-->
×

Warning

JUser: :_load: Unable to load user with ID: 29


အမှတ်တံဆိပ် ရာကျော်ကို ကိုကာကိုလာ အဆုံးသတ်

အဖျော်ယမာက လုပ်ငန်းကြီး ဖြစ်သော ကိုကာကိုလာက ကာလရှည်ကြာ လုပ်ကိုင်ခဲ့သော အချိုရည် brand ဖြစ်သည့် Odwallaကို အဆုံးသတ်ပစ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာသည်။


ရောင်းအား ကြီးထွားမလာသော ဖျော်ရည် brand များသည် "zombie brands" များ ဖြစ်သည်။ လုပ်ငန်းတစ်ခုလုံးအနေဖြင့် ခြုံငုံကြည့်ပါက ရရှိထားသည့် အမြတ်များကို ပြုန်းတီး ဆုံးရှုံးအောင် ပြုနေသော ဖုတ်ကောင် zombie ဖြစ်သဖြင့် ဆက်လက် ထုတ်လုပ်ခြင်း မပြုရန် ဆုံးဖြတ်ဆောင်ရွက်သွားမည်ဟု Coke ၏ CEO ဖြစ်သူ James Quincey က ပြောကြားသည်။

 

ပြီးခဲ့သည့် လအနည်းငယ်အတွင်းတွင် Coca-Cola အခြား စားသုံးသူကုန်စည် ကုမ္ပဏိများနည်းတူ ရောင်းအကုန်ဆုံး brands များ ကို စူးစိုက်လုပ်ကိုင်နေသည်။ ရောင်းမစွံသည့် brands များကို ရပ်ဆိုင်းပစ်သည်။


ယခုနှစ် ၃ လပတ်တွင် ကုမ္ပဏီသည် ရောင်းအား အမေရိကန်ဒေါ်လာ ၇. ၂ ဘီလျံ ရရှိခဲ့ရာ ယခင် သုံးလပတ်ထက် ရောင်းအား ၂၈% လျော့နည်းသည်။


"ကျွန်တော်တို့က ပိုသန်မာတောင့်တင်းတဲ့အပြင် ပိုကြီးမားတဲ့ brands အနည်းငယ်ကိုသာ ဦးစားပေး လုပ်ကိုင်သွားမယ်။ တစ်ချိန်တည်းမှာပဲ သေးငယ်နေဆဲဖြစ်တဲ့ brands တွေကို ‌ြေမတောင်မြှောက်ပေးဖုိ့အတွက် အခုထက် ပိုကောင်းတဲ့နည်းလမ်းများဖြင့် လုပ်ဆောင်ရမယ်၊ တည်ရှိနေတဲ့ ဖုတ်ကောင် brands တွေကို တော့ သုတ်သင်ပစ်ရမယ်"ဟု James Quincey က ပြောကြားသည်။

 

ကိုကာကိုလာတွင် brands စုစုပေါင်း ၄၀၀ ဝန်းကျင်ရှိပြီး ထက်ဝက်ကျော်တို့မှာ အရွယ်အစား သေးငယ်ကြသည်။ ထို သေးငယ်နေသော brands များ အားလုံးထံမှ ဝင်ငွေသည် Coca-Cola ကုမ္ပဏီတစ်ခုလုံး ဝင်ငွေ၏ ၂ % သာ ရှိသည်ဟု ၎င်းက ပြောကြားသည်။

 

ပြီးခဲ့သည့်နှစ် ပထမနှစ်ဝက်တွင် Coca-Cola က ၎င်း၏ ထုတ်ကုန် brands စုစုပေါင်း ၂၇၅ ခုကို ဖျက်သိမ်းခဲ့ကြောင်းလည်း ၎င်းက အသိပေးပြောကြားသည်။

 

Coca-Cola ဖျက်သိမ်းခဲ့သည့် brands များတွင် လူသိအများဆုံးမှာ New Coke ဖြစ်သည်။ Coca-Cola ကို ဖော်မြူလာအသစ်တစ်မျိုးဖြင့် ထုတ်လုပ်ရောင်းချခြင်းကို ၁၉၈၅ ခုနှစ် ဧပြီလတွင် စတင်ခဲ့ပြီး ရက်ပေါင်း ၈၀ မပြည့်ခင်မှာပင် နောက်ဆုတ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။

 

Source: CNN

Read times
Rate this item
(0 votes)