-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုဗစ်ကာလမှာကြော်ငြာ အတွက်အသုံးပြုငွေကို ဖြတ်တောက်သင့်ပါသလား

ကိုဗစ်ကာလလို လုပ်ငန်းတွေ စီးပွားရေးကျတဲ့ အချိန်မှာ အရောင်းတွေပါကျတာမို့ တချို့ ကုန်ကျ စရိတ်တွေကို မကုန်ကျစေရန် Brand များနဲ့ လက်လီရောင်းချ သူတွေဟာ စျေးကွက် မြှင့်တင်ရေး အတွက် သုံးထားတဲ့ ငွေတွေကို မလိုအပ်ဘူးလို့ထင်ကာ ဖြတ်လိုက်တာတွေရှိနေပါတယ်လို့ ဟားဗတ်တက္ကသိုလ်မှ ပြောကြားတဲ့စစ်တမ်းအရ သိရှိရပါသည်။

 

ပြီးခဲ့တဲ့ကာလ တွေမှာ လုပ်ငန်းတွေဟာစီးပွားရေး ကျဆင်းမှု့ တွေဖြစ်ပွားခဲ့သော်လည်း သူတို့ရဲ့ စျေးကွက်မြှင့်တင်ရေး အတွက်အသုံးပြုတဲ့ ငွေတွေကို လုံး၀မဖြတ်တောက်လိုက်ပါဘူး ဒါကြောင့် Brand ကိုလူသိနေဆဲပါပဲ။သို့ပေမယ့် လုပ်ငန်းတွေကစျေးကွက်မြှင့်တင်ရေးရာမှာ အသုံးပြုမည့်ငွေကြေးကို ဖြတ်တောက်လိုက်မယ်ဆိုရင်တော့ အတော်လေး Brand တန်ဖိုးကို ထိန်းချုပ်ရခက်သွားပါလိမ့်မယ်။

 

တကယ်စီးပွားရေး ကျတဲ့ အခါမှာ လုပ်ငန်းစုတွေတော်တော်များများမှာ လုပ်စရာနည်းလမ်းနှစ်ခု ရှိတယ် တစ်ခုကတော့ ကြော်ငြာ ရေးရာ အသုံးပြုငွေကို တော်သင့်ရုံပဲသုံးပြီးဆက်လက်ထိန်းထားမလား ဒါမှမဟုတ် ကြော်ငြာ ကြေးငွေကို ထပ်တိုးမလားဆိုတာပါပဲ။

 

အခုလို ငွေကြေး ကျဆင်းချိန်အတွင်းမှာ စီးပွားရေး လုပ်ငန်းရှင်များ အနေနဲ့ သူတို့ရဲ့ စားသုံးသူရဲ့ သဘောသဘာ၀ကို သိရှိနားလည်ထားပြီး စျေးကွက်မြှင့်တင်ရေး လုပ်ဆောင်တာ အကောင်းဆုံးပါ။ အခုချိန်မှာ ငွေကြေး များစွာ ကုန်ကျဖို့မလိုပဲ ကိုယ့်စားသုံးသူ ကိုယ့်ကို မျက်လုံးထဲ မျက်ခြေ မပျက်စေမည့်နည်းလမ်းက အကောင်းဆုံးပါ။

 

ထို့အပြင် ဟားဗတ်တက္ကသိုလ်ရဲ့ စီးပွားရေး ဆိုင်ရာ စစ်တမ်းအရ အောင်မြင်တဲ့ Brand များရဲ့ ကြော်ငြာ ခြင်းသည် ဟာသ နှင့် စိတ်ခံစားချက်ကို ထည့်သွင်းထားတာတွေ တွေ့ရတယ်။ စားသုံးသူတွေအတွက်လည်း ဘယ်လိုလုပ်ပေး ရမလဲဆိုတာကိုမေးမြန်းတာမျိုးတွေလည်း ရှိပါတယ်။

 

အခုလို စီးပွားရေး ကျနေချိန်မှာ စျေးကွက်မြှင့်တင်ရေး လုပ်ငန်းတွေ လုပ်ကိုင်ရတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး တကယ်တမ်းမှာ စားသုံးသူတွေရဲ့ အပြုအမူတွေက ပြောင်းလဲကုန်တာကိုး၊ သင့်အနေနဲ့ စျေးကွက်မြှင့်တင်ရေးလုပ်မယ်ဆိုရင် စားသုံးသူတွေရဲ့ လက်တလော စိတ်ကို သိရှိနားလည်ဖို့လိုအပ်ပါလိမ့်မယ်။

 

လိုက်လျောညီထွေ ရှိတဲ့ ကြော်ငြာတွေကို ဖန်တီးရမှာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက စီးပွားရေးကျဆင်းနေချိန်မှာ ကြော်ငြာအတွက် အသုံးစရိတ်ကို ရပ်ပစ်လိုက်ရမယ့် အချိန်အခါ မဟုတ်ဘူး။ ဘယ်လိုပုံစံနဲ့ ကြောငြာဖို့အတွက် ကြော်ငြာစရိတ်ကို သုံးစွဲမလဲဆိုတာပဲ ဖြစ်ပါတယ်။

 

Myanmar Advertising Guide 

Read times
Rate this item
(0 votes)