-->
×

Warning

JUser: :_load: Unable to load user with ID: 29


2020 တွင် Facebook မှ ကြော်ငြာ များကန့်သတ်မည်


င်္Facebook ရဲ့ရှင်းလင်းပြောကြားချက်အရ - လာမယ့်၂၀၂၀ နှစ်လယ်ပိုင်း မှာ Facebook မှ Page တစ်ခုချင်းစီတိုင်းရဲ့ တစ်ချိန်တည်းပြသနိုင်မဲ့ ကြော်ငြာ အရေအတွက် ကို ကန့်သတ်မှာပါ။




 

င်္Facebook မှ၎င်း၏ Brand အားlogoအသစ်ဖြင့်အသိပေးကြော်ငြာခြင်း

 




Unicode >>>

 

Graph and Marketing API ရဲ့ သိရှိရတဲ့အကြောင်းပြချက်အရ လာမည့်၂၀၂၀ တွင် Facebook Page တစ်ခုမှာ ကြော်ငြာကန့်သတ်ချက် များစွာထားရှိမယ်၊အရေအတွက်ပါ ကန့်သတ်မယ်လို့ Facebook မှ အတည်ပြုထားပါတယ်။

ၤFacebook ရဲ့ရှင်းလင်းပြောကြားချက်အရ - လာမယ့်၂၀၂၀ နှစ်လယ်ပိုင်း မှာ Facebook မှ Page တစ်ခုချင်းစီတိုင်းရဲ့ တစ်ချိန်တည်းပြသနိုင်မဲ့ ကြော်ငြာ အရေအတွက် ကို ကန့်သတ်မှာပါ။
ထို ကြော်ငြာ အရေအတွက် ကို ကန့်သတ် ချက်ဟာ ကြော်ငြာလုပ်ငန်းရှင်တွေကို ရာခိုင်နှုန်းအနည်းငယ်သာလျှင် အကျိုးသက်ရောက်မှု့ရှိမယ် သိရပြီး အရှေ့နှစ်အစောပိုင်းတွင် ထိုအချင်းအရာကို အချက်ကျကျ အသေးစိတ် ဆွေးနွေးပေးသွားမယ် သိရပါတယ်။

ထိုကဲ့သို့ သိရကြားရတာ ခပ်ကြောင်ကြောင် နိုင်မနေဘူးလား ?
ဘာကြောင့် Facebook ကနေ ငွေကြေးနဲ့ပတ်သတ် အခုလိုကြော်ငြာကန့်သတ်ချက်တွေ အလားအလာရှိစွာ အချက်ကျကျ ကန့်သတ်ထားမလဲ။
ထို့အပြင် Brand တွေအနေနဲ့ ဘယ်လောက်ငွေကြေးပမာဏ အသုံးပြုသင့်သလဲဆိုတာ Facebook ကနေမည်ကဲ့သို့ကန့်သတ်မလဲ ?

ထိုအချင်းအရာကို Facebook ရဲ့အဆိုအရ -

ကျွန်တော်တို့အနေနဲ့Facebook မှာ ကြော်ငြာကန့်သတ်ချက်ထားလိုက်ခြင်းရဲ့အဓိက အကြောင်းအရာက - တချို့ ငွေကြေးအမြှောက်အများ အသုံးပြုထားတဲ့ကြော်ငြာလုပ်ငန်းရှင်တွေရှိတယ်,
တစ်ချိန်ထဲမှာ အလုပ်လုပ်လည်ပတ်နေတဲ့ကြော်ငြာ တွေကြောင့် ထိုကြော်ငြာလုပ်ငန်းရှင်ကြီးများရဲ့ ကြော်ငြာတွေက ထိရောက်မှု့နည်းလာပါတယ်။
ထိုအကျိုးသက်ရောက်မှု့နည်းပါးလာသည်ကို ငွေကြေးအမြှောက်အများ အသုံးပြုထားတဲ့ကြော်ငြာလုပ်ငန်းရှင်များက စိတ်မကျေမနပ် ဖြစ်လာကာ တိုင်ကြားအသိပေးမှာမို့
ဒါကြောင့်ကြော်ငြာအတွက်ငွေကြေး အကုန်ခံထားသော်လည်း အကျိုးသက်ရောက်မှု့နည်းပါးလာမှာမို့ Facebook မှ ကြော်ငြာကန့်သတ်ချက် ထားရှိပေးမှာလို့ပြောကြားပါတယ်။

 

Facebook မှ၎င်း၏ Brand အားlogoအသစ်ဖြင့်အသိပေးကြော်ငြာခြင်း

 

အနည်းဆုံးတော့ သီအိုရီအရ မြင်လာရမှာပါ ..........................

အပြောင်းအလဲ တစ်ခုစီတိုင်းဟာ တိုက်ပွဲတစ်ခုပါပဲ ထိုအပြောင်းအလဲက Brands အချို့ကိုသာ အကျိုးသက်ရောက်မှု့ရှိပါလိမ့်မယ်။
သင့်ရဲ့စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံးကို လုံးဝ ထိခိုက်စေမှာ မဟုတ်ပါဘူး။အရောင်းမြှင့်တင်ရေး လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်သူတို့ရဲ့ Page မှ Ad Volume API အသစ် ကနေ ကြော်ငြာတွေရဲ့ အနေအထားကို စောင့်ကြည့်နိုင်ပါသည်။
၂၀၂၀ နှစ်လည်ပိုင်းမတိုင်ခင်မှာလည်းထိုအကြောင်းအရာတွေကို အချက်ကျကျပြောပြသွားမှာပါတဲ့။

API update ရဲ့အခြားပြောင်းလဲမှု့တွေကတော့ several video ad metrics တွေကို ဖယ်ရှားလိုက်ပါက စီးပွားရေးလုပ်ငန်းတွေအတွက်ဖြစ်သော Messaging options တွေကိုတွေ့ရမှာပါ။

Source From Social Media Today

လွတ်လပ်စွာကူးယူဖော်ပြခွင့်ပြုပါသည်။

Myanmar Advertising Directory 

Read times
Rate this item
(0 votes)