-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ % အတွက် အလုပ်ရှင်များလိုက်နာဆောင်ရွက်ရမည့် အချက်များထုတ်ပြန်ကြေညာ

လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ % အတွက် အလုပ်ရှင်များလိုက်နာဆောင်ရွက်ရမည့် အချက်များထုတ်ပြန်ကြေညာထားပါသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

လူမှုဖူလုံရေးအဖွဲ့ လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ % လျှောက်ထားခြင်းနှင့် ပတ်သက်၍

အလုပ်ရှင်များလိုက်နာဆောင်ရွက်ရမည့် အချက်များထုတ်ပြန်ခြင်း

 

၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (CovID -19) ရောဂါကူးစက် ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ၂၀-၉-၂၀၂၀ ရက်နေ့တွင် အမိန့်အမှတ် (၁၀၇/၂၀၂၀) နှင့် ၂၂-၉-၂၀၂၀ ရက်နေ့တွင် အမိန့် အမှတ် (၁၀၈/၂၀၂၀) တို့ကို ထုတ်ပြန်ခဲ့ပါသည်။

 

အဆိုပါအမိန့်စာများပါ မဖြစ်မနေဖွင့်လှစ်ရမည့် လုပ်ငန်းအမျိုးအစားများမှလွဲ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများကို လုပ်ငန်းခွင်သို့ သွားရောက်ခွင့်မပြုဘဲ မိမိနေအိမ်အတွင်းနေထိုင်ရန် (Stay at Home) အဖြစ် သတ်မှတ်ကြေညာထားပါသည်။ ။

 

၂။ အထက်ပါ ကြေညာချက်များအရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် ၂၄-၉-၂၀၂၀ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁၉၆/၂၀၂၀) ကို ထုတ်ပြန် ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်များအရ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအနက် Stay at Home အစီအစဉ်တွင် အကျုံးဝင်သည့် ပုဂ္ဂလိကပိုင်၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ ၂၃-၉-၂၀၂၀ ရက်နေ့အထိ အလုပ်လုပ်ကိုင်နေသော အာမခံ အလုပ်သမားများအား ၆/၂၀၂၀ လအတွက် ထည့်ဝင်ကြေးငွေကို အောက်ပါအခြေအနေများ အတိုင်း ပေးသွင်းထားပါက လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ % ကို ခွင့်ပြုထုတ်ပေးသွားမည်ဖြစ် ပါသည် -

 

(က) ၆/၂၀၂၀ လတွင် ရရှိသော လုပ်ခလစာ၏ ထည့်ဝင်ကြေးကို ၆/၂၀၂၀ လ အတွင်းကြိုတင်ပေးသွင်းထားခြင်း၊ သို့မဟုတ်

(ခ) ၆/၂၀၂၀ လတွင် ရရှိသော လုပ်ခလစာ၏ ထည့်ဝင်ကြေးကို ၇/၂၀၂၀ လ ၊၈/၂၀၂၀ လ နှင့် ၉/၂၀၂၀ လ တို့တွင် ပေးသွင်းထားခြင်း။

 

၃။ ထို့အပြင် ၁-၇-၂၀၂၀ရက်နေ့မှစ၍ အလုပ်သမားအသစ်ခန့်အပ်ပြီး ၂၃-၉-၂၀၂၀ ရက်နေ့ အထိ အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအတွက် အလုပ်ရှင်မှ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်၍ ၈/၂၀၂၀ လတွင် ထည့်ဝင်ကြေးများပေးသွင်းထားပါက လူမှုဖူလုံရေး ထောက်ပံ့ငွေ ၄၀ % ကို လျှောက်ထားနိုင်ပါသည်။

 

၄။ လူမှုဖူလုံရေးထောက်ပံ့မှု ၄၀% လျှောက်ထားရာတွင် အောက်ပါ သတ်မှတ်ချက်များအတိုင်း သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေး ရုံးများသို့ဖြစ်စေ Webportal - https://ssbmyanmar.org မှဖြစ်စေ Website - https://ssb.gov.mm မှတစ်ဆင့်ဖြစ်စေ လျှောက်ထားနိုင်ပါသည်။

(က) လျှောက်ထားရာတွင် ပူးတွဲပါရှိရမည့် အထောက်အထားများ

(၁) လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀% တောင်းခံလွှာ၊

 

(၂) ၆/၂၀၂၀ လ၏ လုပ်ခလစာအတွက် ထည့်ဝင်ကြေးပေးသွင်းပြီး ၂၃-၉-၂၀၂၀ ရက်နေ့အထိ ဆက်လက်လုပ်ကိုင်နေသော အလုပ်သမားများနှင့် ၁-၇-၂၀၂၀ ရက်နေ့မှစ၍ အလုပ်သမားအသစ် ခန့်ထားပြီး လျှောက်ထားချိန်တွင် ထည့်ဝင်ကြေး ပေးသွင်းထားပြီးသူများရှိပါက အဆိုပါ အလုပ်သမားစာရင်း ကို Excel File တစ်ခုတည်းဖြင့် ပြုစုတင်ပြရန်။

 

(ခ) လျှောက်ထားရာတွင် သတိပြုရမည့်အချက်များ

(၁) လျှောက်ထားသည့် ကာလအထိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး ၆/၂၀၂၀ လအတွက် ထည့်ဝင်ကြေးပေးသွင်း ထားသော လစဉ်ထည့်ဝင်ကြေးပေးသွင်းငွေစာရင်း (Contribution Excel File) တွင် ပါရှိသည့် အာမခံအလုပ်သမားများ၏ အမည်၊ အလုပ်သမား၏ လူမှုဖူလုံရေးအမှတ် (Ee- SSN) မှန်ကန်စွာ ဖြည့်စွက်ပေးရန်၊ အလုပ်သမား အမည် ဖြည့်သွင်းရာတွင် (ဦး) (ဒေါ်) များ ဖြည့်စွက်ခြင်းမပြုရန်၊

 

(၂)အချက်အလက်များကို ဖြည့်စွက်ရာတွင် ပြည်ထောင်စုဖောင့် (Pyidaungsu font) တစ်မျိုးတည်းကိုသာ အသုံးပြုရန်၊

(၃) ၆/၂၀၂၀ လအတွက် ထည့်ဝင်ကြေးပေးသွင်းထားသော်လည်း ၁-၇-၂၀၂၀ ရက်နေ့မှ ၂၃-၉-၂၀၂၀ရက်နေ့အတွင်း ယာယီပိတ်တင်ပြထားပါက လျှောက် ထားခြင်းမပြုရန်၊

(၄) ၁-၇-၂၀၂၀ ရက်နေ့မှစ၍ နှုတ်ထွက်၊ ပြောင်းရွှေ့၊ သေဆုံး၊ အငြိမ်းစားယူသူများအား ထည့်သွင်း လျှောက်ထားခြင်း မပြုရန်၊

 

၅။ အလုပ်ရှင်များအနေဖြင့် လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ % ကို Webportal - https://ssbmyanmar.org သို့ တိုက်ရိုက် ဝင်ရောက်၍ ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့၏ Website - https://ssb.gov.mm မှ တစ်ဆင့်ဖြစ်စေ လျှောက်ထားပါက အောက်ပါ လုပ်ငန်းစဉ်များအတိုင်း လျှောက်ထားနိုင်ပါသည် -

(က) SSB Webportal - https://ssbmyanmar.org သို့ ဝင်ရောက်ပါ

(ခ) အဆိုပါ Portal ၏ အလုပ်ရှင်မှ လျှောက်ထားရမည့်နေရာတွင်

(၁) အလုပ်ရှင်မှ အလုပ်ရှင်မှတ်ပုံတင်အမှတ်(SSN)ဖြင့် စနစ်သို့ဝင်ရောက်ပြီး Member Registration ပြုလုပ်ရပါမည်။

 

(၂) အလုပ်ရှင်၏ e-Mail အား မဖြစ်မနေ ထည့်သွင်းရန် လိုအပ်ပြီး၊ e-Mail မှ တစ်ဆင့် စနစ်သို့ ဝင်ရောက်ရမည့် User Name နှင့် Password အား ပေးပို့ပါမည်။ ထို့ကြောင့် e-Mail လိပ်စာအား မှန်ကန်စွာ ဖြည့်သွင်းရန် လိုအပ်ပါသည်။

(၃) e-Mail သို့ပေးပို့လာသည့် User Name နှင့် Password ကို အသုံးပြု၍ စနစ်သို့ ဝင်ရောက်ပြီး သတ်မှတ်ထားသည့် Form ပုံစံအရ အချက်အလက်များ ဖြည့်သွင်းရပါမည်။ ။

 

(၄) ၆/၂၀၂၀ လ၏ လုပ်ခလစာအတွက် ထည့်ဝင်ကြေးပေးသွင်းပြီး ၂၃-၉-၂၀၂၀ ရက်နေ့အထိ ဆက်လက်လုပ်ကိုင်နေသော အလုပ်သမားများနှင့် ၁-၇-၂၀၂၀ ရက်နေ့မှစ၍ အလုပ်သမားအသစ်ခန့်ထားပြီး လျှောက်ထားချိန်တွင် ထည့်ဝင် ကြေး ပေးသွင်းထားပြီးသူများရှိပါက အဆိုပါ အလုပ်သမားစာရင်းကိုပြုစု၍ အာမခံအလုပ်သမားများ၏ အာမခံစိစစ်ရေးအမှတ်နှင့် အမည်တို့အား အလုပ်ရှင် မှ Excel File တစ်ခုတည်းတွင်ဖြည့်စွက်၍ ပူးတွဲ တင်ပြရန် ဖြစ်ပါသည်။

 

(၅) အလုပ်ရှင်ဘက်မှ ပေးပို့လာသည့် အချက်အလက်များ မှန်ကန်ပါက လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ % အား တွက်ချက်ပြီး သက်ဆိုင်ရာ ရုံးခွဲ/ အလုပ်ဌာန များသို့ e-Mail ပေးပို့၍ သော်လည်းကောင်း၊ Portal တွင် လည်းကောင်း အလုပ်ဌာနအလိုက် ဖော်ပြသွားပါမည်။

(၆) လူမှုဖူလုံရေးအဖွဲ့မှ အတည်ပြု ပေးပို့သည့်စာရင်းအား အလုပ်ဌာနမှ Print ထုတ်၍ သော်လည်းကောင်း၊ Soft Copy ဖြင့်လည်းကောင်းယူဆောင်၍ ရုံးခွဲသို့ သွားရောက်ပြီး ငွေထုတ်ယူခြင်းကိစ္စများ ဆက်လက်ဆောင်ရွက်နိုင်ပါသည်။

 

၆။ လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀% ကို သက်ဆိုင်ရာမြို့နယ်ရုံးခွဲများထံမှ လက်ခံရရှိပြီး နောက် အောက်ပါအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ရမည်

(က) စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနမှတာဝန်ရှိသူသည် ချက်(Cheque) လက်ခံရရှိသည့်နေ့မှစ၍ အာမခံအလုပ်သမားများအား အမြန်ဆုံး ထုတ်ပေးသွားရန်၊

 

(ခ) လူမှုဖူလုံရေးထောက်ပံ့ငွေ ထုတ်ပေးပြီးသည့် အာမခံအလုပ်သမား တစ်ဦးချင်းစီအတွက် လူမှုဖူလုံရေး ထောက်ပံ့ငွေများကို လက်ခံရရှိကြောင်း အလုပ် သမားများ၏လက်မှတ်ရေးထိုးထားသည့် အထောက်အထားကို သက်ဆိုင်ရာ မြို့နယ် လူမှုဖူလုံရေးရုံးသို့ ချက် (Cheque) လက်ခံရရှိသည့်နေ့မှ ရက်သတ္တ နှစ်ပတ်အတွင်း : တင်ပြရန်နှင့် လာရောက်ထုတ်ယူခြင်း မရှိသည့် အလုပ်သမားများ၏စာရင်းနှင့် ထောက်ပံ့ငွေများကို မြို့နယ်လူမှုဖူလုံရေးရုံးထံ အမြန်ဆုံး ပြန်လည်ပေးအပ်ရန်၊

 

(ဂ) လူမှုဖူလုံရေးထောက်ပံ့ငွေ လက်ခံရရှိကြောင်း လက်မှတ် ရေးထိုးထားသည့် အလုပ်သမားများအနက် ထောက်ပံ့ငွေ မရရှိကြောင်း အလုပ်သမားမှ တင်ပြ လာပါက အလုပ်ရှင်မှ တာဝန်ယူဖြေရှင်းပေးရန်၊

(ဃ) လူမှုဖူလုံရေးဥပဒေနှင့်အညီ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း၊ အမှန်ရှိသည့် အလုပ်သမားဦးရေအတိုင်း မပေးသွင်းခဲ့ခြင်းကြောင့် အလုပ်သမားများထောက်ပံ့ငွေများ ခံစားခွင့်မရှိခြင်း၊ လုပ်ခလစာလျော့၍ပေးသွင်းခြင်းတို့ကြောင့် လူမှုဖူလုံရေးထောက်ပံ့ငွေ လျော့နည်း ခံစားရခြင်းများ ဖြစ်ပေါ်ပါက ၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေး ဥပဒေပုဒ်မ ၆၉ နှင့်အညီ အလုပ်ရှင်ဘက်မှ တာဝန်ယူပေးအပ်ရန်၊

 

၇။ အလုပ်ရှင်များအနေဖြင့် လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ % လျှောက်ထားရန် အခက်အခဲရှိပါက သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးခွဲများသို့ ဆက်သွယ်၍လည်းကောင်း၊

လူမှုဖူလုံရေးရုံးချုပ်၊

တယ်လီဖုန်းအမှတ်

၀၆၇-၃၄၁၇-၁၅၁ ၊

၀၆၇-၃၄၁၇-၉၁၂ ၊

၀၆၇-၃၄၁၇-၉၉၄

နှင့်

၀၆၇-၃၄၁၇-၉၂၅

များသို့ လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

မောင်မောင်အေး

ညွှန်ကြားရေးမှူးချုပ်

Read times
Rate this item
(0 votes)