည် မန္တလေးမြို့နယ်ဧရိယာအတွင်းမှာရှိသည့် လမ်း၊ အိမ်နံပါတ်နှင့် Zip Code များကို နိုင်ငံတကာမြို့ ပြစံသတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်သွားမည့် စီမံကိန်းထဲမှ ပထမဆုံးဆောင်ရွက်ချက်တခု ဖြစ်ပြီး လမ်းနံပါတ် ဆိုင်းဘုတ်အသစ် တပ်ဆင်ခြင်းကို ၂၀၁၉ ခုနှစ် မကုန်ခင် စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။
လမ်းဆိုင်းဘုတ်အသစ်တွင် လမ်းနံပါတ်နှင့်အတူ မူလလမ်းအမည်နှင့် Zip Code နံပါတ်များကိုပါ ထည့်သွင်းဖော်ပြပေးထားမည် ဟုသိရသည်။

Myanmar Advertising Directory 

Read times
Rate this item
(0 votes)