-->
×

Warning

JUser: :_load: Unable to load user with ID: 29


နိုင်ငံသားတွေကို စွန့်ဦးတီထွင်နိုင်စွမ်းတွေတိုးတက်လာအောင် အခွင်းအလမ်းတွေပေးနေတဲ့နိုင်ငံများ

နိုင်ငံသားတွေကို စွန့်ဦးတီထွင်နိုင်စွမ်းတွေတိုးတက်လာအောင် အခွင်းအလမ်းတွေပေးနေတဲ့နိုင်ငံများ Google

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်လာစေဖို့အတွက် စွန့်ဦးတီထွင်လုပ်ငန်းတွေဟာလည်း မရှိမဖြစ်အရေးပါလှပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လည်း လူငယ်အများစုဟာ စွန့်ဦးတီထွင်မှုတွေပြုလုပ်နေကြပါပြီ။ ဒါ့အပြင် စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုဟာ အောင်မြင်လာတဲ့အခါမှာ အခြားသမာရိုးကျလုပ်ငန်းတွေထက်များစွာပိုပြီး အမြတ်အစွန်းရရှိတာကြောင့် လူငယ်တော်တော်များများဟာ စွန့်ဦးတီထွင်လုပ်ငန်းတွေကို စိတ်ပါဝင်စားလာကြတာကိုလည်း တွေ့ရပါတယ်။ စွန့်ဦးတီထွင်သူတွေအတွက် ကိုယ့်နိုင်ငံတင်မကပဲ တခြားနိုင်ငံတွေမှာ လေ့လာချင်တယ်ဆိုရင် အခွင့်အလမ်းကောင်းတွေရရှိနိုင်တဲ့ နိုင်ငံတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ဂျာမနီနိုင်ငံ

ဂျာမနီနိုင်ငံအစိုးရဟာ စွန့်ဦးတီထွင်လုပ်ငန်းတွေကို အခွင့်အရေးအလွန်ပေးတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် ဂျာမန်လူငယ်တွေဟာ သူတို့ရဲ့နိုင်ငံအတွင်းမှာ စွန့်ဦးတီထွင်ခြင်းလုပ်ငန်းတွေကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိကြပါတယ်။ ဒါတင်မကသေးပါဘူး။ ဂျာမနီနိုင်ငံဟာ နိုင်ငံသားတွေကို တီထွင်ဖန်တီးနိုင်စွမ်းရည်တွေ တိုးတက်လာစေရန် အမြဲကြိုးစားကူညီပေးနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

(၂) ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံဟာ ကောင်းမွန်တဲ့ အင်တာနက်စနစ်တွေကို ပိုင်ဆိုင်ထားတာကြောင့် အွန်လိုင်းအခြေပြု စွန့်ဦးတီထွင် လုပ်ငန်းတွေမှာ ထိပ်တန်းရောက်နေတာကို မြင်တွေ့နိုင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ နည်းပညာတွေဟာ အဆင့်မြင့်တိုးတက်နေသလို ဥပဒေတွေကိုလည်း ခေတ်နှင့်အညီ ပြောင်းလဲပြုပြင်ပြီး ပြဋ္ဌာန်းနေတာကြောင့် စွန့်ဦးတီထွင်သူတွေကို အကူအညီပေးသလို ဖြစ်လို့နေပါတယ်။

Read More >>>ဖုန်းသုံးစွဲသူတွေကိုဆွဲဆောင်နိုင်မယ့် Lock Screen Advertising

(၃) ဗြိတိန်နိုင်ငံ

ဥရောပသမဂ္ဂက အဖွဲ့အစည်းကနေ ဗြိတိန်ထွက်ခွာသွားခြင်းဟာ သူရဲ့စီးပွားရေးတိုးတက်မှုကို နိုင်ငံတကာရဲ့စိတ်ဝင်စားအာရုံစိုက်မှုတွေ ဖြစ်ပေါ်လာစေသလိုတစ်ဖက်မှာလည်း ဗြိတိန်အစိုးရဟာ စွန့်ဦးတီထွင်လုပ်ငန်းတွေကို အားပေးအားမြှောက်လုပ်လာတာကို တွေ့ရပါတယ်။ ဒါကြောင့် စွန့်ဦးတီထွင်လုပ်ငန်းကို စတင်လုပ်ကိုင်ချင်သူအများစုဟာ ဗြိတိန်ကိုပြောင်းရွှေ့အခြေချပြီး လာရောက်ရုန်းကန်နေကြပြီလည်းဖြစ်ပါတယ်။

(၄) ပြင်သစ်နိုင်ငံ

ပြင်သစ်နိုင်ငံဟာလည်း အခုဆိုရင် နည်းပညာအခြေပြု စွန့်ဦးတီထွင်လုပ်ငန်းတွေကို တိုးချဲ့ရုံသာမက သူ့ရဲ့မြို့တော်မှာ လုပ်ငန်းတွေရင်းနှီးမြှပ်နှံမယ့် ပမာဏတွေတိုးတက်လာအောင် လုပ်ဆောင်နေတာကို လေ့လာတွေ့ရှိရပါတယ်။ အဆိုပါ လုပ်ငန်းတွေကနေ ဘီလျံချီပြီးငွေတွေရရှိရန်လည်း ပြင်သစ်အစိုးရက မျှော်လင့်လျှက်ရှိပါတယ်။

(၅) အမေရိကန်နိုင်ငံ

ကမ္ဘာ့စူပါပါဝါဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုဟာလည်း အွန်လိုင်းအခြေပြု စွန့်ဦးတီထွင်လုပ်ငန်းတွေ များစွာပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ရရှိနိုင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းပိုင်ရှင်တွေ ရရှိနိုင်မယ့်အခွင့်အရေးတွေကို ဖော်ပြစရာလိုအပ်မယ်လို့တောင် မထင်ပါဘူး။

Source; လူငယ်မီဒီယာ

 

Read times
Rate this item
(1 Vote)