-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဖောက်သည်တွေ ပျက်မသွားအောင် ဈေးဘယ်လိုတင်ကြမလဲ?

ဖောက်သည်တွေ ပျက်မသွားအောင် ဈေးဘယ်လိုတင်ကြမလဲ? google

ဒီနှစ်တွေမှာ ဒေါ်လာဈေးတွေ ပိုပြီးတက်လာသလို ကုန်ဈေးနှုန်းတွေကလည်း အားကျမခံလိုက်တက်လာပါတယ်။

အခြေခံကုန်ကြမ်းတွေ ဈေးတက်လာတာကြောင့် ကိုယ့်ရဲ့ Product or Service တွေကို လက်ရှိဈေးအတိုင်း ဆက်လက်ရောင်းချရန် ခက်ခဲလာတတ်ပါတယ်။ ဈေးနှုန်း မြှင့်တင်လိုက်ပြန် ရင်လည်း ဖောက်သည်တွေ နည်းသွားမှာ ဆိုတဲ့ Risk က ရှိနေပြန်ပါတယ်။ ဒီတော့ ဖောက်သည်တွေ လျော့မသွားရလေအောင်၊ လန့်မသွားရလေအောင်၊ ကိုယ်ဘက်လည်း အဆင်ပြေအောင် ဈေးနှုန်းဘယ်လို တင်ကြမလဲ။

 


၁။ သင့်တော်တဲ့ အချိန်တစ်ခုထိစောင့်ပါ

ဈေးနှုန်းမြှင့်ရန် အကောင်းဆုံး အချိန်ကတော့ ကိုယ့်ဖောက်သည်တွေက ကိုယ်ရဲ့ Product or Service တွေကိုသုံးရတာ အပြည့်အဝစိတ်ကျေနပ်မှု ရှိတယ်ဆိုတာ လုံးဝသေချာနေတဲ့ အချိန်ဖြစ်ပါတယ်။ ကိုယ်ရဲ့ Product or Service တွေအပေါ်မှာ ဖောက်သည်တွေက စိတ်ကျေနပ်မှု ရှိတဲ့အတွက် ဈေးအနည်းငယ် မြင့်သွားရင်တောင် ဆက်လက်အားပေး နေမှာပါ။ ကိုယ်ကဈေးနှုန်းတင်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် မတင်ခင် ကိုယ်ရဲ့ Product or Service တွေက ပေးရတဲ့ ဈေးနဲ့တန်ကြောင်း ဖောက်သည်တွေ သိအောင် သက်သေပြရမှာဖြစ်ပါတယ်။

 


၂။ အဆစ်ပေးပါ

ဖောက်သည်တွေ အနေနဲ့ သူတို့အတွက် တစ်ခုခု အဆစ်ပြန်ရရင် ဈေးနှုန်း တက်တာကို ကျေကျေနပ်နပ် လက်ခံကြတာများပါတယ်။ အဆစ်ပေးတဲ့ အခါမှာလည်း ကိုယ့်အတွက်ရော ဖောက်သည်အတွက်ပါ အဆင်ပြေမဲ့ ကိုယ်ရဲ့ လက်ရှိ Product or Service တစ်ခုခုကို ပေးသင့်ပါတယ်။ free Delivery ပို့ပေးတာမျိုး၊ Free Maintenance လုပ်ပေးတာမျိုး။

 


၃။ ကိန်းဂဏန်းတွေနဲ့ ဆော့ကစားပါ

အအေး(၁၀)ဘူး ကို အရင်က ၁၀၀၀ နဲ့ရောင်းတယ်။ အခု ၁၂၀၀ နဲ့ရောင်းချင်တယ်ဆိုရင် အရေအတွက်မတူညီတဲ့ Package တွေနဲ့ရောင်းချပါ။ အအေးဗူး (၅) ဗူးကို ၇၀၀ နဲ့ (၃) ဗူးကို ၄၅၀ ဒီလိုရောင်းချခြင်းအားဖြင့် ဖောက်သည်တွေရဲ့အမြင်မှာ (၁၀) ဗူးကို ၁၂၀၀ နဲ့ ဈေးတင်ပြီး ရောင်းလိုက်ရင်တောင် တန်တယ်လို့ မြင်သွားနိုင်ပါတယ်။

 


၎။ ကိုယ့်ရဲ့ Product or Service ကို ပိုကောင်းအောင်လုပ်ပါ

ကိုယ့်ရဲ့ Product or Service ရဲ့ Quality ပိုကောင်းလာရင် ဖောက်သည်တွေက ဈေးနှုန်းတက်လာတာကို ပိုပြီး လက်ခံနိုင်ကြပါတယ်။ ကိုယ်က အဝတ်အထည် ရောင်းတယ်ဆိုရင် Quality ပိုကောင်းတဲ့ အသားတွေသုံးတာမျိုး၊ စားသောက်ဆိုင်ဆိုရင် Menu အသစ်တိုးတာမျိုး၊ နောက်ဆုံးကိုယ့်ရဲ့ ကုန်ပစ္စည်းကို ထုတ်ပိုးမှု ပုံစံအသစ်သုံးတာမျိုး အစရှိတာတွေက ဈေးနှုန်းတိုးတာကို အထောက်အကူပြု ပေးနိုင်ပါတယ်။

 


၅။ ဈေးနှုန်းတိုးပြီးရင် Discount ပေးပါ

ကိုယ်က ဈေးနှုန်းတင်လိုက်ပြီ ဆိုပါက တစ်ခါတစ်ရံ ဈေးနှုန်း Sensitive ဖြစ်တဲ့ Customers တွေ ဆုံးရှုံးရနိုင်ပါတယ်။ ဒါကြောင့်မို့ ကိုယ်ကဈေးနှုန်း တင်ပြီးတဲ့အခါမှာလည်း အထူးလျှော့ဈေးနဲ့ နဂိုမူလဈေးနှုန်း အတိုင်း ရံဖန်ရံခါ ရောင်းချပေးသင့်ပါတယ်။ ဈေးချထားတဲ့အတွက် Price Sensitive ဖြစ်တဲ့ Customers တွေအတွက်လည်း ဒီလို Discount တွေက အဆင်ပြေစေပြီးတော့ Price Sensitive မဖြစ်တဲ့ Customers တွေအနေနဲ့ကတော့ ပိုပြီးတောင် ဝယ်လိုအားများ လာနိုင်ပါတယ်။

 


၆။ Customer အသစ်တွေကို Target ထားပါ

ကိုယ်ကဈေးနှုန်း အကြီးအကျယ်မြှင့်ဖို့ လိုလာပီဆိုရင် ပိုပြီးငွေသုံးနိုင်၊ ငွေတတ်နိုင်တဲ့ Customer Base ကို Target ထားရတော့မှာ ဖြစ်ပါတယ်။ ကိုယ်က ဈေးနှုန်းသိပ်မတင်ဘူး ဆိုရင်တောင်မှ ငွေပိုတတ်နိုင်သော Customers တွေ၊ ငွေသုံးများတဲ့ Customers တွေရအောင် ဈေးကွက်ချဲ့ထွင် လိုက်တာက ဈေးနှုန်းတက်လို့ ဆုံးရှုံးလိုက်ရတဲ့ Customer တွေနဲ့ ကာမိနိုင်ပါတယ်။

 


၇။ ဈေးနှုန်းကို ပုံမှန်မြှင့်တင်ပါ

အထူးသဖြင့် ကိုယ့်ရဲ့လုပ်ငန်းက ဝန်ဆောင်မှု (Services) ကို အဓိကထားတဲ့ လုပ်ငန်းဆိုပါက အချိန်အပိုင်းအခြား တစ်ခုပုံမှန် သက်မှတ်ထားပြီး တက်လာတဲ့ ကုန်ဈေးနှုန်းတွေနဲ့ ကာမိအောင် ဈေးနှုန်းတက်တာမျိုး လုပ်ရပါမယ်။ ၆ လတစ်ခါ ဈေးတတ်တာမျိုးပေါ့။

 


၈။ ဖောက်သည်တွေရဲ့ ဝေဖန်မှု၊ စောဒကတက်မှုတွေအတွက် ပြင်ဆင်ထားပါ

ဈေးနှုန်းမြှင့်လိုက်တဲ့ အခါမှာ ဈေးတက်တာ သဘောမကျတဲ့ ဖောက်သည်တွေ ရှိလာဦးမှာပါပဲ။ Customers တွေ Complain တက်လာခဲ့ရင်လည်း ကိုယ့်ရဲ့ဈေးနှုန်းမြှင့်လိုက်ရတဲ့ အကြောင်းပြချက်တွေကို ရှင်းပြနိုင်အောင် ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ကုန်ဈေးနှုန်းတွေကြီးလာလို့ ပိုကောင်းတဲ့ Product or Service ပေးနိုင်ရန်အတွက် ရှင်းပြတဲ့အခါမှာလည်း လူကိုယ်တိုင် (သို့) Social Media မှာ ရှင်းပြရပါမယ်။

 

၉။ ကုန်ဈေးနှုန်းအတက်တွေ အတွက် ကြိုတင်စီစဉ်ထားပါ

ကိုယ့်ရဲ့ Product (or) Service တွေရဲ့ ဈေးနှုန်းတွေ မတက်ခင်မှာ လက်ရှိ ကုန်ကြမ်းဈေးနှုန်းတွေ၊ ကုန်ကျစရိတ်တွေ တင်မကပဲ လာမယ့်တစ်နှစ် အတွင်းမှာ တက်လာနိုင်ချေရှိသော ကုန်ကြမ်းနဲ့ ကုန်ကျစရိတ်တွေကိုပါ ထည့်သွင်း စဉ်းစားရပါမယ်။ ဘာလို့လဲဆိုတော့ ကိုယ်က လက်ရှိဈေးနှုန်း ပေါ်မူတည်ပြီး ဈေးတင်လိုက်ပါက နောက် ၄၊၅ လကြာတဲ့အခါမှာ ကုန်ဈေးနှုန်းတွေ ထပ်တက်လာရင် ဈေးထပ်တင်ဖို့ ခက်သွားပြီဖြစ်ပါတယ်။

ဈေးနှုန်းမြှင့်တင်ရတယ်ဆိုတာက လွယ်တော့မလွယ်ပါဘူး။ ဒါပေမယ့် အထက်ပါနည်းဗျူဟာတွေ အသုံးပြုပြီး ကိုယ့်အတွက်သာမက ဖောက်သည်တွေအတွက်ပါ တတ်နိုင်သလောက် အဆင်ပြေအောင်ကြိုးစားသင့်ပါတယ်။

 

Source; Balance Accounting

Myanmar Advertising Directory

 

Read More...ပြည်တွင်း SME လုပ်ငန်းတွေကို ကိုယ်စားပြုတဲ့ Logo Design ပြိုင်ပွဲ

Read times
Rate this item
(0 votes)