-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုကာကိုလာ မှ ဘွားကနဲ အသစ်တဖန်ပြန်ပေါ်လာ

အခုဆိုရင်တော့ ကိုကာကိုလာမှ '' သစ်ကြံပိုးခေါက်နဲ့ ဟင်းခက်အမွှေးအကြိုင်တွေဟာ အရာရာကို ကောင်းမွန်စေတယ်ဆိုတဲ့ ဆောင်ပုဒ်အသစ်နဲ့ အညီ ကိုကာကိုလာရဲ့ ဆောင်းဦးရာသီကာလအတွက် သစ်ကြံပိုးခေါက်အရသာနဲ့ ကိုကာကိုလာ ထုတ်လုပ်လိုက်တယ်သိရပါတယ်။

 

ကိုကာကိုလာ အနေနဲ့ ဒါဟာ ရာသီဥတု နဲ့ လိုက်ရောညီထွေစွာထုတ်လုပ်ခြင်းပါပဲ။ပြီးခဲ့တဲ့ နှစ်က အဆိုပါ သစ်ကြံပိုးခေါက်ကို စတင်ထုတ်လုပ်ခဲ့ပေမယ့် အချိန် အတိုင်းတာ တစ်ခု အတောအတွင်းမှာပဲ ရောင်းချခဲ့ပြီး သစ်ကြပိုးခေါက်ပုံပါတဲ့ Packaging သံဘူး ၊ ဖန်ပုလင်းစတာတွေနဲ့ ရောင်းချခဲ့ပါတယ်။

 

'' သစ်ကြံပိုးခေါက်နဲ့ ဟင်းခက်အမွှေးအကြိုင်တွေဟာ အရာရာကို ကောင်းမွန်စေတယ်ဆိုတဲ့ '' ဆောင်ပုဒ်ကို၎င်းတို့ရဲ့ Official Web တွေမှာရေးထားပြီး အခုလာမည့်ဆောင်းဦးပွဲတော်ရာသီမှာ အွန်လိုင်းပေါ်မှာနဲ့ သင့်အနီးအနားက လက်လီရောင်းသမားတွေဆီမှာ သင်မြင်တွေ့ရအုံးမှာပါ။

 

အခုဆိုရင် ကိုကာကိုလာဟာ ချယ်ရီ ဗယ်နီလာ အရသာနဲ့ ကိုကာကိုလာ အပြင် လိမ္မော် ဗယ်နီလာ အရသာနဲ့ ကိုကာကိုလာ တို့ကို ပါထုတ်လုပ်ထားပါတယ်။ အစားအသောက်နဲ့ ဝိုင်အဖွဲ့အစည်းမှ ပြောကြားချက် အရ ၂၀၁၉ ခုနှစ်က ကိုလာ ဟာ သစ်ကြံပိုးခေါက် အရသာကိုထုတ်လုပ်ဖန်တီးခဲ့ပေမယ့် ပထမဆုံး အကြိမ်ထုတ်လုပ်ရောင်းချမှုမှာ အမေရိကန်မှာပဲရောင်းချခဲ့တာပါ နောက်မှ ဗြိတိန်မှာ ဆက်လက် ရောင်းချခဲ့ပါတယ်။

 

သူတို့ လက်ဝယ်ရှိတဲ့ သစ်ကြံပိုးခေါက်ကိုလာဘူးများကို ၂၀၁၉ ဒီဇင်ဘာလ ၃၁ ရက်ထိ ထုတ်ရောင်းခဲ့ကာ ပြီးနောက်သိုလှောင်ထားပြီး ၂၀၂၀ မှ ထုတ်ရောင်းမည့်ပုံစျေးကွက်ကို ထိန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ နွေတုန်းကဆိုလဲ သူတို့ရဲ့ ကော်ဖီနဲ့ ဆိုဒါနဲ့ ရောစပ်ထားတဲ့ ကိုကာကိုလာကော်ဖီကို ထုတ်လုပ်ခဲ့ပြီး ဘရာဇီးမှ ကော်ဖီနဲ့ ကိုလာရဲ့ နဂိုမှုလ အရသာကို ပေးစွမ်းမယ်ဆိုကာ စားသုံးသူများကို အချက် ပြပြီး ကော်ဖီ နဲ့ ကိုလာ အပြင် ချောကလက် ၊ ဗယ်နီလာ ၊ သကြားညို အရော အအေးကို စီစဉ်ခဲ့ပြီး စားသုံးသူတွေကို ဖမ်းစားခဲ့ပါတယ်။

 

၂၀၁၉ မှာ၎င်းတို့ Brand အနေနဲ့ ကော်ဖီ ဆိုဒါအရောတွေကိုနိုင်ငံပေါင်း ၂၅ နိုင်ငံမှာရောင်းပြီး အောင်မြင်မှုရယူခဲ့ပါသေးတယ်။ယခု အသစ်ထွက်မဲ့ သစ်ကြံပိုးခေါက်နဲ့ ကိုလာ အရော အ‌ေအးဟာ ၂၀၂၁မှ ကိုလာက ကမ္ဘာ့နိုင်ငံ အသီးသီးက စျေးကွက်ကို ဖြန့်ချိမယ်သိရပါတယ်။

 

Ref : People Magazine 

Read times
Rate this item
(0 votes)