-->
×

Warning

JUser: :_load: Unable to load user with ID: 29


အလုပ်ကြော်ငြာကောင်းတစ်ခုဖြစ်အောင်

အလုပ်ကြော်ငြာကောင်းတစ်ခုဖြစ်အောင် google

ကြော်ငြာဆိုတဲ့ဝေါဟာရဟာ အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား စကားလုံးဖြစ်မှာပါ။ ခေတ်အဆက်ဆက်ပြောင်းလဲလာသလို ကြော်ငြာတွေရဲ့ မော်ဒယ်၊ လမ်းကြောင်းဟာလည်း အဆင့်ဆင့် ပြောင်းလဲလာတာကို တွေ့ရမှာပါ။ကြာ်ငြာရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သုံးစွဲသူ၊ သို့မဟုတ်၊                      မိမိ ပြသလိုတဲ့ လူတွေအတွက် ထိထိမိမိပြသနိုင်ရမယ့် အချက်ပါပဲ။

စီးပွားရေးကြော်ငြာ လုပ်ငန်းကြော်ငြာတွေမဟုတ်တဲ့၊ အလုပ်အကိုင်ခေါ်ယူတဲ့ ကြော်ငြာကရော အဲ့လိုတွေဖြစ်ဖို့လိုအပ်ရဲ့လားလို့ ထင်စရာပါပဲ။ အလုပ်အကိုင်ရှာဖွေသူများစွာရှိသလို၊ အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်တဲ့ ကုမ္ပဏီတွေဟာလည်း အခုအချိန်အခါမှာ များလာပြီလို့ဆိုနိုင်ပါတယ်။ အဓိကကတော့ သင့်ကုမ္ပဏီကို တကယ်အရည်အချင်းရှိတဲ့သူတွေ လာရောက်ပူးပေါင်းဖို့ကို သင့်ရဲ့ အလုပ်ခေါ်စာဟာ ကြော်ငြာတစ်ခုလိုပဲ အရေးကြီးလှပါတယ်။

အခုအောက်မှာဖော်ပြမယ့်အချက်အချို့ကတော့ မှားလေ့မှားထရှိတဲ့ အလုပ်အကိုင်ခေါ်စာကြော်ငြာတွေရဲ့ အချက်တွေပဲဖြစ်ပါတယ်။

၁။ မဖြစ်နိုင်တာတွေကို တောင်းဆိုခြင်း

သင့်ကုမ္ပဏီမှာ ခန့်ထားမယ့် ဝန်ထမ်းတစ်ယောက်ဟာ အရည်အချင်းရှိဖို့လိုတာမှန်ပါတယ်။ ထူးချွန်ဖို့လိုအပ်တယ်ဆိုတာလည်း မငြင်းနိုင်ပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ လိုချင်တာတွေများလွန်းပြီး တောင်းဆိုမှုတွေအများအပြားပြုလုပ်ခြင်းဟာလည်း အမှားတစ်ခုလို့ပဲဆိုနိုင်ပါတယ်။ ရှိသင့်တဲ့အရည်အချင်းရယ်၊ ရှိရင်ကောင်းမယ့်အရည်အချင်းရယ် (must-have) (nice-to-have) အစရှိသဖြင့် ခွဲခြားပြီး ကြော်ငြာမှုမျိုးပြုလုပ်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။

၂။ စကားလုံး ခပ်ဆန်းဆန်း ခပ်မြင့်မြင့်တွေ အသုံးပြုလွန်းခြင်း

စကားလုံးမြင့်မြင့်လေးတွေ ဆန်းဆန်းလေးတွေနဲ့ ကြော်ငြာကို လူပိုစိတ်ဝင်စားအောင်၊ ကြော်ငြာကို အဆင့်မြင့်မြင့်လေးဖြစ်အောင် ပြုလုပ်နိုင်တာကောင်းပါတယ်။ ဒါပေမယ့်လည်း သင့်ရဲ့ ကြော်ငြာကို ဖတ်ရှုမယ့် သူတွေ၊ တစ်နည်းအားဖြင့် audience group ကိုလည်း နားလည်ဖို့လိုအပ်ပါတယ်။ သင့်ရဲ့ အလုပ်ကြော်ငြာမှာ စကားလုံးမြင့်မြင့်တွေ သုံးနှုန်းပြီး ကြော်ငြာလိုက်မယ်ဆိုရင် ဖတ်တဲ့သူတွေထဲက နားလည်သူတွေရှိကောင်းရှိမှာဖြစ်ပေမယ့်၊ နားမလည်တဲ့သူတွေအတွက်တော့ သင့်ကုမ္ပဏီကို အလုပ်လာလျှောက်ဖို့ အနည်းငယ်တုံ့ဆိုင်းသွားမှာဖြစ်ပါတယ်။

Artists, Designers & Illustrators (ဒီဇိုင်နာများ၊ ပုံဆွဲသူများနှင့် ဒီဇိုင်းပညာရှင်လုပ်ငန်းများ(၇၁)ခုကိုရှာရန်နှိပ်ပါ၊)

၃။ တင်းကျပ်မှုပြုလုပ်မိသွားခြင်း

အလုပ်ကြော်ငြာမှာ တင်းကျပ်မှုပြုလုပ်မိတယ်ဆိုတာကတော့ သင့်အနေနဲ့ တစ်ဖက်သူ လာရောက်လျှောက်ထားလိုစိတ် လျော့ပါးသွားအောင်ပြုလုပ်မိတာပါပဲ။ သင့်အနေနဲ့ သင့်ရဲ့ စာအရေးအသားထဲမှာ အဲ့လိုအဓိပ္ပာယ်သက်ရောက်စေတယ်လို့ မထင်မိပဲဖြစ်လေ့ရှိတဲ့ အမှားဖြစ်ပါတယ်။ သင်ဟာ သင့်အလုပ်မှာ လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်၊ လိင်ခွဲခြားမှုမရှိဘူး တန်းတူဆက်ဆံတဲ့လုပ်ငန်းခွင်တစ်ခုဖြစ်ကြောင်းပြသချင်တယ်၊ ထို့အတူ မသန်စွမ်းတွေအတွက်လည်း လုပ်ကိုင်နိုင်စွမ်းရှိတဲ့ အလုပ်ခွင်တစ်ခုဖြစ်စေချင်တယ်။ သို့သော် သင့်ရဲ့ အလုပ်ကြော်ငြာအရေးအသားထဲမှာ " ငယ်ရွယ်ပြီး အလုပ်ကြိုးစားလုပ်ကိုင်နိုင်သူ " သို့မဟုတ်၊ " ကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်သူ " အစရှိသဖြင့်ထည့်သွင်းကြော်ငြာမိခြင်းဟာ မသန်စွမ်းအချို့အတွက်တော့ အလုပ်လျှောက်ထားဖို့အတွက် အတားအဆီးဖြစ်သွားစေနိုင်ပါတယ်။

၎။ မသေမချာဖော်ပြမှုမျိုးပြုလုပ်ခြင်း

အလုပ်အကိုင်ကြော်ငြာမဟုတ်ပဲ သာမန်ကုန်ပစ္စည်းကြော်ငြာမျိုးဆိုရင်တော့ မသေမချာ မရေမရာဖော်ပြတာမျိုးဟာလည်း လူစိတ်ဝင်စားဖို့အတွက် နည်းလမ်းတစ်ခုပဲလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အလုပ်အကိုင်ကြော်ငြာနဲ့ ပတ်သတ်ရင်တော့ တိတိကျကျ ဖော်ပြခြင်းမျိုးကပဲ ကောင်းမွန်တဲ့ အလုပ်ကြော်ငြာဖြစ်စေမှာပါ။ အကောင်းဆုံးကတော့ သင့်အလုပ်ရဲ့ ပေးနိုင်မယ့် လစာကိုဖော်ပြတာပါပဲ။ လတ်တလောစစ်တမ်းတွေအရ လစာကို ထည့်သွင်းကြော်ငြာတဲ့ အလုပ်ခေါ်စာကို ဖတ်မိတဲ့ အလုပ်အကိုင်ရှာဖွေသူ ၃ ယောက်မှာ ၂ ယောက်ဟာ အဲ့ဒီအလုပ်ကို လျှောက်ထားမှုပြုလုပ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။

၅။ တနွဲ့တလျရေးဖွဲ့ခြင်းထားခြင်း

အလုပ်အကိုင်ကြော်ငြာဖြစ်တဲ့အတွက်ကြောင့် သင့်အနေနဲ့ ရေးသားရာမှာလည်း အချက်အလက်တွေကို ရှင်းရှင်းလင်းလင်းမြင်အောင် ရေးသားသင့်ပါတယ်၊ Bullet point တွေအသုံးပြုခြင်းမျိုး၊ မြင်သာထင်ရှားစေမယ့် အချက်တွေနဲ့ ဖော်ပြခြင်းမျိုး အစရှိတာတွေကို ပြုလုပ်သင့်ပါတယ်။ တစ်နည်းအားဖြင့် တနွဲ့တလျရေးသားထားပြီး လိုရင်းမရောက်တဲ့ CV ကို သင့်အနေနဲ့လည်း စိတ်ဝင်စားမှုမရှိနိုင်သလိုပါပဲ။

၆။ သင့်အကြောင်းကိုလည်းပြောပါ

အလုပ်လျှောက်ထားသူထံမှပဲ သူ့အကြောင်းတွေကို လိုချင်တာမျိုးထက် သင့်ရဲ့အကြောင်းကိုလည်း ပြောပြပေးပါ။ ကုမ္ပဏီကဘယ်လိုမျိုး flexible ဖြစ်ကြောင်း၊ အလုပ်ချိန်တွေသတ်မှတ်ရာမှာလည်း လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်ကြောင်း၊ ပျော်ရွှင်ဖွယ်လုပ်ငန်းခွင်တစ်ခုဖြစ်ကြောင်း အစရှိသဖြင့် သင့်ဘက်ကလည်း ပြန်လည်ဖော်ပြခြင်းမျိုးပြုလုပ်သင့်ပါတယ်။

ကြော်ငြာတွေရဲ့ ရည်ရွယ်ချက်


   Source : Jobs in Yangon

Read times
Rate this item
(1 Vote)