-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကျန်းမာရေးညွှန်ကြားချက်များလိုက်နာသည့် စက်ရုံ၊ အလုပ်ရုံနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်

ကျန်းမာရေးညွှန်ကြားချက်များလိုက်နာသည့် စက်ရုံ၊ အလုပ်ရုံနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို

ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ည ၈ နာရီထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာအရေအတွက် ၂၁၅၈ ဦးထုတ်ပြန်ပြီးနောက်မှာ အခုလို ညွှန်ကြားချက်ကို ကြေငြာခဲ့တာလည်းဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေက အလုပ်ရှင်၊ အလုပ်သမား တွေအနေနဲ့ ကျန်းမာရေးနှင့်အားကစား ဝန် ကြီးဌာနရဲ့ COVID-19 ဆိုင်ရာ လိုက်နာဆောင်ရွက်ရမယ့် ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ထား ခြင်း ရှိ/ မရှိကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျကြီးကြပ်စိစစ်သွားမယ်လို့ သိရပါတယ်။
အဆိုပါ စီးပွားရေးလုပ်ငန်းများအနေနှင့် COVID-19 ရောဂါကာ ကွယ်ထိန်းချုပ် ရေးနှင့် ပတ်သက်လို့ အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိကြောင်းတွေ့ ရှိပါက ကုန် ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစား လုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေး စား၊ အလတ်စားလုပ်ငန်း များအား ၁၂-၁၀-၂၀၂၀ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ပြု နိုင်ကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းက CMP လုပ်ငန်းများကို စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၂၁ ရက်ထိ ယာယီ ပိတ်ထားဖို့ အစိုးရ က ထုတ်ပြန်ထားပေမယ့် အလုပ်သမားများ၏ အလုပ်အကိုင်အခွင့် အလမ်း မဆုံးရှုံး စေရေးနှင့် စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်လုပ်ကိုင်နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကို ထိန်းညှိဆောင်ရွက်သွားရန် လိုအပ်ကြောင်း စိစစ်တွေ့ ရှိရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နောက်ဆုံးရ သတင်းအချက်အလက်အနေနဲ့ မြန်မာနိုင်ငံမှာ COVID-19 ဓါတ်ခွဲစစ်ဆေးသူပေါင်း ၃ သိန်း ၉ သောင်းကျော်၊ အတည်ပြုလူနာ တွေ့ရှိမှု ၂၆၀၀၀ ဦး ၊ ပြန်လည်သက်သာလာသူ ၇၀၅၀ ဦးနဲ့ သေဆုံးသူ ၅၉၈ ဦး ရှိပြီဖြစ်ပါတယ်။
#MyanmarLabournews
Source-MOHS


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
အမိန့် အမှတ် ၁၂၄ /၂၀၂၀ ၁၃၈၂ ခုနှစ်၊
တော်သလင်းလပြည့်ကျော် ၉ ရက်
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၀ ရက်)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုသိမ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်းမြို့နယ် မပါ)တွင် နေထိုင်သည့် ပြည်သူ များအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ၂၀-၉၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၀၇/၂၀၂၀ ဖြင့်လည်းကောင်း၊ နေအိမ်တွင်သာနေထိုင်ရန် စည်းကမ်း ချက်မှ ခြွင်းချက်ဖြင့် ခွင့်ပြုသူများတွင် ဖြည့်စွက်ချက်ကို ၂၂-၉-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၀၈/ ၂၀၂၀ ဖြင့်လည်းကောင်း၊ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား ၈-၁၀-၂၀၂၀ ရက်နေ့မှ ၂၁-၁၀-၂၀၂၀ ရက်နေ့အထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုကြောင်း ၅-၁၀-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၁၃) ၂၀၂၀ ဖြင့်လည်းကောင်း အသီးသီးထုတ်ပြန်ကြေညာခဲ့ပါသည်။

၂။ သို့ရာတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေမှုများကို ထိရောက်စွာထိန်းချုပ်နိုင်ရန် အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရောဂါဖြစ်ပွားမှုများပြားနေသော မြို့နယ်များအား Stay at Home ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အဆိုပါဒေသများရှိ အလုပ်သမားများ၏ အလုပ်အကိုင်အခွင့် အလမ်းမဆုံးရှုံးစေရေးနှင့် စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်လုပ်ကိုင်နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကို ထိန်းညှိဆောင်ရွက်သွားရန် လိုအပ်ကြောင်း စိစစ်တွေ့ ရှိရပါသည်။
၃။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်ရေးနှင့်ပတ် သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များသို့ လမ်းညွှန်ချက်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ သို့ လမ်းညွှန်ချက်နှင့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့်အချက်များကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အပိုဒ် ၃ ပါ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိရန် နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထား ခြင်း ရှိ/ မရှိကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျကြီးကြပ်စိစစ်ပြီး COVID-19 ရောဂါကာ ကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိကြောင်းတွေ့ရှိပါက ကုန် ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေး စား၊ အလတ်စားလုပ်ငန်းများအား ၁၂-၁၀-၂၀၂၀ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်လုပ်ကိုင်ခွင့်ပြုနိုင်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

(ဒေါက်တာမြင့်ထွေး)
ပြည်ထောင်စုဝန်ကြီး

cmp.jpg

cmp 22.jpg

 

Read times
Rate this item
(0 votes)